သာသနာ့ဘောင် ဝင်ရောက်ပြီး တရား အားထုတ်နေကြတဲ့ စံပြညီအစ်ကို(၃)ဦး

0
135

18

စံပြသဘင်မှ ဟန်ဇာမိုးဝင်းနဲ့ ညီငယ်ဖြစ်သူ နေမိုးဝင်းတို့ ညီအစ်ကိုနှစ်ဦးဟာ ဇွန်လ ၇ရက်နေ့က မှော်ဘီမြို့နယ်၊ အောင်ဇမ္ဗူတောရကျောင်းမှာ ရဟန်းခံခဲ့ကြပါတယ်။ ဟန်ဇာမိုးဝင်းရဲ့ ရဟန်းဘွဲ့တော်ကတော့ ဥူးသောမနဖြစ်ပြီး နေမိုးဝင်းရဲ့ ကိုရင်လေး ဘွဲ့နာမည်ကတော့ အရှင်ထေရာနန္ဒပဲဖြစ်ပါတယ်။

အခုကာလက မိုးတွင်းကာလဖြစ်တဲ့အတွက် ဇာတ်သဘင်ရပ်နားထားတဲ့ ရာသီမှာသာသနာ့ဘောင်ကို ဝင်ရောက်ကာတရားအား ထုတ်ဖြစ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အောင်ဇမ္ဗူတောရ ကျောင်းမှာပဲ အရှင်ဥဂ္ဂဗလ (ခ) အဂ္ဂါမိုးဝင်းကလည်း မေလ ၁ဝရက်နေ့က ရဟန်းခံသီတင်းသုံးနေထိုင်တာ အခုဆိုရင် ၁လပြည့် တော့မှာပဲဖြစ်ပါတယ်။ ဒီလိုသာသနာ့ဘောင်ကို ဝင်ရောက်ကာ တရားအားထုတ်လျက်ရှိနေတဲ့ သား(၃)ဦး စလုံးအတွက် မိဘဆွေမျိုးများက ဝမ်းမြောက်ပီတိဖြစ် နေကြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here