ဇွန်လအတွင်းမှာ Mini Album ထွက်ရှိမယ့် ရတနာမိုင်

0
248

Yandar My

အဆိုတော် ရတနာမိုင်က သူမရဲ့ “သူသိစေ” စီးရီး Music Video ကို အပြီးသတ်ရိုက်ကူးနေပြီဖြစ်ပြီး ဒီနှစ်ပွင့်လင်းရာသီမှာ ထွက်ရှိလာနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။”သူသိစေ” Music Video ထွက်ရှိခင်စပ်ကြားမှာတော့ ရတနာမိုင်က Mini Album တစ်ချပ်ထွက်ရှိနိုင်ဖို့  ပြင်ဆင်နေတယ်လို့ သိရပြီး ဇွန်လ ၂၆ရက်နေ့မှာ ဖြန့်ချိဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

” ဒီလထဲမှာပဲ Mini Album လေးတစ်ချပ်ထွက်ရှိနိုင်ဖို့ စီစဉ်ထားတယ်။ အဲဒီထဲမှာတော့ သီချင်း၆ပုဒ်ပါမယ်။ တေးရေးတွေကလည်း အစုံပါပဲ။ လူသစ် တန်းတေးရေးတွေလည်းပါပါတယ်” လို့ ရတနာမိုင်က ပြောပါတယ်။ ရတနာမိုင်က သူမရဲ့ “သူသိစေ” စီးရီး Music Video ထဲက “မောင်နဲ့မလွမ်းပို” သီချင်းကိုတော့ ဇွန်လ၁ဝရက်နေ့က သရုပ်ဆောင်ဟိန်းဝေယံနဲ့အတူ ရိုက်ကူးခဲ့ပြီး သီချင်းပုဒ်ရေ အတော်များများ ရိုက်ကူးပြီးစီးနေပြီလို့လည်း သိရပါတယ်။ ” ညီမ Music Video လေး ကိုတော့ သေချာအားစိုက်ပြီး ရိုက်နေပါတယ်။ တော်တော်များများလည်း ရိုက်ပြီးနေပါပြီ။ ဒီနှစ်ထဲမှာပဲ ထွက်ရှိနိုင်ဖို့ ကြိုးစားနေပါတယ်။ ပရိသတ်တွေကိုလည်း အသစ်တွေချပြချင်နေပါပြီ။ အဲဒီအတွက် ဒီရက်ပိုင်းထဲမှာအလုပ်တွေကို အားသွန်ခွန် စိုက်လုပ်နေပါတယ်။ မကြာခင်မှာတော့ ပရိသတ်တွေသီချင်းအသစ်တွေကို နားထောင်ရမှာပါ” လို့ ရတနာမိုင်က ပြောပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here