စီးရီးသစ် ထွက်ပြီးတဲ့ အတွက် My Boo ကို ဒီဇိုင်းသစ် ထပ်မံထုတ်ဦးမယ့် မိစန္ဒီ

0
160

Mi-Sandi-မိစန္ဒီရဲ့ တတိယမြောက် စီးရီးသစ် “အသဲလေး” ကို ဇွန်လ ၁၇ ရက်နေ့က ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဒီစီးရီးမှာ သီချင်း ၁၅ ပုဒ် ပါဝင်ပါတယ်။ စီးရီးသစ်အတွက်  ဖျော်ဖြေပွဲတွေ လည်း ရပ်နားပြီး စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီစီးရီးနဲ့ ပတ်သက်ပြီး “ညီမ ပရိသတ်ကို သီချင်းသစ်တွေ ပေးချင်တဲ့ အတွက် ပြီးခဲ့တဲ့ လပိုင်းတွေမှာ ဖျော်ဖြေပွဲ သီဆိုမှု တွေကိုလည်း လျှော့ပြီး အခွေသစ်အတွက် အားစိုက်ခဲ့ ပါတယ်။ အမှတ်တရတွေထဲက တစ်ခုပြောရရင် ဒီအခွေ သွင်းနေစဉ်မှာ ခြေမက အနာဖြစ်တယ်။ ခြေထောက်နာနာ နဲ့ပဲ အသံသွင်း ခဲ့ရတာလည်း အမှတ်တရပါပဲ။ ဒီထဲမှာ Music  ပုံစံတွေက အစ သေချာ အကောင်းဆုံးဖြစ်အောင် လုပ် ထားပါတယ်။ ဒီထဲမှာ အချစ် သီချင်းတွေ လည်း ပါသလို ဘဝ အကြောင်းတွေလည်း ပါပါတယ်” လို့မိစန္ဒီက ပြောပါတယ်။

My Boo ဆိုတဲ့ အမှတ်တံဆိပ် နဲ့အတူ အဝတ်အထည် ဒီဇိုင်းတွေလည်း ဖန်တီး ထုတ် လုပ်လျက် ရှိတဲ့ မိစန္ဒီက စီးရီး မထွက်ရှိခင် မှာတော့ စီးရီး အတွက် လုံးပန်းနေ ရတာကြောင့် My Boo Collection အ တွက် အချိန်မပေးဖြစ်ဘူး လို့ သိရပြီး ခုချိန်မှာတော့ စီးရီးသစ်လည်း ထွက်ပြီးပြီ ဖြစ်တာကြောင့် My Boo အတွက် အချိန်ပေးပြီး ဒီဇိုင်းသစ်တွေ ထပ်မံ ပြု လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

“ညီမ အခု စီးရီးသစ်လည်း ထွက်ပြီးပြီ ဆိုတော့  My Boo ကို သေချာ ပြန်လုပ်ပါမယ်။ ဒီရက်ပိုင်း က အခွေ အတွက် အလုပ်များနေ တော့ My Boo ကို ဒီဇိုင်းသစ်တွေ ပစ္စည်း တွေ ထပ်မထုတ်ဖြစ်တာ ကြာပြီ။ အခုတော့ My Boo Collection အတွက်ကို သေချာ ပြန်အားစိုက်ပြီး ဒီဇိုင်းသစ်တွေလည်း ထုတ်သွားဖို့ ရှိပါတယ်” လို့ မိစန္ဒီက ပြောပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here