ကျေးဇူးတော်အဖို့ ကဗျာ

0
125

sawbn

ပြီးခဲ့တဲ့ စာပေဟောပြောပွဲရာသီက ကိုငြိမ်းတို့ အောင်ပင်လယ်မှာ စာပေဟောပြောပွဲ တစ်ပွဲလုပ် ဖြစ်ပါတယ်။ ဟောပြောတဲ့ ဆရာတွေကတော့ “နေဇော်နိုင်” နဲ့ အခြားသုံး ယောက်ပါ။ နေဇော်နိုင်ကတော့ အောင်ပင်လယ်ရောက် ရောက်ချင်း ကိုငြိမ်းကို လာနုတ်ဆက်ပါတယ်။ ပြီးတော့ စီစဉ်သူတွေ က စီစဉ်ပေးတဲ့ ဟိုတယ်မှာ မတည်းဘဲ ကိုငြိမ်းအိမ် မှာပဲတည်းပါတယ်။

အောင်ပင်လယ်မှာ ဟောပြောပွဲတွေ ၄-၅ ကြိမ် လောက် လုပ်ဖူးပြီး စာရေးဆရာ ဆိုသူတွေလည်း ၁ဝ ယောက်၊ ၁၅ ယောက်လောက် လာဟောဖူး တယ်။ ဒီဟောပြောကြသူတွေထဲ မှာ ကိုငြိမ်းထက်ပိုပြီး သက်ကြီး ဝါကြီးသူဆိုလို့ ဆရာကိုလေး (အင်းဝဂုဏ်ရည် ) တစ်ဦးပဲရှိ ပါတယ်။ ဒီလို လာဟောပြော ကြသူတွေထဲမှာ စာရေး ဆရာ၊ ကဗျာဆရာရယ်လို့ လောက်လောက်လားလား မဖြစ်သူတွေ တော်ပါပါတယ်။ အဲ…ငြိမ်းသစ်တို့ပွဲတုန်းကတော့ ငြိမ်းသစ် အိမ်လာတယ်။ ငယ်ပေါင်း တွေဆိုတော့ ပြောစရာတွေလည်း များမှများပါ။

ကိုငြိမ်းလည်း တစ်ပြည်လုံးပတ်ပြီး ဟောပြောပွဲတွေ အများကြီး ဟောဖူးတယ်။ ရောက်တဲ့ ဒေသက ဒေသခံဆရာကြီးတွေ၊ ဆရာမကြီး တွေကို အရင်ဆုံးဝင်ပြီး ဂါရဝပြုပါ တယ်။ အထူးသဖြင့် အဲဒီဒေသက အခုခေတ်လူငယ်တွေ မသိတော့တဲ့ ဆရာမျိုးတွေကို ဖော်နေတယ်။ အလေးပြုချင်တယ်။ ဒီဆန္ဒအတွက် ဥပမာတွေ အများကြီး ပြောချင်တယ်။ သန်လျင် ရောက်ရင် ဆရာသန်လျင်ဘုန်းအောင် ရဲ့ ၁၉၅၈ ခု စက်တင်ဘာ ၃ဝ မှာပါတဲ့ “မျိုးချစ်သူရဲကောင်း” ကို ရွတ်ဆို ဂုဏ်ပြုမယ်၊ ရွှေဘိုရောက်ရင် ငွေတာရီ ၂ -ကျပ်တန် မဂ္ဂဇင်းထဲက ဆရာမ အနွဲ့(ရွှေဘို)ရဲ့ “မယ့်ရင်သွေး’ ကဗျာကို ရွတ်မယ်။ သံတွဲရောက်ရင် ပုဂ္ဂလိကမဂ္ဂဇင်း ငွေတာရီထဲက မောင်သင်းမွန် (သံတွဲ)ရဲ့ “လှိုင်း” ကဗျာရွတ်မယ်။ အဲ…ရန်ကုန်တက္ကသိုလ်ထဲ ဟောပြောခွင့်ရရင်တော့ မေဇော် (ရန်ကုန်တက္ကသိုလ်)ရဲ့ “သည်အေးရိပ်” ကိုရွတ်မယ်။

မန္တလေး တက္ကသိုလ်ကတော့ မောင်လူခင်(မန္တလေး တက္ကသိုလ်) ရဲ့ “အိမ်အိုသို့အပြန်” ရွတ်မယ်။ ကသာရောက်ရင် ညွန့်ဝေ (ကသာ) ရဲ့ ‘ခွဲစိတ်ခန်းအဝင်..”၊ ကျုံပျော် ရောက်ရင် မောင်ပြုပြင် (ကျုံပျော်) ရဲ့ သွေးသောက်မဂ္ဂဇင်းပါ “အမျိုးသားစိတ်နှင့် ညီညွတ်ရေး’ ကဗျာ ရွတ်မယ်။ ဘုတလင်ရောက်ရင် ဆရာ ဘုတလင်ချစ်လေးရဲ့ သွေးသောက်ထဲက “ရွှေပွဲလာများသို့” ရွတ်မယ်။ ပျဉ်းမနားရောက်ရင် ၁၉၅၈ ခု ဇန်နဝါရီလထုတ် သွေးသောက်ထဲက ဆရာပျဉ်းမနားရဲလှရဲ့ “အောင်လံ ရိပ်ဝယ်” ကဗျာရွတ်မယ်။

သလ္လာမြေရောက်ရင်တော့ ၅၅ ခုနှစ် သွေးသောက်ထဲက ဇော် (သလ္လာ)ရဲ့ “နွမ်းကြေ” ကို ဆွေးဆွေးလွမ်းလွမ်း ရွတ်မယ်။ အင်းလေးရောက်ရင် ၅၉ ခု ဖေဖော်ဝါရီ သွေးသောက်ထဲက ဆရာလား ဆရာမလားတော့ မသိ။ “ဌေးမြင့်နွယ်(အင်းလေး)ရဲ့ “ပြည် ထောင်စုနှင့်တပို့တွဲ” ကဗျာကို ရွတ်မယ်။ ဖြူးရောက်ရင်တော့ ရွှေဖြူး-လွင်သစ္စာရဲ့ ကိုယ့်ချစ်သူ ‘ကဗျာ ခက်” ဆိုတဲ့ သွေးသောက်ကဗျာရွတ်မှာပေါ့။ အဲ…ဆင်ပေါင်ဝဲ ရောက်ရင် မောင်သင်းကြူ (ဆင်ပေါင်ဝဲ)ရဲ့ “လောင်းလှေရှင်’ကဗျာ။

ကျုံဒါးရောက်ရင်တော့ ‘ကျုံဒါး ကျော်မွန်”ရဲ့ ညီညွတ်သော ကျီးကန်းများ။ ပုသိမ်ရောက်ရင် ဆရာ ပုသိမ် မောင်ထွေးညိုရဲ့…”ဆောင်း လေ..” ကဗျာ၊ ပန်းတနော်ရောက် ရင် မောင်ရေပြာ(ပန်းတနော်) ရဲ့ “ဆန္ဒမွန်”ကဗျာ။ အင်းတော်ရောက်ရင် “အင်း တော် မောင်Óဏ်ရှင်”ရဲ့ “မိခင်သို့” ကဗျာ၊ တောင်ငူရောက်ရင် ကေတုလင်းနိုင်ရဲ့ “ရင့်ကျက်ခြင်းသရုပ်’ ကဗျာပေါ့။ မြစ်ကြီးနားရောက်ရင် ခင်လေးမြင့် (မြစ်ကြီးနား)ရဲ့ “ထိုပုရိ” ကဗျာ၊ မြဝတီရောက်ရင် မြဝတီ ရဲခေါင်ရဲ့ “ပြည်သူနှင့် ငြိမ်းချမ်းရေး” ။ဓနုဖြူရောက်ရင်တော့ ဓနုဖြူ ကျော်ထွန်း(နောင်..အီကြာကွေး) ရဲ့ ရှုမဝထဲက “တိုက်ပွဲပျော်” ကဗျာ။ စလင်းရောက်ရင် ဆရာ စလင်း ခင်မောင်ရည်ရဲ့ “အလေ့ပန်း” ကဗျာ ရွတ်မယ်။ တွံတေးရောက်ရင် တွံတေးသက်ဦးရဲ့ “ဝေးအောင်ပင်လှမ်း’ ရွတ်မယ်။ ရေနံမြေမှာ ရေနံ မြေချစ်သူရဲ့ “တော်လှန်ရေး၏အမွေများ”ကို ရွတ်မယ်။ဟုတ်ပြီ။ မန္တလေးသားတစ် ယောက်အနေနဲ့ မန္တလေးမှာ ဟောပြောမယ်ဆိုရင် မန္တလေးက မသိတဲ့ ဘယ်ကဗျာဆရာရဲ့ ကဗျာကို ရွတ်မှာလဲ အမေးရှိလာရင်…၁၉၆၃ ခု ဒီဇင်ဘာလထုတ် မြဝတီမဂ္ဂဇင်းထဲက မျိုးမြင့်နွယ်(မန္တ လေး)ရဲ့ “ကိုယ့်မေတ္တာ စမ်းချောင်း ကလေး’ ကဗျာ ရွတ်ရမှာပေါ့ဗျာ။

စောဘရန်ငြိမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here