တစ်ကိုယ်တော် စီးရီးခွေ ထွက်ရှိတော့မယ့် ဆောင်းဦးလှိုင်

0
276

saung-Oo-hlaingတစ်ကိုယ်တော် အခွေ မထွက်ဖြစ်တာ ၁ဝ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ ဆောင်းဦးလှိုင်က မကြာခင်မှာတော့ တစ်ကိုယ်တော် အခွေ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် အခွေနာမည် ကိုတော့ ‘ကမ္ဘာ့စံချိန်’ လို့ အမည်ပေးထားပြီး အခွေထဲမှာ သီချင်း အားလုံး (၈)ပုဒ်ပါဝင်မှာဖြစ်ကာ မကြားရတာ ကြာပြီဖြစ်တဲ့ ဆောင်းဦးလှိုင်ရဲ့ အချစ်သီချင်း အသစ်တွေကို ပရိသတ်တွေ နားဆင်ကြရ မှာဖြစ်ပါတယ်။

အခွေနဲ့ ပတ်သက်ပြီး ဆောင်းဦးလှိုင်က ”ချိုကြည် သာ တေးသံသွင်းမှ မနီလာနဲ့ online ဖြန့်ချိပေးမယ့် Myanmar Music Store ကိုကိုလွင် တို့ရဲ့ အားပေး တိုက်တွန်းမှုများကြောင့် ဒီလထဲမှာပဲ ထုတ်လုပ်နိုင်ပါ တော့မယ်။ သီချင်းခွေ လုပ်ဖြစ်အောင် စိတ်ဓာတ်မြှင့် တင်ပေး ခဲ့တဲ့ ညီငယ် နဂါးလေး ကိုလည်း သတိရနေပါတယ်။ မည့်သည့ှ်Sponsor မှမယူတော့ဘဲ မိတ်ဆွေရင်းများရဲ့ ကူညီမှုဖြင့် ထုတ်လုပ် သွားပါမယ်။ ကျွန်တော်တို့မျိုးဆက်များ၊ စိတ်တူကိုယ်တူ ယုံကြည်ချက် တူညီသူများကို Target ထား ရည်ရွယ်ပါတယ်။ တစ်ကိုယ်တော် အခွေ မထွက်တာ ၁ဝနှစ်ကျော် ကြာခဲ့ပါပြီ။

ကျွန်တော် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတဲ့ သီချင်းများကို နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်မှုအ ပြည့်ရှိနေပြီး တန်ဖိုးရှိအောင် လည်း စွမ်းဆောင်ထားပါတယ်”လို့ ပြောပြပါတယ်။ ဆောင်းဦးလှိုင်က အခုလက်ရှိ အချိန်မှာတော့ မလေးရှားနိုင်ငံ ၊ ဘော်နီယို ကျွန်း မှာ နေထိုင် လျက်ရှိပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here