ဆရာမစမ်းစမ်းနွဲ့ (သာယာဝတီ) ရုပ်ရှင်ရိုက်ကူးချင်တဲ့ ဝတ္ထုတစ်ပုဒ်

0
151

san (2)

စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)က ဆိုရင် သူ့ ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ “ခေါက်ထီးလေးမလုံ့တလုံ” ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးပုံဖော်တဲ့ အခါမှာ ပရိသတ် တွေအားပေးနှစ်ခြိုက်မှုရရှိခဲ့ပြီး အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဆရာမကြီးအနေနဲ့ ဇာတ်လမ်းတွေကို အဓိကထား ရေးသားတာမဟုတ်တဲ့အတွက် နောက်ထပ် ရုပ်ရှင်ရိုက်ကူးဖို့ ကမ်းလှမ်းထားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ သူမရဲ့ နာမည်ကျော် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ မဟူရာ အကျဉ်းထောင် ဝတ္ထုကိုတော့ ရုပ်ရှင်ရိုက်ကူးစေချင်မိပေမယ့်လည်း ငွေကုန်ကြေးကျများမှာဖြစ်တဲ့အတွက် ရိုက်ကူးဖို့ လက်တွန့် နေကြကြောင်းကို …

” ဇာတ်လမ်းလည်းပါပြီး ရုပ်ရှင်ရိုက်ကူးစေချင်တဲ့ ဇာတ်ကားရှိတယ်။ ဒါပေမဲ့တအားငွေကုန်ကြေးကျများမယ်။ စိတ်ဝင်စားတဲ့ ရုပ်ရှင်ဒါရိုက်တာတွေ၊ ရုပ်ရှင်ထုတ်လုပ်ရေး တွေ ရှိပါတယ်။ ခေတ်သမိုင်းဖြစ်လို့ ရိုက်လည်း ရိုက်ချင်တယ်။ ဒါပေမဲ့ ရိုက်ကွင်းရိုက်ကွက်က တအားကျယ်ပြန့် တယ်။ ဗကပတောတွင်းအဖွဲ့အစည်းတွေပါတယ်။ ထောင်အကြောင်းတွေပါမယ်။ ထောင်အကြောင်းတွေ ရိုက်ကူးရမယ်။ တရားရုံးတွေလည်း ရိုက်ကူးရမယ်။ တောတွင်း အကြောင်းတွေလည်း ရိုက်ကူးရမယ်။ အဲဒီတော့ ရိုက် ကွင်းလုပ်ရမှာ လက်တွန့်နေတာပေါ့” လို့ပြောပါတယ်။ အခုနောက်ပိုင်းမှာ အသက်အရွယ်ရလာတဲ့အတွက် ကိုယ့်အသက်အရွယ်နဲ့ ကိုယ့်ပရိသတ်တွေကလည်း ကြီးရင့်လာပြီဖြစ်တာကြောင့် နိုင်ငံရေးဆောင်းပါးတွေရေးသားဖြစ်နေပြီး စာပေဟောပြောပွဲတွေကိုလည်း ဟောပြောဖြစ်နေတယ်လို့ သိရပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here