ကမ္ဘာကပင် လေးစားချီးကျူးရသည့် ပခုက္ကူ ရွှေကူတံကဲလက်ရာ မြန်မာ့အနုပညာ

0
224

Nay-Oo-Mg-1ပခုက္ကူ အညာဒေသသည် ဗုဒ္ဓ ဘာသာသာသနာ ထွန်းကား သော၊ အံ့ချီးဖွယ်ရာ ယဉ်ကျေးမှုမြန်မာ အနုပညာလက်ရာ ပေါများသော နယ်မြေ ထူးဖြစ်သည်။ ပခုက္ကူမြို့ အလောင်းစည်သူမင်းကြီး၏ ကောင်း မှုတော် ရွှေကူမြတ်စွာ ဘုရားကြီး၏အာရုံခံ တန်ဆောင်းတော် ကြီး အတွင်းဝယ် ကမ္ဘာကပင် လေးစား ချီးကျူးရသည့်အံ့ချီးဖွယ်ရာ ပန်းပု အနုပညာ တံကဲတော်ကြီး ကိုယနေ့တိုင်တွေ့မြင်နိုင်ပါသည်။

ပန်းပုလက်ရာ အနုပညာ တံကဲတော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၆၉ ခုနှစ် တပေါင်းလပြည့်ကျော် ၃ရက်နေ့ တွင် ကျောင်း အစ်မကြီး ဒေါ်ဇီးဇံ က ပခုက္ကူသားပန်းပု ဆရာကြီး ဦးကံကြီးနှင့် သားကိုစော တို့အား လက်ခငွေ(၄ဝဝဝိ)ကျပ် ပေးပြီး ထုလုပ်စေ ခဲ့ပါသည်။ (ထိုခေတ် ကရွှေတစ်ကျပ်သား(၂ဝိ)ကျပ်သာ ရှိသည်။)

သူ့ခေတ်သူ့အခါက လက်ခငွေ ထိုက်တန်စွာ ရရှိသလို ပန်းပုဆရာ ကြီးသားအဖ ကလည်း မခိုမကပ်တမ်း မြန်မာ့လက်ရာ ယဉ်ကျေးမှု အနုပညာ တံကဲတော်ကြီးကို ၄ နှစ်တာ ကာလအထိ လက်စွမ်းပြ ထုလုပ်ခဲ့ သည်မှာ ယနေ့ထိ လူအများလေးစား ချီးကျူးနေရပါပေသည်။ တံကဲတော်ကြီး အမြင့်သည် (၁၂-ပေ၁ဝ-လက်မ) အလျား(၅-ပေ၁ဝ-လက်မ) ရှိပြီးထုမှာ(၈-လက်မ)ဖြစ်သည်။အသားမှာ ယမနေ သား(၅)တုံးကို ပန်း(၈)ထပ် နှင့်နိပါတ်တော်ဇာတ် ထုပ်(၄)ထုပ်မှ လူအများစိတ်ဝင် စားသည့် ဇာတ်တော်ခန်း (၉)ခန်းကို ရုပ်လုံး၊ရုပ်ကြွ၊ ပန်းခြူး၊ပန်းနွယ် ပန်းကနုတ် အမျိုးမျိုးအဆန်းတကြယ် အနုစိတ် ထုလုပ်ခဲ့ပေသည်။ တံကဲတော်အလယ်တွင် (၅-ပေ၂-လက်မ) ရှိသော ရပ်တော်မူ ရုပ်ပွားတော်ကြီး နှင့်ကြည်ညို စဖွယ်ဖြစ်အောင် ထုလုပ်ခဲ့သည်မှာ စိတ်ကူးစိတ်သန်း အံ့မခန်းလှသလို ထုလုပ်သည့် ပန်းပု လက်ရာကလည်း နှောင်းလူများ ဦးခိုက်လေးစားခဲ့ရသည်။

ဗုဒ္ဓဘာသာဝင်တို့အထွတ်အမြတ် ဇာတ်တော်စုံကိုလည်း စိတ်ဝင်စား ဖွယ် ထုလုပ်ထားရာ (၁)ပထမဦးစွာ တံကဲတော်ကြီးအထက် ဆုံးပိုင်းကို ကြည့်လျှင်မြတ်စွာ ဘုရားရှင် (၇) ဝါမြောက်တွင် တာဝတိံ သာ နတ်ပြည်၌ ဝါကပ်လျက်မယ်တော် မိနတ်သား အား အမှူးထားကာ တစ်သောင်းသော စကြဝဠာ တိုက်အပေါင်းမှ ကြွရောက်လာကြ ကုန်သော နတ်ဗြဟ္မာ အပေါင်းတို့အား အဘိဓမ္မာ(၇) ကျမ်းကို ဟောတော်မူပါသည်။ သီတင်းကျွတ် လပြည့်နေ့ည မြရွှေငွေလျှမ်း သုံးသွယ်စောင်းတန်းဖြင့် တာဝတိံ သာနတ်ပြည် မှ လူ့ပြည် သင်္ကဿ နဂိုရ် ပြည်ဆင်းသက် ကြွလှမ်း အံ့မခန်းကို မြတ်စွာဘုရားရှင် မြစောင်းတန်းမှ လည်းကောင်း ၊ ရွှေစောင်းတန်း မှနတ်ဒေဝါများ ကလည်းကောင်း၊ ငွေစောင်းတန်းမှ ဗြဟ္မာအပေါင်း တို့ကလည်းကောင်း၊  ခြံရံလျက် ပန်းပု လက်ရာ ဆန်းဖြင့် ထုလုပ်ထား သည်မှာ သက်ဝင်လွန်း လှပါသည်။

စိတ်ကူးကလည်းဆန်းကြယ်၊  ထုလုပ်သူကလည်း သက်ဝင်လှုပ်ရှား နှလုံးသား ထိအောင် လက်စွမ်းပြထားရာ မြန်မာသာမက ကမ္ဘာကျော် ထိုက် ပါ၏။ ထုလုပ်ခ ငွေ၎ဝဝဝ သည် ရွှေဝယ်မည်ဆိုပါလျှင် ရွှေ(၂)ပိဿာ နှင့်ညီမျှသည်ဟုဆိုပါသည်။ တံကဲအလှူရှင် ဦးဟင်းငါး ၊ ဇနီး ဒေါ်ဇီးဇံ၊ သမီးမယ်သစ်၊ မယ်မြစ်တို့ မိသားစု သဒ္ဓါစွမ်းပကားကို လေးစား ရမည် ဖြစ်ပါသည်။ တစ်ဖန် တံကဲတော်ကြီးကို မြိုင်မြို့နယ် သစ်ကြီးတော လေးတန်းရွာဆရာ ဦးကံကြီးသား မောင်တေတို့ကလည်း ဗုဒ္ဓဘာသာဝင်ပီပီ သူတော် ကောင်းစိတ်ဓါတ်ဖြင့် ထုလုပ်ပြန်ရာ အံ့မခန်းအဆန်းတကြယ် ပခုက္ကူဂုဏ် ကို ကမ္ဘာတည်အောင်ဆောင်ခဲ့ ပါပေသည်။ ဇာတ်ခန်းရုပ်လုံး (၁၃၆) ရုပ်၊ တိရစ္ဆာန်ရုပ်(၁ဝ)ရုပ်ကိုပါ ပန်းခြူး၊ပန်းနွယ်များ ခြံရံထုလုပ်ထားသည်။

၁၉ဝ၈ ခုနှစ်က ထုလုပ်ထားခဲ့သည့် ရွှေကူ ပန်းပုတံကဲတော်ကြီးမှာ  ဗုဒ္ဓသာသနာ သမိုင်းတွင် မှတ်တမ်း တင်ရမည်ဖြစ်ပါသည်။ ယဉ်ကျေးမှု ပန်းဆယ်မျိုး သမိုင်းတွင်လည်းချန်ထား၍မရပေ။ ဆရာကံကြီးသည် ပန်းပုသာမက ဒီဇိုင်းပညာပါ တတ်ကျွမ်းသည့် ဆရာ၊ စေတနာ ၊ မုဒိတာပါ သည့်ဆရာဟုဆိုလျှင် လည်းမမှားနိုင်ပါ။ ဆရာကံကြီးလက်ရာကို ပခုက္ကူသားများ သာမကပန်းဆယ်ဖြာကို ချစ်ခင်နှစ်သက်လေးစား သူတိုင်း ထိန်းသိမ်းရပေမည်။ ဂုဏ်ယူရပေမည်။ ဆရာ ဦးကံကြီး ဖခင်ကလည်း မင်းတုန်းမင်း၏လက်စွဲ ပန်းပုဆရာကြီး ဆရာရှိန်းလို့ မှတ်သားရပါသည်။

ယနေ့ခေတ်မှာတော့ရှေးပန်းချီ ပန်းပုလက်ရာ အံ့မခန်း အဆန်း တကြယ်တွေ ထိန်းသိမ်းရကောင်း မှန်းမသိခဲ့သဖြင့် ပျောက်ဆုံးပျက်စီး ကုန်ကြသည်။ ကျန်ရှိနေသေးသော အနုပညာ လက်ရာမြောက်ပန်းပု ပန်းချီ ပန်းဆယ်မျိုးလက်ရာတွေကို ထိန်းသိမ်း စောင့်ရှောက်ပြီး မျိုး မြန်မာ ဂုဏ်ကို စောင့်ထိန်းမြတ်နိုးကြပါစို့ ဟုသာ..ဆန္ဒပြုရင်း ………။

နေဦးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here