မျိုးဆက်သစ် ဂီတသမားတွေ အတွက် ဇော်ပိုင်ရဲ့ အကြံပြုစကား

0
118

Zaw-Painအဆိုတော် ဇော်ပိုင်ကတော့ ဆယ်စုနှစ် တစ်ခုကျော် ပရိသတ် အားပေးမှုကို ရရှိထားပြီး ယခုနှစ်မှာလည်း ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့် တို့နဲ့ ပေါင်းပြီး “ဇော်ပိုင်၊ ဖြူဖြူ၊ နီနီ၊ အိုင်ရင်း” တေးစီးရီး Music Video လည်း ထွက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အခု လက်ရှိ မှာလည်း သူ့ရဲ့တစ်ကိုယ်တော် တေးစီးရီးခွေ ထွက်ဖြစ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ သူ့ရဲ့တစ်ကိုယ်တော် တေးစီး ရီးနဲ့ ပတ်သက်ပြီး

“တစ်ကိုယ်တော် တေးစီးရီး လုပ်နေပါတယ်။ သီချင်းတွေ စသွင်းနေပါပြီ။ တေးရေးဆရာတွေ ကတော့ ကိုယ်နဲ့ လက်တွဲနေ ကျ တေးရေး ဆရာတွေ ပါဝင်တယ်။ သီချင်းတွေက အစ်ကိုဆိုနေကျ ပုံစံထက် နည်းနည်းပြောင်းထားတဲ့ သီချင်းတွေလည်းပါ တယ်။ တေးစီးရီး နာမည်ကတော့ စဉ်းစားနေ တုန်းပဲ။ သြဂုတ်လ၊ စတင်ဘာလလောက် ထွက်ဖြစ် မယ်တော့ မှန်းထားပါ တယ်”လို့ ပြောခဲ့ပါတယ်။

ဝါရင့်အဆိုတော် တစ်ဦးဖြစ်တဲ့ ဇော်ပိုင်က ပိုင်းကို ဝါသနာပါတဲ့ မျိုးဆက်သစ်လူငယ် တွေအတွက် အားပေးစကား ပြောခဲ့ပါတယ်။

“အစ်ကိုတို့ခေတ်တုန်း ကကျတော့ Media  ပိုင်းမှာ အားနည်းတယ်။ ဂျာနယ်နဲ့ မဂ္ဂဇင်းလောက်ပဲ ရှိတာလေ။ ဒီဘက်ကျတော့ Music  ဝါသနာပါတဲ့ လူငယ်တွေ အတွက် အားသာချက်တွေ အများကြီး ရှိပါတယ်။ Social Media တွေ၊ တခြား media ကဏ္ဍပေါင်းစုံ၊ TV Channal
တွေ၊ FM တွေ အရမ်းပေါလာတော့လေ အနုပညာလှုပ်ရှားမှုတွေ ပျံနှံ့ပြီး ထိရောက်ဖို့ လွယ်ကူပါတယ်။ အခွင့်အလမ်း တွေလည်း အများကြီး ရှိပါတယ်။ Music ကို ဝါသနာ ပါတဲ့ လူငယ်တွေအတွက် ဝမ်းသာပါတယ်။ ကိုယ်တိုင်လည်း Music ကို ချစ်တဲ့သူ တစ်ယောက်ပါ။ မှန်ကန်တဲ့ ကြိုးစားမှုတွေ၊ မှန်ကန်တဲ့ ရွေးချယ်မှုတွေ လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here