အမွန်း ရဲ့ လွမ်းမောဖွယ်ရာ ငယ်ဘဝ ဖြတ်သန်းမှု

0
199

A Moon

အဆိုတော်အမွန်းရယ်လို့ မဖြစ်လာခင် အတိတ်ကာလတွေဆီက ပုံရိပ်တွေက အမှတ်တရတွေချည်းပါပဲတဲ့။ သူမက ကချင်လူမျိုး တစ်ယောက်ဆိုတော့ သူမရဲ့ မွေးရပ်မြေဖြစ်တဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့က ငယ်ဘဝပုံရိပ်တွေကို အမှတ်ရဆုံးပါပဲလို့ သူမက ဆိုပါတယ်။ ကဲ..အမွန်း ရဲ့ငယ်ဘဝပုံရိပ် ဖြတ်သန်းမှုတွေကိုပြန် ကြည့်လိုက်ရအောင်။

“ပြန်စဉ်းစားလိုက်လို့ရှိရင် အမွန်းငယ်ဘဝကို အသားကုန် သောင်းကျန်းပြီး၊ ကစားပြီးတော့ ဖြတ်သန်းခဲ့တယ်။ ဖုန်တွေ၊သဲတွေနဲ့ပဲ။ ပြီးလို့ရှိရင် သစ်ပင်တက်တယ်။ ဒါပေမဲ့ အိမ်ကအရမ်းတင်းကျပ်တော့ သူများတွေလို အိမ်လည်လို့မရဘူး။ အဲဒီတော့ အမွန်းသူငယ် ချင်းတွေကို အမွန်းရဲ့အိမ်ကိုခေါ်ရတယ်။ ဘေးနား ပတ်ဝန်းကျင်ကသူငယ်ချင်းတွေအားလုံးကို ခေါ်ရတယ်။ အမွန်းတို့တွေ ကစားကြတယ်။ မြေကြီးတွေထဲမှာ လူးပြီးကစားကြတယ်။ အိမ်ပြန်တက် တော့ ဆိုရင် မတက်ချင်ဘူး။ အဆော့အရမ်းမက်တယ်။ သူငယ်ချင်းတွေလည်း အရမ်းမင်တယ်။ အဲဒီလိုမျိုး ကြီးပြင်းလားတယ်။ ရန်ကုန်ကိုအမွန်း ၉ နှစ်အရွယ်မှာ ပြောင်းရွှေ့လာခဲ့တယ်။ ၄တန်းကစပြီး အမွန်းရန်ကုန်မှာ ကျောင်းစတက်တာပေါ့”လို့ အမွန်းက သူမရဲ့ အမှတ်တရဖြစ်ဖွယ် ငယ်ဘဝပုံရိပ်တချို့ကို ပြန်လည် ပြောပြပါတယ်။ အခုအချိန်မှာတော့ အမွန်းက အောင်မြင်တဲ့အဆိုတော်တစ်ယောက် အဖြစ် ရပ်တည်နေပေမယ့် သူမရဲ့ငယ်ဘဝဖြတ်သန်းခဲ့မှုပုံရိပ်တွေရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကိုလည်း အခါအခွင့်သင့်ရင် သင့်သလို သွားရောက်လည်ပတ် လေ့ရှိပြီး ပရဟိတတွေလည်း လုပ်ဆောင်လေ့ရှိပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here