ခေါင်းဆောင်မင်းသား အနေနဲ့ ရိုက်လာရပြီဖြစ်တဲ့ စိုးသီဟ

0
229

Soe-Thihaသရုပ်ဆောင် စိုးသီဟက ဒါရိုက်တာ ဥက္ကာဗို ရိုက်ကူးတဲ့ “နှလုံးသား စေညွှန်းရာ” ဗီဒီယိုဇာတ် ကားကို ဝါဆိုမိုးဦး၊ မင်းဦးတို့နဲ့ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားက စိုးသီဟ ခေါင်းဆောင်မင်းသား အနေနဲ့ ပထမဆုံး စတင်ရိုက်ကူးတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ပထမဆုံး ခေါင်းဆောင်မင်းသား အနေနဲ့ ရိုက်ကူးရတဲ့ ဇာတ်ကားမှာ သူ့မှာရှိတဲ့ အနုပညာ အစွမ်းအစတွေ နဲ့ အစွမ်းကုန် ကြိုးစားထား ကြောင်းကို စိုးသီဟက “အကောင်းဆုံး ဖြစ်အောင် စိတ်နှစ်ပြီး သရုပ်ဆောင်တယ်။ ကျွန်တော်သိတဲ့၊ တတ်တဲ့ မဆိုသလောက် ပညာလေးနဲ့တော့ အကောင်းဆုံး ကြိုးစား ထားပါတယ်။ ကျွန်တော့် ဇာတ်ကားတွေ ကျွန်တော် ပြန်ကြည့်တဲ့ အခါတိုင်း မှာ ကျွန်တော့်ကိုယ် ကျွန်တော် လိုအပ်ချက်တွေ၊ အားနည်းချက်တွေ တွေ့နေတုန်းပါပဲ။ ကျွန်တော့် ကိုယ် ကျွန်တော် အားလည်း မရဘူး။ ကျေ လည်း မကျေနပ်ဘူး။ ဒါပေမဲ့လည်း ကျွန်တော့်မှာ ရှိတဲ့ အစွမ်း အစတွေ အကုန်လုံးနဲ့ အားထုတ် ကြိုးစားထားတဲ့ အတွက် ကျွန်တော့်ဇာတ်ကားလေး ထွက်လာရင် အားပေးကြဖို့၊ ဝေဖန်ပေးကြဖို့ တောင်းဆိုပါတယ်” လို့ ပြောပြ ပါတယ်။

အနုပညာကို ငယ်ငယ်တည်းက ဝါသနာပါခဲ့ပြီး သူ့ကိုယ်သူ မင်းသား တစ်ယောက် ဆိုတာထက် သရုပ် ဆောင်ကောင်း တစ်ယောက် ဖြစ် အောင်သာ ကြိုးစားသွားမှာပါ ဆိုတဲ့ စိုးသီဟက “ကျွန်တော် အနုပညာကို ငယ်ငယ် ကတည်းက ဝါသနာပါခဲ့တာပါ။  ဒီအလုပ်မှ မလုပ်ရရင် လည်း ကျွန်တော် မနေနိုင်ပါဘူး။ အဲဒါကြောင့် ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမယ်။ ပြီးတော့ ကျွန်တော် ကိုယ်တိုင်က မင်းသား ဆိုတာထက် သရုပ်ဆောင်ကောင်း တစ်ယောက် ပဲဖြစ်ချင်တာ။ အဲဒီတော့ မဖြစ်ဖြစ် အောင် ကြိုးစားမယ်။ ဒီလိုဖြစ် လာဖို့ ကလည်း ဇာတ်ရုပ်စုံအောင်၊ ကာရိုက် တာစုံအောင် လုပ်နိုင်မှ သရုပ်ဆောင် ကောင်းဆိုတာ ဖြစ်လာမှာပါ။ အဲဒီအတွက် ကိုလည်း အကောင်း ဆုံးကြိုးစား သွားမှာပါ”လို့ အနုပညာနဲ့ ပတ်သက်ပြီး ကြိုးစားသွားမယ့် အကြောင်းကို ပြောပြခဲ့ပါတယ်။ ဗီဒီယိုဇာတ်ကားတွေ ကိုသာ ရိုက်ကူးနေတဲ့ စိုးသီဟက သူ့အစ်မ လှမျိုးသဉ္ဇာနွယ် နဲ့ အတူရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ရှိကြောင်းလည်း သိရပါတယ်။

 ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here