နိုင်ငံခြားကဇာတ်လမ်းတွဲတွေအားပေးမယ့်အစား ကိုယ့်နိုင်ငံကဇာတ်လမ်းတွဲတွေကို အားပေးစေချင်ကြောင်း အေးဝတ်ရည်သောင်းပြော

0
299

Aye Thong(2)

အနုပညာလောကထဲကို တစ်ကျော့ပြန်လည် ဝင်ရောက်လာတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းက ဒါရိုက်တာ သြရသ ရိုက်ကူးမယ့် “မင်္ဂလာရှိသောအရပ်” ဇာတ်လမ်းတွဲ မှာ ပါဝင်သရုပ်ဆောင် ဦးမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲ ဟာ အေးဝတ်ရည်သောင်း အတွက် တတိယမြောက် ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ အေးဝတ်ရည်သောင်းက ဒီဇာတ်လမ်းတွဲမှာ ကျောင်းဆရာမလေး အနေနဲ့ မြင်တွေရဦးမှာပါ။ နောက်ပိုင်းမှာဇာတ်လမ်းတွဲ ပေါ်ပေါက်လာတဲ့အ ပေါ် အေးဝတ်ရည်သောင်းရဲ့အမြင်ကို မေးမြန်းတော့ ….

” နောက်ပိုင်း မြန်မာနိုင်ငံမှာလည်း ဇာတ်လမ်းတွဲတွေ ပေါ်လာတာ ကောင်းပါတယ်။ နိုင်ငံခြားက ဇာတ်လမ်းတွဲတွေကို အားပေးမယ့် အစား ကိုယ့်နိုင်ငံက ဇာတ်လမ်း တွဲတွေကို အားပေးစေချင်တယ်။ အခုလည်း ဇာတ်လမ်းတွဲတွေ အများ ကြီး ပေါ်လာတယ်။ ပိုပြီး ကောင်း အောင်လည်း ရိုက်ကူးလာကြတယ်။ အရည်အသွေးတွေ လည်းကောင်း လာတယ်လို့ ပေါက်စီထင်ပါတယ်။ ပေါက်စီကိုလည်း ဇာတ်ကားလေး တွေ လာကမ်းလှမ်းတာရှိတယ်။ ပေါက်စီလည်း ကြိုက်တဲ့ ကာ ရိုက်တာမျိုးဆိုရင် လက်ခံဖြစ်ပါ တယ်။ ဒီဇာတ်လမ်းတွဲနဲ့ဆိုရင် ပေါက်စီအတွက် (၃) ကားမြောက်ပါ ပဲ။ ချာမ်း ၂ မှာလည်း စပြီး သရုပ် ဆောင်တယ်။ အဲဒီတုန်းကတော့ အ ခန်းနည်းတယ်။ ပြီးတော့ ရတနာပုံ၊ အခု မင်္ဂလာရှိသော အရပ်ပေါ့။ ဒီ ဇာတ်ကားထဲမှာ ပေါက်စီက ဘုန်း တော်ကြီးသင် ပညာရေးကျောင်းက ဝန်ထမ်းနေရာကပါ။ ကျောင်းဆရာမ လေးပေါ့“လို့ ပြောပြပါတယ်။အေးဝတ်ရည်သောင်းကချာမ်း(၂)၊ ရတနာပုံ ဇာတ်လမ်းတွဲများမှာ ပါဝင်ခဲ့ပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here