အမေရိကန်နိုင်ငံ ကို ရောက်ရှိနေတဲ့ မောင်ဖြစ်သူ အကြောင်း ပြောပြသူ အကယ်ဒမီ စိုးမြတ်သူဇာ

0
593

SoeMyatNanDar-သရုပ်ဆောင် စိုးမြတ်နန္ဒာက အခုလတ်တလောမှာ အမေရိကန်နိုင်ငံ ဏသမအူညေိ မြို့မှာ နေထိုင်နေတဲ့ အစ်ကိုရင်းဖြစ်သူ ကိုစိုးသူရနိုင် ဆီ ကို ရောက် ရှိနေပါတယ်။ စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာ၊ စိုးသူရနိုင်၊ စိုးမြတ်နန္ဒာ ဆိုပြီး မောင်နှမ ၄ယောက်ရှိပြီး အစ်ကိုဖြစ်သူ က အမေရိကန်နိုင်ငံမှာ အခြေချနေ ထိုင်နေတာမို့ မတွေ့ဖြစ်တာ ၁၇နှစ်ရှိပြီဖြစ်တယ်လို့ စိုးမြတ်နန္ဒာက ဆိုပါတယ်။ အခု အချိန် မှာ အစ်ကိုဖြစ်သူရှိတဲ့မြို့လေးမှာ အရမ်းကို ပျော်နေပါတယ်လို့ ဆိုပြီး ခုထိ လူပျိုကြီးပဲလို့ စိုးမြတ်နန္ဒာက သူရဲ့ဖေ့စ်ဘုတ်မှာ သူ့ အစ်ကို အကြောင်း ရေးသားထားတာ တွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ တစ်ဦးတည်းသော မောင်လေးနဲ့ ပတ်သက် ပြီး စိုးမြတ်သူဇာ ကလည်း..

“မကြီးမှာ မောင်လေး တစ်ယောက် ရှိနေတာ လူတိုင်းသိပါတယ်။ သူက အမေရိက ရောက်နေတာ တော်တော် ကြာပြီ။ မကြီး နဲ့တော့ တွေ့ဖြစ်ပါတယ်။ ဒါဒါတို့၊ အမေတို့ အဖေ တို့နဲ့မတွေ့တာ ၁၇နှစ်လောက် ရှိပြီ။ သူ့ကို ဟိုတစ်နေ့က ဖုန်းပြောရင်း နဲ့ ပြောဖြစ်သေး တယ်။ နင်ငါ့ကို အသက်ကြီးလာရင် ဝယ်ပေး မယ်ဆိုတဲ့ ပစ္စည်းတွေ စာရင်း လုပ်ထားသေးတယ်လို့။ အရင်တုန်းက ဆိုရင် မကြီးကို သူအသက် ကြီးလာရင် ဘာဝယ်ပေးမယ် ဆိုပြီး ပြောထား တယ်လေ။ အခုအချိန် ထိ အသက် မကြီးသေးဘူးလား ဆိုတော့ ရယ်နေ တယ်။ သူ အသက် ၄ဝ ကျော်ပြီ။ မောင်တစ်ယောက်တည်း ရှိတယ်။ ဘာမှန်းလဲ မသိဘူး။ သူက မြန်မာပြည် လည်း ပြန်မလာဘူး” လို့ ပြောပြခဲ့ ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here