ချွဲနွဲ့တာမျိုး မလုပ်တတ်တဲ့ ပိုင်ဖြိုးသု

0
714

Paing Phyo Thu

သရုပ်ဆောင်ပိုင်ဖြိုးသုက ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ “နေဝင် အိပ်တန်းတက်” ရုပ်ရှင်ဇာတ်ကားကြီးမှာ နိုင်ငံခြားမှပြန်လာတဲ့ ခပ်ဟော့ဟော့၊ ခပ်လန်းလန်း ကောင်မလေး မေကြာဖြူအဖြစ် ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ကိုယ်တိုင်ဖတ်ရှုပြီး ကြိုက်နှစ်သက်တဲ့ ဝတ္ထုကို ဇာတ်ကားအနေနဲ့ ပြန်ရိုက်ကူးရတဲ့အတွက် အဝတ်အစားပိုင်း၊ သရုပ်ဆောင်ပိုင်း၊ ဆံပင်ပုံစံအစစအရာရာ ကြိုးစားပြင်ဆင်ခဲ့ရတယ်လို့ ပိုင်ဖြိုးသုက ဆိုပါတယ်။

” သုသုက အဲဒီဝတ္ထုကိုဖတ်ကတည်းက တအားကြိုက်တယ်။ ဒါကြောင့် သရုပ်ဆောင်ရတော့လည်း မေကြာဖြူကာရိုက်တာနဲ့ ညီအောင် ကြိုးစားရတယ်။ ကိုဝိုင်းကလည်း သုသုကို ဆံပင်ပုံစံပြောင်းခိုင်းတယ်။ အဲဒီအတွက် ဆံပင်ကိုအရောင်ဆိုးပြီး ဆံပင်ပုံစံပါ ပြောင်းလိုက်တယ်။ ဝတ်ပုံစားပုံအတွက်လည်း Stylist ငှားလိုက်တယ်။ ဇာတ်ကောင်မှာ သက်ဝင်မှုအတွက်လည်း ကိုဝိုင်းနဲ့ ပြေတီဦးတို့က သင်ပေးတယ်။ သုသုက ချွဲတဲ့ပုံစံတွေဘာတွေ မလုပ်တတ်ဘူး။ ပြောလည်းမပြောတတ်တော့ တော်တော်လေးလုပ်ရတယ်။ ညီမလည်း အတတ်နိုင်ဆုံး သရုပ်ဆောင် ပိုင်းအတွက် ကြိုးစားထားပါတယ်”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

ပိုင်ဖြိုးသုက ဗိုလ်အောင်ဒင် ချစ်သောမိန်းမများဇာတ်ကားမှာလည်း ဟာသပိုင်းမှာ ပိုင်နိုင်တဲ့ မြင့်မြတ်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ မမြဝင်းကာရိုက်တာနဲ့ ပထမဆုံးဟာသဇာတ် ကား ရိုက် ကူးရတဲ့အပေါ် အခက်အခဲ တွေများစွာ ရှိခဲ့တယ်လို့ ပြောပါတယ်။ စရိုက် ကူးတဲ့အချိန်မှာ ခက်ခဲပေမယ့် နောက်ပိုင်းမှာ ဟာသဇာတ်ကားရိုက်ကူးရတာ ပျော်လာပါပြီဆိုတဲ့ ပိုင်ဖြိုးသုက ” ဒီဇာတ်ကားအတွက် သုသုအတွက် မှတ်မှတ်ရရ ပထမဆုံးဟာသဇာတ်ကားကာရိုက်ကူးတာ၊ ရိုက်တဲ့အချိန် တုန်းကလည်း ကိုပေါက်တို့၊ ကိုမြင့်မြတ်တို့ကတွဲခေါ်ပြီး သင်ပြပေးတယ်။ သုသုလည်း အများကြီး ကြိုးစားခဲ့ရတယ်။ စရိုက်ကူးတုန်းကဆို မမြဝင်း ကာရိုက်တာကို လုံးဝမလုပ်တတ်ဘူး။ ဒီလိုပဲ သင်ရင်းနဲ့ ကြိုးစားသရုပ် ဆောင်ရင်းနဲ့ အဆင်ပြေလာခဲ့တယ်။ အခုဆို ဟာသနဲ့တောင် နည်းနည်းအသားကျလာပြီ။ ဟာသလုပ်ရတာလည်း ပျော်လာတယ်” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်၊ ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here