နှစ်၂ဝကြာသော်လည်း ချီတက်ဆဲ မြဲမြဲခိုင်စွာ ပေါ်ပြူလာ

0
159

Sayar Lin

ပေါ်ပြူလာဂျာနယ်၏ သက်တမ်းကား နှစ် ၂ဝ တင်းတင်း ပြည့်လေပြီ။ ယင်းနှစ် ၂ဝ သက်တမ်းဝယ် ပေါ်ပြူလာသည် ဖြတ်သန်းမှုမျိုးစုံ ကိုဖြတ်သန်းခဲ့ရပြီး အတွေ့အကြုံ တွေလည်း မနည်းမနောရခဲ့ပြီး ဖြစ် သည်။ မြန်မာနိုင်ငံတစ်ဝန်းထုတ်ဝေ သမျှ စာစောင်စာအုပ်အားလုံးမလွဲမသွေဖြတ်သန်းကြရသည့် စာပေ စိစစ်ရေးဌာနဝယ် ညွှန်ကြားရေး မှူးအဖြစ် ဦးတင်စိုး(ဆရာဂုဏ်လင်း ကျော်) တာဝန်ယူသည့်ကာလမှသည် ဦးတင့်ဆွေ (ဆရာရဲရင့်တင့်ဆွေ)တာဝန်ယူသည့်ကာလအထိ ဖြတ် သန်းခဲ့ရပြီး ယခုသော်စာပေစိစစ် ရေးဟူ၍ မရှိတော့သည့်ကာလ ကိုလည်း ကြုံဖူးခဲ့ပြီ။ သတင်းဂျာနယ် ဟူ၍ ပီပီပြင်ပြင် တစ်စောင်မျှမရှိ သေးသည့်ခေတ်မှသည် သတင်း ဂျာနယ်တွေ မှိုလိုပေါက်လာကြသည့် ခေတ်အထိ စာပေရုပ်ရှင်အစရှိသည့် အနုပညာနယ်ပယ် မှသတင်းများကို သာ ဦးစားပေးဖော်ပြရင်း ရပ်တည် လာခဲ့သည်ကိုလည်း အားလုံးအသိ။ ကန်ဒေါ်လာ တစ်ဒေါ်လာကို မြန်မာ ငွေကျပ်တစ်ရာခန့်တန်ဖိုးရှိသည့် ခေတ်မှသည် ကန်ဒေါ်လာတစ် ဒေါ်လာကို မြန်မာငွေ ၁၃၅ဝကျပ် ဝန်းကျင်တန်ဖိုးရှိသည့်ခေတ်အထိ ဖြတ်သန်းလာခဲ့ခြင်းကြောင့် ကုန် ဈေးနှုန်း အခြေအနေအမျိုးမျိုးကို ရင့်ကျက်စွာ ကြုံဆုံခဲ့ရပြီး စက္ကူဈေး၊ ပုံနှိပ်မင်ဈေး အစရှိသည်တို့နှင့်ပတ်သက်၍လည်းခံနိုင်ရည်တွေ အသား မာတက်နေလေပြီ။ စစ်အစိုးရ လက်ထက်မှသည် ယနေ့ဒီမိုကရေစီ အစိုးရ လက်ထက်အထိဖြတ်သန်း လာခဲ့ရခြင်းကြောင့်လည်း အုပ်ချုပ်မှု ပုံစံအမျိုးမျိုးနှင့် ပတ်သက်၍ အတွေ့ အကြုံတို့စုံနေခဲ့ပြီ။

မြန်မာနိုင်ငံတွင် အင်တာနက်ဟူ၍ မြင်ပင်မမြင် ဖူးကြသေးသော ခေတ်မှသည် လူတိုင်းမှန်ပွတ် ဖုန်းလေးတွေ ပွတ်နေကြသည့် ခေတ်အထိလည်း ဖြတ်သန်း လာခဲ့ပြီ။ ပေါ်ပြူလာ ဂျာနယ်တစ်စောင်တည်းကိုသာ ထုတ်ဝေခဲ့ရာမှ ရတီမဂ္ဂဇင်း၊ Popular News ဂျာနယ်၊ အိန်ဂျယ်ဂျာနယ်နှင့် Living Fashion မဂ္ဂဇင်းတို့ကို ထုတ်ဝေခဲ့သည့် Asian Fame Media Group ကိုလည်း ထူထောင် နိုင်ခဲ့ပြီးပြီ။ မရပ်မနားခရီး နှင်လျက်ရှိသည့် ဘဝသံသရာရထားကြီးနှယ် ပင် တစ်ဘူတာရပ်လိုက်၊ တက်လာ သည့်သူတွေတက်လာလိုက်၊ ဆင်း သွားသည့်သူတွေက ဆင်းသွားလိုက်၊ နောက်တစ်ဘူတာရပ်လိုက် ဆင်းသွားသည့်သူတွေက ဆင်းသွားလိုက်တက်လာသည့်သူတွေ တက်လာလိုက်ဖြင့် လူအမျိုးမျိုးစိတ်အထွေထွေတို့ကိုလည်း ကြုံခဲ့ဖူးပြီ။

နှစ်ပေါင်း ၂ဝ ဆိုသည်မှာ ဂုဏ်ခံ၍ပြောပါက ဆယ်စုနှစ် ၂ခုပင် ဖြစ်၏။ ယင်းဆယ်စုနှစ် ၂ ခုမှာလည်း ၂ဝ ရာစုမှသည် ၂၁ ရာစုအထိ ရာစုနှစ်၂ ခုကိုဖြတ်သန်းခဲ့သော ဆယ်စု နှစ်များဖြစ်ကြသည်။ ထို့အပြင် လူသားတစ်ယောက်အတွက် လူလားမြောက်ပြီဖြစ်သော နှစ်ကာလအတိုင်းအတာတစ်ခုလည်းဖြစ်ပြန်သည်။ ထို့ကြောင့်ပေါ်ပြူလာသည် အတွေ့အကြုံ ရင့်ကျက်စုံလင်စွာဖြင့် လူလားမြောက်နေပါပြီ။ ယင်းနှစ် ၂ဝ တာကာလများအတွင်းတွင်လည်း တိုင်းပြည်အကျိုးနှင့် လူမှုအသိုက် အဝန်းအကျိုးတို့ကို တတ်စွမ်းသရွေ့ တစ်ဖက်တစ်လမ်းမှ အကျိုးဆောင် ပေးခဲ့ပြီးပြီ။ ရှေ့ဆက်၍လည်းအများအကျိုးဆောင် ကိုယ်ကျိုး အောင်ဆိုသည့် နီတိအတိုင်း အရာ ရာကို ကြံ့ကြံ့ခံလျက် ဆက်လက်ချီ တက်နေဦးမည်ဖြစ်သည်။ ပေါ်ပြူလာဂျာနယ်၏ သက် တမ်းကား နှစ် ၂ဝ တင်းတင်းပြည့် လေပြီ။

ဟက်ကာ


LEAVE A REPLY

Please enter your comment!
Please enter your name here