Helicopter နဲ့ မင်္ဂလာပြန်ဆောင်ခဲ့တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ

0
199

Smile-2ဇွန်လ ၂၂ ရက်နေ့ မွေးနေ့ရှင် သရုပ်ဆောင် စမိုင်းလ်ရဲ့ အသက် ၃၃ နှစ်ပြည့် မွေးနေ့ ရက်မှာတော့ မိသားစုလိုက် အမေရိကား ကို ရောက် ရှိနေပါတယ်။ ဇွန်လ ၉ ရက်နေ့မှာ တော့ မွေးနေ့အကြို အလှူ အဖြစ် ရန်ကုန်မြို့ လှိုင်သာ ယာ မြို့နယ် မှာရှိတဲ့ သစ် တံခါး ကျောင်း တိုက်မှာ ဆွမ်းကပ်လှူဒါန်းခဲ့ပြီး လူ အယောက် ၁ဝဝဝ၊ ဘိုးဘွား ၁၁ဝ ဆန်၊ ဆီ၊ ဆေးငွေကျပ် ၅ဝဝဝ ကျပ် စီစတုဒိ သာ လှူဒါန်း ခဲ့ကြောင်း သိရပါတယ်။ မွေးနေ့ရက်ဖြစ်တဲ့ ဇွန်လ ၂၂ ရက်နေ့ မှာတော့ အမေရိ ကားမှာ ရှိတဲ့ ဘုန်းကြီးကျောင်းမှာ သင်္ကန်းကပ် လှူဒါန်းခဲ့ပြီး ညဘက်မှာတော့ ခင်ပွန်း ဖြစ်သူ ကိုပြည့်မောင် က မွေးနေ့ Surprise လုပ်ပေးခဲ့ တယ်လို့ သိရပါတယ်။

“မွေးနေ့က နေမကောင်းတော့ မနက်ကျမှ ဘုန်းကြီးကျောင်း သွားမယ် ဆိုပြီး ဆေးသောက် အိပ်နေတာ သူက  အဲဒီကားကြီး ငှား ပြီး မွေးနေ့ Surprise လုပ်ပေးတယ်။ အစ်မနဲ့ ကလေးတွေ အိပ်ချင်မူတူးနဲ့ပါ သွားတယ်။ ဒီမွေး နေ့လေးက အစ်မအတွက် အမှတ် တရလေး ပါပဲ” လို့ပြောပါတယ်။

သရုပ်ဆောင် စမိုင်းလ်တို့ ဇနီး မောင်နှံက သူတို့ရဲ့ မင်္ဂလာနှစ်ပတ် လည်တိုင်းကို တစ်နှစ်တစ်ခါ ပုံမှန် ပြုလုပ်လေ့ရှိပြီး ဒီနှစ် နှစ်ပတ် လည် မှာတော့ အမေရိကား ရောက်ရှိနေ တာဖြစ်တဲ့ အတွက် ထူးထူးခြား ခြားအနေနဲ့ Helicopterနဲ့ မင်္ဂလာ ပြန်ဆောင် ခဲ့ကြောင်း လည်း စမိုင်းလ် က ပြောပါတယ်။ “မင်္ဂလာပြန် ဆောင်ဖြစ်တာကတော့  Rave မှာမင်္ဂလာဆောင်ဖုးချင်တယ် လို့ပြော တာကြာပြီ။ ပြီးတော့ အစ်မတို့က တစ်နှစ်တစ်ခါ ပြန်ဆောင်တဲ့ဟာလေး လုပ်ဖြစ်နေတာကြာပြီ။ ဒီတစ်နှစ် အတွက်တော့ ဒီမှာဆောင်ဖြစ် တာ ပေါ့။ အဲဒီမှာ တစ်လကျော် ကြာမယ်။ ကလေးတွေ ကျောင်းပိတ်တုန်း သူ့အဘိုးအဘွားတွေ နဲ့တွေ့ရအောင် လာဖြစ်တာပါ” လို့ ပြောပါ တယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here