စာရေးဆရာမ မွန်ဟော်စီရေးတဲ့ ‘ပေးဆပ်သူရဲ့ နှလုံးသား ဝိညာဉ်’ အချစ်ဝတ္ထုသစ် ထွက်ရှိ

0
242

Bookမေလ၂၉ ရက်နေ့ မှာတော့ နန်းဒေဝီ စာပေတိုက်က “ပေးဆပ်သူ ရဲ့နှလုံးသားဝိညာဉ်” ဆိုတဲ့ အချစ် ဝတ္ထုသစ် ထွက်ရှိလာပါတယ်။ ၂ဝ၁၆ ခုနှစ်မှစပြီး လူမှုကွန်ရက်စာ မျက်နှာ မှာ အတွေးအမြင်စာစုတွေ ရေးသား နေတဲ့ ဆရာမ မွန်ဟော်စီရဲ့ ပထမ ဆုံးလုံးချင်း ဝတ္ထုဖြစ်ပြီး ရေးသား ဖြစ်တဲ့အကြောင်း ကိုတော့ “ဒီဇာတ် လမ်းက တကယ်တော့ အများက သိ ပြီးတဲ့ ဇာတ်လမ်း တစ်ပုဒ်ပါ။ ဒီအထဲ မှာပါတဲ့ ဇာတ်ကောင် စရိုက်နဲ့ ကာရိုက်တာက အများ သိပြီးသားပါ။ အဲဒီလိုပဲ လူတွေ အများကြီးက သူတို့နဲ့ပတ်သက်ပြီး အများကြီးဖန် တီးခဲ့ကြတယ်။ အကုန်လုံးသိပြီးသား ဇာတ်လမ်း တစ်ခုကို ကျွန်မရဲ့ဖီလင် လေး ထည့်ရေးထားတာပါ”လို့ ဆရာမ မွန်ဟော်စီက ပြောပါတယ်။ ကမ္ဘာသိ မြန်မာအမျိုးသမီး တစ်ယောက်ရဲ့ အချစ် အိမ်ထောင်ရေး ဇာတ်လမ်း လေးကို ခံစားပုံဖော်ထားပါတယ်။ အများစုက နိုင်ငံရေးနဲ့ခံယူချက် အနေအထားတွေမှာ အားလုံးသိထား ပေမယ့် သူမရဲ့အချစ်နဲ့ စွန့်လွှတ် အနစ်နာခံကာ မိသားစုဘဝလေး ဝေးနေရှာပေမယ့် မယိုင်မလဲကျောက် တိုင်လိုခိုင်မြဲတဲ့ မြန်မာ အမျိုးသမီး တွေအကြောင်း ပုံဖော် ထားကြောင်း လည်း သိရပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here