Beauty & Fashion House ဆိုင်မှ ရရှိသော အမြတ်ငွေများ အား လှူဒါန်းသွားမယ့် ဘေဘီမောင်

0
141

Bဘေဘီမောင်က သူ့သူငယ်ချင်း တစ်ဦး နဲ့အတူ ဖွင့်လှစ်တဲ့ ‘Baby & Barani’ ( Beauty & Fashion House) ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနား ကို ဇွန်လ ၂၂ ရက်နေ့ နေ့လယ် ၁နာရီက တာမွေမြို့နယ်၊ ကျောက် မြောင်း၊ သီတာလမ်း၊ အမှတ် ၄၁၊ မြေညီထပ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။  ဒီဆိုင်မှာ အလှအပ ဆိုင်ရာနဲ့ ဖက်ရှင် အလန်းစားများ ရရှိနိုင်မှာဖြစ် ကြောင်းကို ဘေဘီမောင် က…

“အလှအပ ဆိုင်ရာမှာ မိန်းက လေး တော်တော်များများ အသား အရေ ညစ်နွမ်းနေတယ် ဆိုရင်လည်း အသားအရေ လှပအောင်ရယ်၊ လက် သည်းတွေ အကြည်လေးနဲ့ လှအောင်ရယ်၊ လက်သည်း ပုံဖော်ပြီး လှပအောင် လုပ်ပေးမယ်။ ဆံပင်ပိုင်း ဆိုင်ရာမှာလည်း အစုံရပါတယ်။ နောက်ပြီးတော့ Fashion နဲ့ ပတ်သက်ပြီးတော့လည်း ပွဲတက် ဖက်ရှင် အမိုက်စားလေးတွေ ရနိုင် ပါတယ်။ ကိုယ့်နိုင်ငံမှာ မရသေးတဲ့ ဟာမျိုးလေးတွေ ပေါ့နော်။ အခု ခေတ်ကတော့ နိုင်ငံတကာ သွားလို့ ရပါတယ်။ ဒါပေမဲ့ မအားသေးတဲ့ သူတွေအတွက် ဖက်ရှင်လန်းလန်း လေးတွေ ရောင်းဖို့ လုပ်ထားပါ တယ်။ ဘေဘီ ကိုယ်တိုင်ကလည်း လှချင်တယ်၊ ကိုယ့် သူငယ်ချင်းတွေကို လည်း ဝတ်စေချင်တယ်။ အဲဒါ ကြောင့် အားလုံးပေါင်းပြီး အခုလို ဆိုင်လေးဖွင့်လိုက်တာပါ” လို့ ဆိုင်ဖွင့်ပွဲနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

ဒီဆိုင်က အဝတ်အထည်များ ကတော့ ဘန်ကောက်က Brand  များကို တင်သွင်း ရောင်းချသွားဖို့ ရှိကြောင်း ဘေဘီမောင်က ပြောပါ တယ်။ ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ် အနေနဲ့ ဆိုင်ကို လာ ရောက်ဝယ်ယူသူ သူငယ်ချင်း၊ မိတ်ဆွေများကို 10% Discount , 30% Discount တို့နဲ့ ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဒီဆိုင်က ရောင်းရအမြတ်ငွေ ကိုလည်း မိဘမဲ့ ကလေးများ အတွက် လှူဒါန်းပေး သွားမှာ ဖြစ်ကြောင်းကို ဘေဘီ မောင်က

” စီးပွားရေး ဆိုတာထက်ကို ညီမကိုယ်တိုင်က ပေးချင်၊ ကျွေးချင်၊ လှူဒါန်းချင်တဲ့ စိတ်က တအား များတယ်။ အဲဒီတော့ ဒီဆိုင်အောင် မြင်တယ်၊ တိုးတက်တယ် ဆိုရင် ဒီဆိုင်ကရတဲ့ အမြတ်ငွေထဲကနေ Bank  အကောင့်တစ်ခုနဲ့ စုပြီးတော့ မိဘမဲ့ ကလေးတွေကို လှူချင်တယ်။ သူတို့တွေက တအား အားငယ် ကြ တယ်။ ကိုယ်ကိုယ်တိုင် ကလည်း မိခင် စိတ်ရှိတဲ့ အခါကျတော့ မိခင်မေတ္တာ၊ ဖခင်မေတ္တာ လိုနေတဲ့ ကလေးတွေကို အဓိက လှူချင်တယ်။ သူတို့ဘဝ လေးတွေအတွက် ပြုစုပျိုး ထောင်ဖို့ဆိုတာ မိဘတွေ မရှိ တော့ အလှူ ရှင်တွေကိုပဲ အား ကိုး ရတယ်။ အဲဒီအခါကျတော့ ညီမတို့လို အလှူရှင်တွေ များ များရှိမှသာ ဒီကလေးတွေ ဘဝတိုးတက်မယ်၊ အောင် မြင် မယ်ပေါ့နော်။ အဲဒါ ကြောင့် လှူဒါန်း ချင်တာပါ” လို့ ပြောပြပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here