အမှန်တရားဆိုတာ အချိန်တစ်ခုကနေ အဆုံးအဖြတ်ပေးသွားမှာပါ

0
244

naytoeppl

လတ်တလောမှာ နေတိုးပါဝင် သရုပ်ဆောင်ထားတဲ့ “ကျွန်” ရုပ်ရှင်ဇာတ်ကားကို ပရိသတ်တွေ အထူးအားပေးခဲ့ကြပြီး အောင်မြင်မှုရရှိနေသလို ပုဂံဒေသခံ အချို့ကလည်း ဒီဇာတ်ကားကို ကန့်ကွက်မှုတွေ ရှိ နေကြပါတယ်။ ဒေသခံတွေရဲ့ အထင်အမြင် လွဲမှားခဲ့မှု အပေါ် များစွာ စိတ်မကောင်းဖြစ်ရတယ်လို့ဆိုတဲ့ နေတိုးက…

” ဒီဇာတ်ကားက အနုပညာအားဖြင့် ကြည့်မယ်ဆိုရင် အောင်မြင်တယ်။ ပရိသတ်အားဖြင့် ပြန်ကြည့်မယ်ဆိုလည်း အန္တရာယ်များတဲ့ ကာရိုက်တာတွေထဲကမှ ကောင်းတဲ့ မက်ဆေ့ခ်ျတစ်ခုကို ဆွဲထုတ်နိုင်တဲ့ ဇာတ်ကားတစ်ကားလို့ ကျွန်တော် မြင်မိတယ်။ ဒီအပေါ်မှာမှ ဇာတ်ကားမကြည့်ဘဲနဲ့ Trailer တွေနဲ့ စကားလုံးတွေအပေါ်မှာ ထင်ယောင်ထင်မှား ဖြစ်ခဲ့ တာတွေအတွက်ကိုလည်း စိတ်မကောင်း ဖြစ်ရတယ်။ တကယ်တမ်း ရည်ရွယ်ချက်က အဲဒါမျိုးတွေ မဟုတ် ပါဘူး။ လူဖြစ်ပြီဆိုတာနဲ့ လောဘ၊ ဒေါသ မောဟ ကျွန်ဆိုတာ အလိုလို ဖြစ်ပြီဆိုတဲ့ မက်ဆေ့ခ်ျနဲ့ ဒီလိုမျိုး ကျွန်တွေထဲမှာမှ လောဘ၊ဒေါသ၊ မောဟကင်းတဲ့ ဘုရားပေါ်မှာ ဘုရား ဝေယျာဝစ္စအတွက် လှူဒါန်းထား တဲ့ လူတွေက ပိုပြီးမြင့်မြတ်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အဓိက ဆွဲထုတ်ပြ ထားတာပါ။ ဒါက ဇာတ်ကားရဲ့ အဓိကရည်ရွယ်ချက်ပါ။ ဒီလိုမျိုး ရည်ရွယ်ချက်ကို ရောက်ဖို့အတွက် ကြားထဲမှာ ဇာတ်ကွက်ဆိုတာ လို တယ်လေ။ ဒီလိုဇာတ်ကွက် အပေါ်မှာ ဒေသခံတွေ အနေနဲ့ ပြောတာတွေ၊ သူတို့ခံစားရတာတွေကို ကြား ရတော့ ကိုယ်ချင်းလည်း စာပါတယ်။ တကယ်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် အမှန် တရား ဆိုတာတော့ အချိန် တစ်ခုကနေ အဆုံးအဖြတ်ပေးသွားမယ်။ ဒီဇာတ်ကား ကို ကြည့်လိုက်ပြီးတဲ့အချိန်မှာလည်း နား လည်သဘောပေါက်သွားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်’ လို့ ပြောပါတယ်။

နေတိုးက ဒါရိုက်တာ မီးပွား ပရိုဂျူဆာအနေနဲ့ ထုတ်လုပ်ပြီး ဒါရိုက်တာ အောင်ဇော်လင်း ရိုက်ကူးတဲ့ “ကိုရွှေမောင်၊ မရွှေမ'” ဗီဒီယိုဇာတ်ကားကို အိန္ဒြာကျော်ဇင်နဲ့ အတူပါဝင်သရုပ်ဆောင်နေပြီး မိသားစုဘဝ ဟာသ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဗီဒီယို ဈေးကွက်ပျက်နေ တာကြောင့် ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးမှု နည်းပါး နေပေမယ့်လည်း နေတိုးအနေနဲ့ ဗီဒီယိုဇာတ်ကားတွေ ကြိုကြား ကြိုကြားတော့ ပါဝင်သရုပ်ဆောင်ဖြစ်နေပြီး လက်ရှိ ရိုက်ကူးနေတဲ့ ဇာတ်ကားကတော့ ဈေးကွက်မှာ ဖြန့်ဖို့အတွက် ၇ ကားမြောက် ဗီဒီယို ဇာတ်ကားဖြစ် ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here