ပရိသတ်တွေဇာတ်လမ်းကို သေချာမသိတဲ့အတွက် ဝေဖန်မှုတွေရှိလာတာပါ ဒါရိုက်တာသားညီ

0
307

Tar Nyi

ဒါရိုက်တာ သားညီ ရိုက်ကူးတဲ့ “အနက်ရှိုင်းဆုံးမှာ…” ဆိုတဲ့ ဗီဒီယိုဇာတ်ကားထဲက အိချောပိုရဲ့ဇာတ်ဝင်ခန်းရိုက်ကွင်းပုံရိပ်တွေက အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ပရိသတ် တွေရဲ့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဇာတ်ဝင်ခန်းပုံများကို ကြည့်ရှုခဲ့ကြပြီး အိချောပိုကို အင်ဂျင်နီယာတစ်ဦးအဖြစ် ထင်မြင်ခဲ့ကြကာ အင်ဂျင်နီယာတစ်ဦးအနေနဲ့ ဝတ်စားဆင် ယင်မှုပုံစံမှာလွဲမှားနေကြောင်း၊ ဇာတ်ရုပ်မပီပြင်ကြောင်း ဝေဖန်ခဲ့မှုတွေရှိပါတယ်။ ဒီဝေဖန်မှုတွေအပေါ်ကို ဒါရိုက်တာ သားညီက..

” လူတွေက မသိဘဲနဲ့ တအားပြောတာ။ အမှန်တော့ အိချောပိုက အင်ဂျင်နီယာလည်း မဟုတ်ဘူး။ အဲဒီကုမ္ပဏီရဲ့ သူဌေးမရဲ့ချွေးမ။ ဒါပေမဲ့ စေ့စပ်ထားတဲ့ သူပေါ့နော်။ သူက နေနော်ကိုတစ်ဖက်သတ် ငြိတွယ်ပြီးတော့ နေနော့်နောက်ကို တစ်ကောက် ကောက်လျှောက်လိုက်တာပေါ့။ သူကအင်ဂျင်နီယာ မဟုတ်တဲ့အတွက် အင်ဂျင်နီယာအဝတ်အစားလည်း ဝတ်စရာမလိုဘူး။ ပြီးတဲ့အခါကျတော့ ကျွန်တော်အဲဒီနေ့က ရိုက်ကူးတဲ့ဇာတ်ဝင်ခန်းက သီချင်းဗျ။ သီချင်းဆိုတော့ ကျွန်တော်ရိုက်ကူးတဲ့ Camera Bound က အကျပ်တွေပဲရိုက်တာ။ ဒါပေမဲ့ ဓာတ်ပုံတင်လိုက်တဲ့အခါမှာ အကျယ်တင်လိုက်တဲ့အခါကျတော့ အဲဒီဖိနပ်နဲ့ဂါဝန်က တော်တော်ပြောစရာ ဖြစ်ပါတယ်။

ပရိသတ်က ဇာတ်လမ်းကို မသိတဲ့အခါကျတော့ဝေဖန်မှာပဲ။ ဝေဖန်ပါပြဿနာမရှိ ပါဘူး။ ကျွန်တော့်မိန်းမလည်း Civil Engineer ပဲ။ ကျွန်တော်တို့ အမျိုးထဲမှာ အင်ဂျင်နီယာတော်တော်များပါတယ်။ ကျွန်တော်လည်း ပစ်စလက်ခတ် မလုပ်ပါဘူး။ ဒီကိစ္စက မလိုအပ်ဘူးထင်လို့ မရှင်းတာပါ”လို့ ပရိသတ်တွေဝေဖန်ထားတဲ့ ဇာတ်ဝင်ခန်းအကြောင်းကို ပြန်လည် ရှင်းပြပါတယ်။ ဒီဇာတ်ကားကို Power 9 ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးက ထုတ်လုပ်ရိုက်ကူးတာဖြစ်ပြီး မင်းသားနေနော်၊ မင်းသမီးအိချောပိုတို့နဲ့ရိုက်ကူးနေတာ ဖြစ်ပါတယ်။

ဇင်မာနွယ်၊ ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here