အနုပညာသူငယ်ချင်းတွေနဲ့ စုပြီးဇာတ်ကားတစ်ကားရိုက်ကူးချင်နေတဲ့ ရတနာခင်

0
317

Yadanar Khin2

သရုပ်ဆောင်ရတနာခင်တို့ ဇနီးမောင်နှံ ဖွင့်လှစ်ထားတဲ့ “ရွှေ” အာဟာရတန် ဖိုးသင့်စားသောက်ဆိုင်ကို မရမ်းကုန်းမြို့နယ်နဲ့ ကျောက်တံတားမြို့နယ် အနော်ရထာလမ်းမမှာ ဆိုင်ခွဲ၂ဆိုင် ထပ်ဖွင့်ဖို့ရှိကြောင်း ပြောပါတယ်။ အဆိုပါ ဆိုင်မှာတော့ ထမင်းနဲ့ ဟင်းတစ်ပွဲကို ၅ဝဝကျပ်နဲ့ ရောင်းချပေးတဲ့အတွက် အခြေခံ လူတန်းစားတွေအတွက် အဆင်ပြေကြ ပြီး ဝေဖန်တဲ့သူတွေရှိကြောင်းကို ရတနာခင်က ပြောပါတယ်။

” အစ်မတို့က အခြေခံလူတန်းစား အဆင်မပြေတဲ့သူတွေအတွက် ပြေလည်အောင် လုပ်ပေးတာ။ အဲဒီတစ်ခုတည်းအတွက်နဲ့ပဲ ရောင်းတာတော့မဟုတ်ဘူး။ ၅ဝဝဆိုတာ ပိုက်ဆံမရှိတဲ့သူတွေ ၅ဝဝနဲ့ စားလို့ရအောင် လုပ်ထားတာ။ ဥပမာ ၂ဝဝဝ တန်စားလို့လည်းရတယ်။ ဟင်းတစ်မျိုးတည်းကိုပဲ ၃ဝဝဖိုးစားလို့လည်း ရတယ်။ လူတွေက ထင်နေကြ တာ ၅ဝဝတန်ဆိုင်ဆိုတော့ အပေါစားဆိုင်ဆိုပြီး ထင်နေကြ တယ်။ ညစ်ပတ်မှာပဲလို့လည်း ထင်နေကြတယ်။ အဆင့်လည်းနိမ့်တယ် လို့ ထင်နေကြတယ်။ ထင်ချင် သလိုထင်ကြပါ။ စိတ်လည်းမဆိုးပါဘူး။ ဒါပေမဲ့ လူတွေကိုမသိသေးတဲ့ မက်ဆေ့ခ်ျတော့ပေးချင်တယ်။ အစ်မတို့ရဲ့ “ရွှေ”အာဟာရမှာ ဝင်ကြည့်လို့ရတယ်။ ကြေးအိုး၊ ဆီချက်တို့ ခေါက်ဆွဲကြော်၊ ထမင်းကြော် တခြားအစားအစာတွေလည်း ရောင်းတယ်။ နောက်ပိုင်းဆို ပါဆယ်ဘူးတွေ နဲ့ ဝယ်လို့ရ အောင်လုပ်ဖို့အထိ အစီအစဉ်ရှိတယ်။ အဲဒါတွေကျရင် ၅ဝဝနဲ့ မရောင်းဘူး။ အဓိက က အစ်မတို့ရည်ရွယ်ချက်ကတော့ အခြေခံလူတန်းစားတွေအနေနဲ့ ၅ဝဝနဲ့ စားလို့ရအောင် လုပ်ပေးတာပါ” လို့ ပြောပါတယ်။

လတ်တလောမှာတော့ ကလေး ၃ယောက်ကိုပဲ အချိန်ပေးနေတဲ့ အတွက်ကြောင့် အနုပညာအလုပ် တွေ မလုပ်ဖြစ်သေးပေမယ့် နောက် ပိုင်းမှာတော့ ကိုယ့်ဘဝမှတ်တိုင် လေးတစ်ခုဖြစ်တဲ့ အနုပညာအလုပ်လုပ်ဖို့စိတ်ကူးရှိကြောင်း ရတနာခင်က ပြောပါတယ်။ ” အနုပညာအလုပ်က တော်တော်နဲ့ လုပ်နိုင်ဦးမှာမဟုတ်ဘူး။ ဒါပေမဲ့ အစ်မတစ်ချိန်ကျရင် အနုပညာလောကကသူတွေနဲ့ပေါင်း စည်းပြီး လုပ်ရတဲ့အလုပ်မျိုး တစ်ခုခု လုပ်ချင်တယ်။ ကိုယ့်ဘဝမှာလည်း မှတ်တိုင်လေးတစ်ခုကျန်အောင် လုပ်ချင်ပါတယ်။ သူငယ်ချင်းတွေနဲ့ စုပြီးဇာတ်ကားလေးတစ်ကား လောက် ရိုက်ကူးချင်တယ်။ အခု အချိန်မှာတော့ ကလေးတွေနဲ့ပဲ အရင်လုံးပန်းလိုက်ဦးမယ်” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here