ဇာတ်ကားရိုက်ကူးဖို့ ကမ်းလှမ်းခံရပေမယ့် မရိုက်ကူးဖြစ်သေးတဲ့ သျှားထွဋ်အိန္ဒြာ

0
221

charhtut

အခုလတ်တလောမှာ Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာကတော့ အနုပညာ ခြေလှမ်းတွေစိတ်အောင် ဂျာနယ်၊ မဂ္ဂဇင်းတွေ သေချာလေး ပြန်ရိုက် ဖြစ်နေကြောင်း သိရပါတယ်။ ဒါ့အပြင် သျှားထွဋ်အိန္ဒြာက Trainer တစ်ယောက်အနေနဲ့ ပိုပြီးရပ်တည်ဖြစ်နေတယ်လို့ ပြောပြပါတယ်။

” ညီမက Miss Universe ပွဲက ကမ္ဘာမှာ အကြီးဆုံးပွဲ ဖြစ်တဲ့အတွက် တခြားပြိုင်ပွဲလည်း ပြိုင်လို့ မရတော့ဘူး။ ကျန်တဲ့ Miss ပွဲတွေကျတော့ ပြိုင်ဖို့ အဆင်မပြေတော့ဘူး။ အခုပုံစံ အ တိုင်းလေးပဲနေရတယ်။ ကိုယ်ပြိုင်တဲ့အချိန်တုန်းက အတွေ့ ကြုံတွေကို ဘာမှလည်း လုပ်လို့မရခြင်းအတူတူတော့ Training လုပ်လိုက်တော့ ကုသိုလ်လည်း ရတာပေါ့။ အခု Training တစ်ယောက်အဖြစ် ရပ်တည်ဖြစ်နေတယ်” လို့ သျှားထွဋ်အိန္ဒြာက ဆိုပါတယ်။

သျှားထွဋ်အိန္ဒြာက ဇာတ်ကားရိုက်ကူးဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် သရုပ်ဆောင်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့အတွက် မရိုက်ကူးဖြစ်သေးကြောင်းကို…”ညီမကို ဇာတ်ကားရိုက်ကူးဖို့ ကမ်းလှမ်းတာတွေတော့ ရှိပါတယ်။ ဇာတ်ကား ရိုက်ကူးဖို့အတွက် ညီမ ကိုယ့်ကိုယ်ကိုယ်သိပ်ပြီး ယုံကြည်မှုမရှိသေးဘူး။ လုပ်တော့လည်း လုပ်ချင်ပါတယ်။ အနုပညာနဲ့ ပတ်သက်ရင် အကုန်လုပ်ချင်တယ်။ သရုပ်ဆောင်ဘက်ကို ခြေလှမ်းလှမ်းဖို့ စဉ်းစားနေတုန်းပါပဲ။ ဒါပေမဲ့ သရုပ်ဆောင် လုပ်ဖြစ်မှာပါ။ မြန်မြန်လုပ်ဖြစ်အောင်လည်း ကြိုးစားသွားပါမယ်”လို့ ပြောပါတယ်။

ချယ်ရီ
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here