သရုပ်ဆောင်ပိုင်းမှာ ပရိသတ်တွေ သဘောမကျ၊ အကြိုက်မတွေ့ မှာကို စိုးရိမ်မိတဲ့ အိမ်ဂျယ်လမုန်

0
282

Angle-Lamone-4Miss Intercontinental Myanmar 2014 အလှမယ် အိန်ဂျယ် လမုန်က အလှမယ် အဖြစ်ကနေ သရုပ်ဆောင် လောကထဲကို  ဝင်ရောက် လာခဲ့ပြီပဲ ဖြစ်ပါတယ်။ အခုဆိုရင် အိန်ဂျယ်လမုန်က ကြော်ငြာများ လက်ခံ ရိုက်ကူးနေသလို ရုပ်ရှင်ဇာတ်ကား ၂ ကား၊ ဗီဒီယို ဇာတ်ကား ၁ကား တို့ကို ရိုက်ကူးထားပါတယ်။ ရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကားများ ကလည်း ၂ဝ၁၇ ခုနှစ် နှစ်ကုန်လောက်မှာ ရုံတင်ပြသတော့မှာ ဖြစ်တဲ့အတွက် ပရိသတ်များ အားပေးကြည့်ရှု ဝေဖန်ပေးကြဖို့ အိန်ဂျယ်လမုန် က တောင်းဆိုလိုက်ပါတယ်။

“ညီမက အသစ် တစ်ယောက်လည်း ဖြစ်တယ်။ ပြီး တော့ သရုပ်ဆောင်သင်တန်းလည်း မတက်ထားရတော့ ကိုယ့်သရုပ်ဆောင်မှုကို ပရိသတ်တွေ သဘောမကျ၊ အကြိုက် မတွေ့မှာကိုတော့ စိုးရိမ်မိပါတယ်။ ဒါပေမဲ့ စီနီယာ အစ်ကို၊ အစ်မတွေ၊ ဒါရိုက်တာတွေရဲ့ သွန်သင် ညွှန်ပြမှုတွေနဲ့ အကောင်းဆုံး ဖြစ်အောင် သရုပ်ဆောင် ထားပါတယ်။ တစ်ကားနဲ့ တစ်ကား ကလည်း ကာရိုက်တာ ပုံစံ မတူပါဘူး။ ရုံတင်ပြသ လာတဲ့အခါမှာ ညီမရဲ့ ကြိုးစားမှုလေးတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ပရိတ်သတ်ကြီး ကြည့်ရှုပေးပါ။ ညီမရဲ့ အားနည်းချက်တွေကို ဝေဖန် အကြံပြု ပေးဖို့လည်း အားမနာပါနဲ့။ ညီမ ဝါသနာပါတဲ့ ဒီအနုပညာ အလုပ်ကို ပရိသတ်ကြီးတွေရဲ့ အကြံပြုစကားနဲ့ ရှေ့ဆက် အကောင်း ဆုံးဖြစ်အောင် ကြိုးစား သွားမှာပါ”လို့ အိန်ဂျယ်လမုန် ကပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရင်းနဲ့ ဝါရင့် သရုပ်ဆောင်များ ဖြစ်ကြတဲ့ ဇင်ဝိုင်း၊ ရန်အောင်၊ ပြေတီဦး တို့ရဲ့ သွန်သင် ညွှန်ပြမှု များကိုလည်း လက်ခံသင်ယူခဲ့ပြီး မြန်မာ့ ရုပ်ရှင်လောကထဲက ဝါရင့် သရုပ်ဆောင်များနဲ့ အနုပညာရှင် အသစ်များ အားလုံးကို လေးစား အားကျပါတယ်လို့လည်း ပြော ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here