အင်ဂျင်နီယာနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေကို သိရှိနားလည်ပါတယ် အိချောပို

0
179

Ei-Chaw-Poအခု လတ်တလောမှာတော့ အိချောပိုက ဒါရိုက်တာ သားညီ ရိုက်ကူးတဲ့ “အနက်ရှိုင်းဆုံးမှာ…” ဆိုတဲ့ ဗီဒီယို ဇာတ်ကားမှာ နှလုံး အစားထိုး ခံထားရတဲ့ ကောင်မလေး တစ်ယောက် အဖြစ်၊ ပြီးတော့ ဆောက်လုပ် ရေးလုပ်ငန်းရှင် တစ်ဦးရဲ့ ချွေးမလောင်း တစ်ယောက် အဖြစ် ပါဝင် သရုပ် ဆောင်ထားရပါတယ်။ ဒီဇာတ်ကား ရိုက်ကူးနေစဉ် ရိုက် ကွင်းထဲက ပုံစံလေးကို အမှတ်တရ အဖြစ် ဖေ့စ်ဘုတ်ပေါ် တင်လိုက်ရာ ကနေ ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တွေ ဝေဖန်မှု များ စွာရှိလာတဲ့ အပေါ် အိချောပိုက …

“ဒီပုံကို တင်တာကလည်း အပျော်အနေနဲ့ တင် လိုက်တာ။ ကိုယ်ကလည်း ကိုယ်ကြိုက်တဲ့ပုံ ကို ကိုယ်တင်ခွင့် ရှိတယ်လေ။ ဟုတ်တယ်မလား။ ဒါကလည်း ဒီဇာတ်ကား ထဲမှာ ဒီအတိုင်းကြီး ပါမှာမှမဟုတ်တာ။ ဒါရိုက်တာကလည်း အပေါ်ပိုင်းပဲ ဖြတ်ရိုက်ထား ပြီးသားလေ။ အဲဒါကို ဖြေ လည်း မဖြေရှင်းချင်ဘူး။ ကိုယ်ကတော့ ရိုက်ကွင်းထဲကပုံ လေးတွေဆို အမြဲတင်ဖြစ်တယ်” လို့ ပြောပြပါတယ်။

ဒီဇာတ်ကားမှာ အင်ဂျင်နီယာ တစ်ယောက် အဖြစ် ပါဝင်ရတာ မဟုတ်ပေမယ့် အင်ဂျင်နီယာနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေ ရိုက်ဖူးသလို၊ အင်ဂျင်နီယာနဲ့ ပတ်သက် တဲ့ လိုအပ်ချက်တွေကိုလည်း သိရှိ နားလည်ကြောင်း အိချောပိုက ပြောပြပါတယ်။

“အင်ဂျင်နီယာနဲ့ ပတ်သက်ပြီး ဘာတွေ လိုအပ် တယ်ဆိုတာလည်း သိတယ်။ ဘာလို့လဲ ဆိုတော့ ညီမရဲ့ အစ်ကိုနဲ့ ညီမလေးက အင်ဂျင်နီယာတွေ၊ ညီမ မိဘ တွေကလည်း ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ် တယ်ဆိုတော့ ကိုယ်ကိုယ်တိုင် လည်း ဆိုက်ထဲကို သွားဖူးတယ်။ အားလုံးကို သိတယ်။ အင်ဂျင်နီယာ ဇာတ်လမ်းတွေ လည်း ရိုက်ဖူးတယ်။ ကိုယ့်ရဲ့ ကာရိုက်တာ အပေါ်ကို သစ္စာရှိတယ်။ ဒီကာ ရိုက်တာဆို ဒီကာရိုက်တာ အတိုင်း ဝင်အောင် သရုပ်ဆောင်မှာပါ။ အခုက အင်ဂျင်နီယာ မဟုတ်ဘူး။ အထပ်အမြင့်ပေါ်လည်း တက် ရတာမဟုတ်ဘူး။ အင်ဂျင်နီယာ မဟုတ်တဲ့အ တွက် ကိုယ့်မှာ လုပ်ပိုင်ခွင့်ရှိတယ်” လို့ အိချောပိုက ပြောပါတယ်။

အခုနောက်ပိုင်း ဗီဒီယိုဇာတ်  ကားတွေ အရိုက် နည်းသွားကြပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ချင်တဲ့ အတွက် ဗီဒီယို ဇာတ်ကားတွေကို လက်ခံ ရိုက်ကူးဖြစ်နေတယ် လို့ အိချောပိုက ပြောပါတယ်။

ဒီဗီဒီယိုဇာတ်ကား ရိုက်ပြီးသွားရင်လည်း ဒါရိုက် တာ ကျော်ဇောလင်း ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီး ကို ပြေတီဦးနဲ့အတူ ရိုက်ကူးဖို့ရှိပြီး ရှေ့မှာရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားများလည်း ဒီနှစ်ထဲမှာ ရုံတင်ပြသ လာဖို့ ရှိတယ်လို့ သိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here