အောင်ထက် သရုပ်ဆောင်ပိုင်းကို သွားတော့မလား

0
359

Aung Htet

အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှ တစ်ဆင့် ပရိသတ်ရဲ့ တစ်ခဲနက်အားပေးမှုနဲ့အတူ အဆိုတော်တစ်ဦး ဖြစ်လာသူကတော့ အောင်ထက်ပါ။ လက်ရှိမှာ နိုင်ငံကျော် အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေပြီး Show ပွဲတွေလည်း ဆက်တိုက် သီဆိုနေရပါ တယ်။ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ သူလျှောက်လှမ်းခဲ့တဲ့ လမ်း ခရီးတွေကလည်း အတွေ့အကြုံ၊ အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး …

” လူ့လောကထဲရောက်လာရင် ကျွန်တော်တို့ မဖြစ်မနေကြုံရမယ့် လောကဓံတွေ ရှိပါတယ်။ အဲဒီလောကဓံက ရလာတဲ့ အတွေ့အကြုံတွေက အများကြီးပါပဲ။ ကျွန်တော် ဆိုလည်း အတွေ့အကြုံတွေ သင်ခန်းစာတွေ အများကြီးရခဲ့ပါတယ်။ အတွေ့အကြုံတွေကတော့ ကောင်းတာတွေရှိသလို ဆိုးတာတွေလည်း ရှိတာ ပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ လူ့ဘဝဆိုတာက လူတစ်ယောက်ဖြစ်လာရင် သဘာဝကပေးတဲ့ စိတ်ခံစားမှုတွေ ရှိတယ်။ အဲဒီခံစားမှုတွေကလည်း ကိုယ့်ရဲ့ အတွေ့အကြုံတွေပါပဲ။ နောက်ပြီး သီချင်းဆိုပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့တယ်။ ဆုရတာရှိ သလို မရတဲ့အကြိမ်တွေလည်းရှိခဲ့ပါတယ်။ ဝန်ထမ်းလုပ်ရင်းနဲ့ ကိုယ်ဝါသနာ ပါတဲ့ဘက်ကိုလည်း လုပ်ခဲ့ပါတယ်။ အခက်အခဲကတော့ ဝါသနာပါတာပဲ လုပ် နေမယ်ဆိုရင်လည်း စားဝတ်နေရေးက အခက်အခဲရှိတယ်။ အဲဒါ ကြောင့် စားဝတ်နေရေးအတွက် ဝန်ထမ်းအလုပ်လုပ်တယ်။ ခွင့်ယူပြီးတော့လည်း သီချင်းဆိုပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့တယ်” လို့ ပြောခဲ့ပါတယ်။

ပထမဆုံး တစ်ကိုယ်တော် စီးရီးဖြစ်တဲ့ ” ဟေး…မိတ်ဆွေ” တေးစီးရီးထွက်ရှိခဲ့ပြီး ခုလတ်တလောမှာတော့ ဒုတိယမြောက် တစ်ကိုယ်တော်တေးစီးရီးထွက်ဖြစ်ဖို့လည်း ကြိုးစားနေပါတယ်။ ဒုတိယတစ်ကိုယ်တော် တေးစီးရီးနဲ့ပတ်သက်ပြီး…

” ဒုတိယ တေးစီးရီးကတော့ ခုလုပ်နေပါတယ်။ တေးစီးရီး နာမည်ကတော့ စဉ်းစားတုန်းပါပဲ။ အမြန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ သီချင်းတွေကတော့ ကိုယ်ဆိုနေကျ ပုံစံလေးတွေ၊ နောက်ပြီး ကိုယ်နဲ့အလိုက်ဖက်ဆုံး သီချင်းတွေ ထည့်ထားပါတယ်။ အစ ကတော့ ဆယ်လပိုင်းလောက် ထွက်ဖြစ်မယ်လို့ မှန်းထားတာပေါ့။ ဒါပေမဲ့ ကျွန်တော်က ပိုပြီးစောချင်တဲ့အခါကျတော့ ကိုးလပိုင်းကျော်လောက် Audio CD ထွက်ဖြစ်မှာပါ” လို့ ပြောခဲ့ပါတယ်။ ကိုယ့်ရဲ့သီချင်း MTV တွေမှာ သရုပ်ပြတာလောက်ပဲရှိပြီး သရုပ် ဆောင်ဘက်ကို သွားဖို့မရှိသေးကြောင်း ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here