ဝေဠုကျော် ရဲ့ ပရဟိတဆောင်ပုဒ်က ဘာလဲ

0
132

WLK“ကျွန်တော်ရဲ့  ဆောင်ပုဒ်က တော့ အနီးဆုံး ရန်သူကို ရှ့ာတိုက်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့က အနီးဆုံး ပရဟိတကို ရှာလုပ်ဖို့ပါ။” လို့
ဝေဠုကျော် ပရဟိတဖောင်ဒေးရှင်း ဦးဆောင်သူဖြစ်တဲ့ ရုပ်ရှင် သရုပ်ဆောင် မင်းသား ဝေဠုကျော်က ဇွန် ၂၄ က ကျင်းပတဲ့ သဘင် ရုပ်ရှင် အနုပညာ ရံပုံငွေပွဲတော် နှင့်ပတ်သက်သည့် စာနယ်ဇင်း ရှင်းလင်းပွဲ ၌ ပြောကြားခဲ့ ပါတာဖြစ်ပါတယ်။

“ကျွန်တော် တို့တွေက ကိုယ်နေတဲ့ ရပ်ကွက် ၊ ပြည်နယ်၊ တိုင်း ကိုကျော်ပြီး တခြားပြည်နယ်တိုင်း တွေမှာ မှာ ကူညီ ကယ်ဆယ်ရေးတွေ သွားရောက် လုပ်နိုင်တာခဲ့တာကို အားကျတယ်လို့ ပြောတဲ့လူတွေ အများကြီး ရှိပါတယ်။ ကျွန်တော် တို့ရဲ့  အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း က စစ်ထွက် မိန့်ခွန်း မှာ ပြောခဲ့ပါတယ်။ အနီးဆုံးရန်သူကို ရှာတိုက်ပါ။ ကျွန်တော်ရဲ့  ဆောင်ပုဒ်က တော့ အနီးဆုံး ရန်သူကို ရှ့ာတိုက်ဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့က အနီးဆုံး ပရဟိတကို ရှာလုပ်ဖို့ပါ။ အဝေကြီးကို သွားပြီး မလုပ်နိုင်ကြလို့ အားမငယ် ကြပါနဲ့ ။ကျွန်တော်တို့ အိမ်မှာရှိတဲ့ မိဘနှစ်ပါး ကို လုပ်ကျွေးပြုစုခြင်း ၊သူတို့ ရဲ့ဝေယျာဝစ္စတွေ လုပ်ကျွေးပြုစုနိုင်ခြင်း သည် လည်း ပရဟိတ မည်ပါတယ်။ အကောင်းဆုံး ပရဟိတပါ။ အဲတာတွေကို ကျော်လွန်ပြီး လုပ်ပေးနိုင်လာရင် မိသားစုနဲ့ ပတ်သက်တဲ့ ဝေယျာ ဝစ္စ ကောင်းမွန်တဲ့ ကိစ္စတွေကို အားလုံးကို လုပ်ကိုင်ပေးနိုင်သလို ကိုယ်ရဲ့ ညီအစ်ကို မောင်နှမ၊ သူငယ်ချင်း အပေါင်းအသင်း၊ လုပ်ဖော် ကိုင်ဖက်တွေ ရဲ့ လိုအပ်ချက်တွေကို ပါဝင် ကူညီလုပ်ကိုင်ပေးခြင်း ကလည်း ပရဟိတ မည်ပါတယ်။ ဒီထက်ပိုပြီး အချိန်ရသေးလို့ အချိန်လေးတွေ ပိုနေမယ်ဆိုရင် ကိုယ့်အိမ်ရှေ့မှာ ရှိနေတဲ့ အမှိုက်ကလေးတွေ ထွက်ကောက်တာတို့ ၊ မြက်ကလေးတွေ ထွက်ရှင်း တာတို့၊ ပိတ်နေတဲ့ မြောင်းကို ရှင်းလင်းပေးတာတို့ ကလည်း ပရဟိတပါပဲ။ အဲဒါကြောင့် ပရဟိတက အဝေးကြီး သွားလုပ်ဖို့ မလိုပါဘူး လုပ်ဖြစ်ဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့ကတော့ မိဘကို ဗဟိုပြု၍ အနီးဆုံး ပရဟိတကို ရှာလုပ်ဖို့ပါပဲ။ အဲဒီထက် ပိုလုပ်နိုင်လာရင်တော့ ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမ၊ မိသားစု ၊ကိုယ့်ရဲ့ဆွေမျိုးသားချင်း၊ မိမိတို့ ရပ်ရွာ၊ မြို့ ၊ ပြည်နယ်၊ တိုင်း အဆင့်ဆင့် လုပ်သွားဖို့ လိုပါတယ်။ ပရဟိတ လုပ်တဲ့ သူတွေရဲ့  ခွန်အားက တိုင်းပြည် အတွက် လိုအပ်နေပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ အဝေးကြီး သွားလုပ်ဖို့ မလိုပါ ဘူး။ ကျွန်တော်တို့ အနီးဆုံး ပရဟိတကို ရှာလုပ်ခြင်းဖြင့် ကျွန်တော်တို့ နိုင်ငံ အတွက် လိုအပ်နေတဲ့ နေရာ နဲ့ ပြည်သူတွေ အကျိုးပြုနိုင်ကြပါစေ လို့ ဆုတောင်းပါတယ်။” ဟု ဝေဠုကျော် က ပရဟိတနဲ့ ပတ်သက်တဲ့ သူရဲ့  အမြင်ကို ပြောကြားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here