မီးလောင်မှုကြောင့် နေအိမ်ပျက်စီးခဲ့ရပေမယ့် စိတ်ဓါတ်မကျဘဲ ဘဝခရီးကို ရှေ့ဆက်နေကြတဲ့ တင်မောင်ဆန်းမင်းဝင်းတို့ မိသားစု

0
157

Tin Mg

တင်မောင်ဆန်းမင်းဝင်းနဲ့ မအေးမမလှိုင်တို့ရဲ့နေအိမ်မှာ မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့ရပါတယ်။ မီးလောင်မှု ကြောင့် တင်မောင်ဆန်းမင်းဝင်းတို့ ဇနီးမောင်နှံနှစ်ဦးလည်း စိုးရိမ်သောကတွေရှိခဲ့ကြပေမယ့် ဖြစ်ခဲ့ပြီးတဲ့အခါမှာတော့ ဘယ်လိုပြန်လည် ပြင်ဆင်ရမလဲ ဆိုတာကိုပဲ အဓိကထား စဉ်းစားဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့နေ အိမ်က သူတို့ဇနီးမောင်နှံရဲ့ အိမ်ထောင်သက် ၇နှစ်မှာ ပထမဆုံးစဝယ်ဖြစ်ခဲ့တဲ့ အိမ်ပဲဖြစ်ပြီး တစ်နှစ်လောက်ပဲ အိမ်မှာနေထိုင်ခဲ့ရသေးတာပဲ ဖြစ်တာကြောင့် နှမြောမှု ကတော့ အတိုင်းအဆမရှိခဲ့ပါဘူးလို့ တင်မောင်ဆန်းမင်းဝင်းရဲ့ဇနီးဖြစ်သူ မအေးမမလှိုင်က ပြောပါတယ်။

” နှစ်ယောက်စလုံးငိုမိပါတယ်။ နောက်ဆုံးကျတော့ ဒါကိုပြန်ကြိုးစားကြမယ်ပေါ့။ ကြိုးစားရင်ပြန်ဖြစ်လာ နိုင်တာပဲဆိုတဲ့ စိတ်သွင်းလိုက်ကြတယ်။ အစ်ကိုက လည်း အစ်မကို အားပေးသလို အစ်မကလည်း အစ်ကို့ ကို ပြန်အားပေးပြီးတော့ပဲနေခဲ့ကြတယ်။ အစ်မတို့စိတ် ဓာတ်ကျနေလို့မဖြစ်ဘူးလေ။ အစ်မတို့မှာ သားလေးရှိ သေးတယ်လေ။ သားလေးရှိတဲ့အတွက်ကြောင့် သား လေးရှေ့ရေးအတွက်ကိုစဉ်းစားရမယ်။ ထပ်ကြိုးစားရင် ဒါမျိုးထပ်ဖြစ်နိုင်တယ်ပေါ့။ ကိုဆန်းမင်းကတော့ အဲဒီ့ စိတ်ဓါတ်ပဲ။ သူစိတ်ဓာတ်ကျမသွားဘူး။ အလုပ်ကို နှစ်ဆသူပိုကြိုးစားတယ်” လို့ မအေးမမလှိုင်က ပြောပြပါတယ်။ မီးလောင်မှုဖြစ်တဲ့နေ့မှာ စိတ်သောကတွေ ရောက်ရှိနေရပေမယ့် တင်မောင်ဆန်းမင်းဝင်း ကတော့ အဲဒီညမှာကပြမယ့်ပွဲကို မဖျက်ခဲ့ပါဘူး။ ပွဲကိုမကဖို့ပြောပေမယ့်လည်း မျှော်နေကြမယ့် ပရိသတ်တွေကို အားနာတဲ့အတွက် တင်မောင်ဆန်းမင်းဝင်းကပွဲကို အဖျက်မခံဘဲ မဖြစ်ဖြစ်အောင်ကပြဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

” သူကအဲဒီနေ့က သွေးပေါင် ၁၆ဝ ရှိနေတယ်။ ပွဲကိုဖျက်လိုက်ရင်ရတယ်။ ဒါပေမဲ့ ငါ့အိမ်လည်း အများ ကြီးလောင်သွားတာ မဟုတ်ဘူး။ လူလည်းတစ်ခုခုဖြစ် တာမဟုတ်ဘူး။ ငါကောင်းနေသေးတယ်။ ပရိသတ်ကို ငါကပြမယ်အဲဒီလို စိတ်နဲ့သူသွားကပြဖြစ်ခဲ့တယ်” လို့ ခင်ပွန်းဖြစ်သူရဲ့ ပရိသတ်အပေါ်ထားတဲ့စိတ်ကို မအေးမမလှိုင်က ပြောပြပါတယ်။ မီးလောင်မှုမှာဆုံးရှုံးမှု အနည်း ဆုံးဖြစ်ခဲ့ရခြင်းကသူတို့မိသားစုပြုခဲ့တဲ့ ကုသိုလ်ကောင်းမှု တွေကြောင့်လို့ သတ်မှတ်ပြီးကုသိုလ်ကောင်းမှုအလှူ ဒါနတွေကိုလည်း နောက်ပိုင်းမှာဆက်တိုက်ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here