သင်္ချိုင်းမှာ ၃ ည ရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်း ဒါရိုက်တာသြရသ ပြောပြ

0
269

Aww yatha

ဒါရိုက်တာသြရသ ပထမဆုံး ရိုက်ကူးတဲ့ “ကြောက်..ကြောက်.. ကြောက်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဇာတ်ကား နမူနာပြသချိန်မှာတင် ပရိသတ်တွေရဲ့ စိတ်ဝင်တစား အားပေးမှုကို ရရှိခဲ့ပါတယ်။ နေတိုး၊ မင်းသွေး၊ ထွန်းထွန်း၊ ကျော်ကျော်၊ နန်းမြတ်ဖြိုးသင်း၊ ခင်ဝင့်ဝါ၊ နန်း ခင်ဇေယျာ၊ ပိုပိုတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး သရဲဟာသ ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားကို ပုံဖော် အသက်သွင်းတဲ့ ဒါရိုက်တာ သြရသကလည်း ရယ်ချင်တဲ့သူတွေလည်း အဆင်ပြေ၊ ကြောက်ချင်သူတွေအတွက်လည်း အဆင်ပြေအောင် ရိုက်ကူးထားပါတယ်လို့ ဆိုပါတယ်။

” ဒီဇာတ်ကားမှာက Actor တွေလည်းများတယ်။ အသစ်တွေလည်းပါပါတယ်။ သရဲကိုမှ ဟာသပုံစံလေး ဇာတ်မျိုးလုပ်ထားတဲ့အတွက် Pre- production ပိုင်းမှာ ပြင်ဆင်မှုတွေ အများကြီးပြုလုပ်ခဲ့ပါတယ်။ ဇာတ်ညွှန်းကိုလည်း အကြိမ်ကြိမ်အဖန်ဖန်ရေးပြီး ကိုနေတိုးနဲ့လည်း ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ရသလို အသစ်ဖြစ်တဲ့ ပိုပိုကိုလည်းလက်တွဲ ခေါ်ရပါတယ်။ ပရိသတ်တွေကို သေသေချာချာလေး ခံစားစေချင်တာကြောင့် ဓါတ်ပုံပိုင်း Lighting ပိုင်း၊ ရှုခင်း ပိုင်းတွေအပြင် သရုပ်ဆောင်အတွဲ (၄) တွဲကိုလည်း မျှအောင် ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားကြော်ငြာလေးထွက်ရှိတဲ့ အချိန်ရက်ပိုင်းအတွင်းမှာ ပရိသတ်တွေ အားပေးမှုများသလို ရုပ်ရှင်လာကြည့်ရင်လည်း ပရိသတ် တွေ မျှော်လင့်ထားတဲ့ Quality တစ်ခုပေးနိုင်ဖို့ ကြိုးစားထားပါတယ်” လို့ ဒါရိုက်တာ သြရသက ဆိုပါတယ်။

kyut

သရဲကားတွေ ရိုက်ကူးထားတဲ့အခါ တစ်ခါတစ်ရံ ပီပြင်မှု မရှိခြင်း၊ မိတ်ကပ်ပိုင်း အားနည်းမှုတွေရှိတဲ့အပေါ် ပရိသတ် တွေက အားမလိုအားမရဖြစ်ပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ကြောက်…ကြောက်…ကြောက် ဇာတ်ကားအတွက်လည်း သရဲအပြင်အဆင်တွေနဲ့ ပတ်သက်လို့ ….

” ဒီဇာတ်ကားမှာ ကျွန်တော်တို့ ပေးချင်တာကတော့ လူတိုင်းမှာ အကြောက်တရားဆိုတာရှိတယ်။ မသိရင်သာနေမယ်။ တစ်ယောက်စီတိုင်းမှာ ကြောက်စိတ်ဆိုတာ ရှိကြ တယ်။ ဒီဇာတ်ကားကိုကြည့်ရင်း ရယ်ရင်း ပရိသတ်တွေလည်း ကိုယ့်ရဲ့ အကြောက်တရားကို ရှာဖွေနိုင်အောင်ပါ။ ဒီဇာတ်ကားမှာ သရဲပုံစံတွေ ပီပြင်ဖို့အတွက်လည်း မိတ်ကပ်ပညာ ရှင် ကိုအောင်ကျော်ထွန်းက လုပ်ပေးတယ်။ မိတ်ကပ် တစ်ခါလိမ်းရင် (၁)နာရီလောက်ကြာတယ်။ ရိုက်နေရင်းနဲ့လည်း မိုးလင်းသွားတဲ့အခါမှ ရှုတင်သိမ်းလိုက်ရတာမျိုး တွေရှိတယ်။ ဒီဇာတ်ကားမှာ Night Scene တွေများတယ်။ သင်္ချိုင်းမှာလည်း (၂)ည၊ (၃)ည လောက်သွားပြီး ရိုက်ကူးတယ်။ ကိုယ်ရိုက်ချင်စိတ်နဲ့ ရိုက်နေတယ်ဆိုပေမယ့် သရုပ်ဆောင်တွေတောင် ကြောက်နေကြတာပါ” လို့ ဒါရိုက်တာ သြရသက ပြောပါတယ်။ ဒါရိုက်တာ သြရသက ဇူလိုင်လမှာလည်း “မင်္ဂလာရှိ သောအရပ်” ရုပ်သံဇာတ်လမ်းတွဲကို မြင့်မြတ်၊ နွယ်ဒါလီထွန်း၊ အေးဝတ်ရည်သောင်းတို့နဲ့ အတူရိုက်ကူးသွားဦးမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့် ၊အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here