ကျော်ထက်အောင်ကို အားနာနေတဲ့ စိုးမြတ်သူဇာ

0
181

Soe-Myat-Thu-Zar1“သူငယ်” ရုပ်ရှင်ဇာတ်ကားမှာ ထွန်းအိန္ဒြာဗိုလ်၊ ခိုင်သင်းကြည် တို့နဲ့အတူ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ စိုးမြတ်သူဇာ က ဒီဇာတ်ကားကို ရိုက်ကူး ခဲ့စဉ်က တအား ပျော်စရာ ကောင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇာတ်ကားကို ရိုက်ကူးခဲ့ချိန်က ကျော်ထက် အောင် နဲ့ စိုးမြတ်သူဇာ တို့ ရဲ့ ဇာတ်ဝင်ခန်းပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့သွား ခဲ့ပြီး ကျော်ထက်အောင် ကို စိုးမြတ်သူဇာရဲ့ ချစ်သူကောင်လေး ဆိုပြီး အထင် မှားခဲ့ကြပါသေးတယ်။ ဒီလို သတင်းတွေ ထွက်ခဲ့တဲ့ အပေါ် စိုး မြတ်သူဇာက …

“သူနဲ့တောင် စကား အများ ကြီးမပြောဖြစ်ဘူး။ ဘာကြောင့် ချစ်သူတွေလို့ ထင်လဲမသိ တော့ပါဘူး။ မကြီးက စီခနဲဆို ထိပ်ဆုံး ကပဲ။ ဒေါင်ခနဲဆို ပါ သွားပြီ။ ပြီးမှ မဟုတ်ဘူး ဆိုတာ နောက်မှ ရှင်း။ လောလောဆယ်တော့ နာမည်က အရင် ထွက်သွားပြီ။ ၃ယောက်ရိုက်တာ ကိုယ် တစ်ယောက်တည်း နာမည် ထွက်တယ်။ ကောင်းသေး လား။ ကိုယ်တောင် သူမျက်နှာ ကြည့်ရမှာ အားနာနေတယ်” လို့ ပြောပါတယ်။

စိုးမြတ်သူဇာက မြန်မာနိုင်ငံမှာ ပထမဦးဆုံး အမျိုးသမီးသူရဘွဲ့ ရရှိခဲ့တဲ့ “သူရမချစ်ပို”ရဲ့  အ ကြောင်းကို ရိုက်ကူးတဲ့ ရုပ်ရှင် ဇာတ်ကား မှာ မချစ်ပို နေရာက သရုပ်ဆောင် ခဲ့ပါတယ်။ မချစ်ပို ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံများကို စိုးမြတ် သူဇာက “သူရမချစ်ပို ကို အရင်တုန်းကလည်း ရိုက်ကူးကြတာ ရှိပါတယ်။ ဒီဘက်ခေတ်မှာ ပြန် ရိုက်တော့ အခက်အခဲတွေ က အများကြီးပဲ။ မချစ်ပို ကို လေ့လာလိုက်တဲ့ အခါမှာ မချစ်ပိုက ထားဝယ်သူ။ အသက်က ၃၅ နှစ်ဝန်းကျင်၊ သူသေတော့ ၄ဝ ကျော်လောက်တော့ ရှိပြီ။ သိပ်တော့ မငယ်ဘူး။ မကြီးစိတ်ထဲမှာ အစက မချစ်ပိုဆိုတော့ ငယ်ငယ်လေးထင် ထားတာ။ သူသေတော့ပဲ အသက်က ၄၁နှစ်လောက် ရှိနေပြီ။ ဒါပေမဲ့ မချစ်ပိုရယ်လို့ ဖြစ်လာတဲ့အချိန်က ထားဝယ်က တက်လာပြီး ဒီဘက်ကို ရောက်တော့ အသက်က အဲဒီအရွယ် ဖြစ်နေပြီ။ သမိုင်းမှာ အမျိုးမျိုးရေး တယ်။ ကလေးလည်း ရှိတယ်လို့ ရေး တယ်။ ကလေး မရှိဘူးလို့လည်း ရေး တယ်။ ယောက်ျား သေတယ် လို့လည်း ရေး တယ်။ မသေ ဘူးလို့လည်း ရေးတယ်။ အဲဒါနဲ့ ဒီသမိုင်း ကြောင်းလေးကို အခြေခံလေး ယူတယ်လို့ပဲ ပြောပြီး ရိုက်ရမှာပဲ။ ကိုဇော့်ကို လည်း စာတန်း လေး ထိုးပေးလိုက်လို့ အကြံပေးထားတယ်။ တော်ကြာ ဝေဖန်နေကြမှာ စိုးလို့လေ။ မကြီး တိုက်ခိုက်ရတဲ့ အခန်းတစ်ခန်းမှမပါဘူး။ ကိုခန့်တို့၊ နေမင်းတို့ပဲ တိုက်ကြတာ။ မကြီး က စစ်သားလည်း မဟုတ်ဘူး။ ပင်ပန်းတာ တော့ တအားပင်ပန်းတယ်” လို့ ပြောပါ တယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here