နွေးထွေးသောချစ်ခြင်းမေတ္တာတရားတွေနဲ့ သမီးလေးရဲ့ဘဝကို အေးချမ်းစေချင်တဲ့ ဒေါက်တာအောင်မျိုးသူ + သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်

0
362

hlamyo

၁ နှစ်နဲ့ ၉လအရွယ်ရှိနေပြီဖြစ်တဲ့ သမီးလေး သွန်းဘရဏီနွယ်ကို မိဘဝတ္တရားကျေပွန်စွာနဲ့ ကြည့်ရှုစောင့်ရှောက်ပေးနေကြသူတွေကတော့ ဒေါက်တာအောင်မျိုးသူနဲ့ သရုပ်ဆောင်လှမျိုးသဉ္စာနွယ်တို့ဖြစ်ပါတယ်။ အရာရာတိုင်းမှာ သမီးအတွက်ဦးစားပေးစဉ်းစားဖြစ်သလို ဘဝအနာဂတ်အတွက်ပါ အလေးထားစဉ်းစားဖြစ်ပုံအကြောင်းကို လှမျိုးသဉ္စာနွယ်က အခုလို ပြောပြခဲ့ပါတယ်။

သမီးလေးကိုပိုးမွေးသလို မွေးခဲ့ရတယ်

သမီးလေး သွန်းဘရဏီနွယ်က အခု ၁ နှစ်နဲ့ ၉ လရှိပါပြီ။ အစ်မ ကတော့ အစ်မသမီးလေးကို ဒီအ ရွယ်ရောက်တဲ့အထိ အစ်မကိုယ်တိုင် ပဲ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တာ ပါ။ နပ်စ်ကိုလည်း သူ ၂ လလောက် ကတည်းက ဖြုတ်လိုက်တယ်။ ဘာလို့ လဲဆိုတော့ သူနဲ့အစ်မ တအား ရင်းနှီးမှုရအောင်လို့ အစ်မကိုယ်တိုင် ပြုစုချင်တဲ့ စိတ်ကြောင့်ပေါ့နော်။

အစ်မက အသက်ကြီးမှလည်း အိမ်ထောင်ကျတယ်။ ကလေးမွေး တော့လည်း နည်းနည်းအသက်ကြီးမှ ဆိုတော့ သူ့ကို တော်တော်လေးကို သေချာပိုးမွေးသလို မွေးခဲ့ရတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ အစ်မကို မြတ်စွာဘုရားရှင်က ဆုလာဘ်ပေးတဲ့ အနေနဲ့ သမီးလေးက ကျန်းကျန်း မာ မာနဲ့ မွေးလာခဲ့တယ်။ သမီးလေးက မျက်နှာက သူ့အဖေနဲ့တူပြီး ခန္ဓာကိုယ်ထွားတာကတော့ အစ်မနဲ့ တူ နေတယ်။

hlamyo2

ကလေးတွေ အတုယူမမှားဖို့
မိဘ တွေက နံပါတ်တစ်ဖြစ်တယ်

သမီးက သူ့လေးလေး ဘာလုပ်လဲ သူလိုက်လုပ်တယ်။ သူ့ဖေဖေ ဘာလုပ်လဲသူလိုက်တယ်။ သူ့မေမေ ဘာလုပ်လဲသူလိုက်လုပ်တယ်ဆို တော့ အစ်မကတော့ အထူးသဖြင့် သူ့ရှေ့မှာ ကျန်းမာရေးကအစ ကိုယ် တိုင်လုပ်ပြတယ်။ မေမေက သွားတိုက်ပြရင် သူကလိုက်တိုက်တယ်။ မေမေက သန့်ရှင်းရေး လုပ်ရတယ်ဆိုရင် သူက သန့်ရှင်းရေး လိုက် လုပ်တယ်။ အဲဒီလိုမျိုးလေးပေါ့ နော်။ တစ်ကိုယ်ရေ တစ်ကာယက အစ လုပ်တတ်လာအောင် လုပ်ပေး တယ်။ သမီးလေး အရွယ်က လိုက်ပြီး အတု ယူတတ်နေတဲ့ အရွယ်ဆိုတော့ ရုပ်ရှင်တွေဆိုရင်လည်း သူ့စိတ်ထဲမှာ ကြောက်သွားမှာတို့ နောက်ပြီးတော့ သူနားမလည်နိုင်တဲ့ ရုပ်ရှင်မျိုးတွေ အစ်မ မကြည့်ဘူး။ အခု အစ်မအိမ်မှာဆိုရင် Baby TV ပဲ ကြည့်ရတယ်။ အစ်မဘာမှ မကြည့်ရဘူး။ အစ်မ ရုပ်ရှင် တအားဝါသနာပါတယ်လေ။ တစ်နေ့ တစ်ကားတော့ ရအောင် ကြည့်မယ်ဆိုပေမယ့် အခုမရပါဘူး။ သူ့ကိုပဲ ဦးစားပေးရတယ်။ ကလေး အတုယူမမှားဖို့အတွက် အဓိကကတော့ မိဘက နံပါတ်ပဲပေါ့ နော်။ အစစအရာရာတော့ သတိထားနေ ရပါတယ်။

သမီးအတွက် အနာဂတ်ရည်မှန်းချက်

သမီးလေးရဲ့ အနာဂတ်အတွက် ကတော့လေ သူ့အဖေရော၊ အစ်မကပါ သမီးလေးကို ဆရာဝန် ကြီးဖြစ်ပါစေ၊ မင်းသမီးဖြစ်ပါစေ လို့ တော့ အစ်မတို့ ဖိအားမပေးပါဘူး။ အဓိကက မိန်းကလေးဖြစ်နေတဲ့ အတွက် သူ့ဘဝလေး စိတ်အေး ချမ်းတဲ့ ဘဝလေးနဲ့ လုံခြုံတဲ့ ဘဝနဲ့ ပျော်ပျော်ရွှင်ရွင်လေးပဲ ကြီးပြင်းစေချင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့အစ်မ လည်းအသက် ၁၆၊ ၁၈၊ ၂ဝ အဲဒီ လောက်ဝန်းကျင်ကတည်းက အနုပညာ အလုပ်တွေ စလုပ်လာပြီး ဖိအားတွေ များခဲ့တာ ပေါ့နော်။ လူငယ်ဘဝ ပျော်ရွှင်ရတာတွေ လည်း မသိလိုက်ဘူး။ အလုပ်ပြီး အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့ရတော့ သမီး လေးကို သူရွေးချယ်တဲ့ Life မှာ သူအောင်အောင်မြင်မြင် နဲ့ စိတ်ချမ်းသာစွာ သွားနိုင်ရင် ရပါ ပြီ။ ဒါအစ်မရဲ့ ဆန္ဒပါပဲ။ သူ့အဖေလည်း အဲဒီအတိုင်း ပါပဲ။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here