Miss Earth Myanmar 2017 အလှမယ်ကို ရွေးချယ် တော့မည်

0
195

Miss Earth Myanmar 2017 Grand Final ပြိုင်ပွဲကြီးကို ဇွန်လ ၂၄ ရက်၊ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပတော့ မှာ ဖြစ်ပါတယ်။

အဆိုပါပွဲအတွက် ဆန်ခါတင် အလှမယ် ၂၆ ဦးကိုလည်း ရွေးချယ်  ခဲ့ပါတယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာများ ပေးလိုတာကြောင့် Miss Earth ကို ကျင်းပတာ ဖြစ်ကြောင်း သိရပါတယ်။ ပွဲကျင်းပရခြင်း နဲ့ ပတ်သက် ပြီး Miss Earth Myanmar ရဲ့ National Director တစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်လှိုင် က…

”ကမ္ဘာမြေကြီးကို ထိန်းသိမ်းဖို့အတွက် အလှမယ်ရွေးချယ်ပွဲ ဖြစ်ပါ တယ်။ ဆုရရှိမယ့် အလှမယ်အတွက် ဆုတွေ၊ အခွင့်အရေးတွေကို ကြို မပြောထား ပါဘူး။ ဆုတွေ၊ အခွင့် အရေးတွေ လိုချင်လို့ လာပြိုင်တာ ထက် ကမ္ဘာမြေကြီး ကို တကယ်ချစ်လို့ လာပြိုင်တာပဲ လိုချင်လို့ပါ။ ဆုရရှိမယ့် အလှမယ်ကိုလည်း ထိုက်တန်တဲ့ဆု ပေးအပ်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

ပလတ်စတစ်၊ သတင်းစာစက္ကူ စတဲ့ စွန့်ပစ်ပစ္စည်းများနဲ့ တီထွင်ဖန် တီးထားတဲ့ ဖက်ရှင်ဒီဇိုင်းတွေကို အသုံးပြုပြီး ကျင်းပမယ့် Eco-Fashion Show ပွဲကိုလည်း ဇွန်လ ၁၉ ရက်နေ့မှာ Apollo Hotel မှာ ကျင်းပသွားမယ် ဖြစ်ကြောင်း သိရပါတယ်။

ဇော်ဝင်းမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here