မြန်မာဇာတ်ကား ကြည့်ရှုတဲ့ ပရိသတ် အရေအတွက် နည်းမသွားဖို့ ကျွန်တော် တို့မှာ တာဝန် ရှိပါတယ် စည်ဖြိုး

0
342

Si-Phyoစည်ဖြိုးက “မင်္ဂလာရှိသောအရပ်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် ဖို့အတွက် ကြိုတင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ စည်ဖြိုးအနေနဲ့ “ဝါစိမ်းနီကမ္ဘာ သိမ်းမည်” ဇာတ်လမ်းတွဲမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ဖူးပြီး ဒီဇာတ်လမ်းတွဲ က တော့ သူ့အတွက်  ဒုတိယမြောက် ဇာတ်လမ်းတွဲ ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲ ကိုလည်း ပရိသတ်တွေ ကြိုက်မယ်လို့ ယုံကြည်ကြောင်း ပြောတဲ့ စည်ဖြိုးက.. “တိုးပွားဆိုတဲ့ ရွာသားတစ်ယောက်၊ အမြဲတမ်း ပြုံးနေတတ်တယ်။ အားလုံး ကို စစနောက်နောက် ရှိတယ်။ လယ်လုပ်တယ် ထင်းခုတ်တယ်။ အဲဒီအထိ မထူးခြားသေးဘူး။ တစ်နေ့တောထဲ မှာ ထင်းခုတ်သွားရင်းနဲ့ အဘိုးကြီး တစ် ယောက်ကို ထမင်းထုပ်ပေးမိရာက အဲဒီအဘိုးကြီး က ကျေးဇူးတင်လို့ ဆိုပြီး ပြန် ပေးလိုက်တဲ့ လက်စွပ်ကို ရပြီး ထူးခြားတာတွေ ဖြစ်လာမှာပါ။ ဒီဇာတ်ရုပ် အတွက် ကြိုတင်ပြင်ဆင် ထားပါ တယ်။ အဝတ်အစားတွေ ကအစ၊ တိုးပွားဆိုတဲ့ ကာရိုက် တာကို တည်ဆောက်ရမယ်။ ကိုယ့်ဘာသာ ကိုယ်ဘယ်လို ဖန်တီးမလဲ။ ဘာ တွေ တည်ဆောက်မလဲပေါ့။ ပြီးရင်တော့ မုဒ်မွေးရတော့မှာပေါ့။ ဒီဇာတ်လမ်း တွဲက ရသစုံမှာပါ။ ပရိသတ်တွေ ကြိုက်ကြမှာပါ” လို့ ပြောပါတယ်။

အနုပညာအပေါ်မှာ လွတ်လွတ်လပ်လပ် ရူးသွပ်ခွင့်ရရုံနဲ့ ကျေနပ်တယ် လို့ဆိုတဲ့ စည်ဖြိုးဟာ ဘယ်အနုပညာကိုမဆို ရူးသွပ်တဲ့ သူပါလို့ ဆိုပါတယ်။ အခုနောက်ပိုင်းမှာ ပရိသတ်တွေက မြန်မာဇာတ်ကားတွေ အပေါ် ဝေဖန် မှု များစွာရှိ နေပါတယ်။ မြန်မာဇာတ်ကား ကြည့်ရှုသူ အရေအတွက် နည်းမသွားဖို့ တာဝန် ရှိတယ် လို့ဆိုတဲ့ စည်ဖြိုးက ..
ကျွန်တော်တို့ အရေအတွက် များများ ထွက်နိုင်ဖို့ ဆိုတာထက် အရည်အသွေးကောင်း ကောင်း ထွက်နိုင်အောင် ကြိုးစားနေ ရတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ကြိုးစားနေပါတယ်။ အဲဒါကြောင့်မို့ပဲ ဇာတ်ကားတွေက ကြာနေတာပါ။ ကြာတာကို တော့ ရင်းရမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အရေအတွက် များများ ထွက်တာထက် အရည် အသွေး ကောင်းကောင်း ထွက်ဖို့ပိုလုပ်ရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာဇာတ်ကား ကြည့်ရှုတဲ့ ပရိသတ် လျော့နည်း မသွားဖို့ ကျွန်တော် တို့ခေါင်း ပေါ်မှာတာ ဝန်ရှိပါ တယ်” လို့ ပြောပါတယ်။ ရုပ်ရှင် ဇာတ်ကားကြီးတွေ ရိုက်ကူးသွားဖို့ ရှိပြီး အနုပညာ အပေါ်မှာ ဆက်လက် ရူးသွပ် သွားမှာပါလို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here