ဝိတ်ချနေတဲ့ သွန်းဆက်

0
292

Thoon Sat

ဒီနှစ်ပိုင်းမှာ သရုပ်ဆောင် သွန်းဆက်က ခန္ဓာကိုယ် သိသိသာသာဝလာသလို ခံစားစိတ်ဖြစ်မိတာကြောင့် ဝိတ်ချ နေပါတယ်။ ဇွန်လနဲ့ ဇူလိုင်လ (၂) လတာ အချိန်ယူပြီး (၁၅) ပေါင်လောက်ကျအောင် ကြိုးစားနေ ပါတယ်လို့ သွန်းဆက်က ဆိုပါတယ်။ဒီနှစ်လအတွင်းလည်း နယ်ဘက်မှာ ရိုက်ကူးရေးတွေရှိနေတဲ့ သွန်းဆက်အတွက် သူ့ရဲ့ ဝိတ်ချနည်း အစီအစဉ်ကတော့ …”သွန်းဆက်အခု ထမင်းလုံးဝမစားတာ တစ်ပတ်လောက်ရှိပါပြီ။ အရွက်တွေရယ်၊ အပြုတ်တွေရယ်ပဲ စားတယ်။ ဝိတ်ချတယ်ဆိုတာက ဒီနှစ်ထဲမှာ ဝလာတယ်လို့ ခံစားရတယ်။ ပရိသတ်တွေကို လည်း နှစ်လအတွင်း ဝိတ်ချမယ်လို့ ပြောထားတယ်။ ဝိတ်ကျဖို့လည်း Diet Planning လုပ်ထားတာ ရှိတယ်။ ဒီကြားထဲမှာ နယ်ဘက်သွားမယ့် ကားရိုက်လည်းရှိတော့ နယ်မှာ တစ်လလောက် Gym ဆော့လို့ မရဘူး။ နယ်ကားရိုက် ပြန်လာရင်တော့ ဆီဒိုးနားမှာ Exercise လုပ်ဖြစ်မယ်။ (၁၅) ပေါင်လောက် ကျအောင်တော့ ကြိုးစားမယ်။ သွန်းဆက်က သူများတွေလို အစကတည်းက တအားပိန်တဲ့ ခန္ဓာကိုယ်အချိုးအစားလည်း မဟုတ်ဘူး။ အသားတွေ ပွနေတာကို ကိုယ်ခန္ဓာကို ကျစ်ကျစ်လျစ်လျစ်ကလေး ဖြစ်အောင်ပါ။ သူများတွေလို ပိန်ပိန်လေးလည်း မဖြစ်နိုင်ပါဘူး” လို့ သွန်းဆက်က ပြောပြပါတယ်။

သွန်းဆက် ပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ် ကားတွေလည်း သြဂုတ်လလောက်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ “ကွီးတို့၏ မာယာ” ဇာတ်ကားမှာလည်း ခန့်စည်သူ၊ ရာဇာနေဝင်း၊ အောင်မင်းခန့်၊ ခိုင်သင်းကြည်၊ ထွန်းအိâန္ဒာဗိုလ်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ တစ်ခါမှ မလုပ်ဖူးတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ထားတဲ့ အကြောင်းကို သွန်းဆက်က…

” ဒီကားမှာ သွန်းဆက်က စင်တင်က ကောင်မလေး နေရာက သရုပ်ဆောင်ထားပါတယ်။ ယောက်ျားလေးတွေကို ခြူစားတယ်၊ စပွန်ဆာပေးတယ်ပေါ့။ သွန်းဆက်က ဒီကာရိုက်တာကို တစ်ခါမှ မလုပ်ဖူးပါဘူး။ ဒီကား လေးက ပညာပေး ဇာတ်လမ်းလေးပါ။ သွန်းဆက် ရိုက်ထားတဲ့ ကားတွေ အများကြီး ရှိတယ်။ ရုံမတင်သေးတာပါ။ (၈) လပိုင်း လောက်ကျရင် ရုံတင်ဖို့တွေ ရှိတယ်။ အဲဒီအခါ ကျရင် ကိုယ့်ရဲ့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ပရိသတ် တွေရဲ့ Commenta တွေကို နားထောင်မယ်။ ပရိသတ်တွေ ပြောတဲ့အတိုင်းပဲ နေမယ်။ သွန်းဆက်ကို ပရိသတ်တွေ သဘောကျပြီး ချစ်တဲ့အတွက်လည်း သွန်းဆက်က ကျေးဇူး တင်ပါတယ်” လို့ သွန်းဆက်က ပြောပါတယ်။ သွန်းဆက်က ဇွန်လထဲမှာလည်း ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ မင်းမော်ကွန်း၊ ရဲလေး၊ ရွှေသမီး တို့နဲ့အတူ တောက ယောက်ျားလျာဇာတ်ရုပ်နဲ့ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here