နာဂဒေသမှာ စာသင်ကျောင်း ဆောက်လုပ်လှူဒါန်းမယ့် မာရီကိုး

0
248

Marri-Koeနာဂတိုင်းရင်းသူ တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မာရီကိုးက Ride On Europe    ခရီးသွား အစီအစဉ် အတွက် ဥရောပကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ အရှေ့ဥရောပနိုင်ငံတွေ ကို (၁၅) ရက်ကြာ သွားရောက်မယ့် ဒီခရီးစဉ်မှာ အမျိုးသမီး အနေနဲ့ မာရီကိုး တစ်ဦးတည်း လိုက်ပါသွားတာ ဖြစ်ပါတယ်။ ပထမဆုံး ခရီးစဉ် လိုက်ပါရတဲ့အပေါ် မာရီကိုးရဲ့ခံစားချက်က..

“ဒီဥရောပခရီးစဉ်က ညီမအတွက်တော့ စွန့်စားမှု တစ်ခုပါပဲ။ ဒီ  ခရီးစဉ်မှာလည်း မိန်းကလေးဆိုလို့ ကိုယ်တစ်ယောက်တည်း ပဲပါတယ်။ ဒီခရီးစဉ်ကို ညီမ သွားလိုက်ခြင်းအားဖြင့် ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုတွေ ပိုရှိလာမယ်။ နိုင်ငံတကာ အတွေ့အကြုံတွေ ပိုပြီးရလာနိုင်တယ်လို့ထင်ပါတယ်။ လေ့လာမှုတွေ လည်း အများကြီး လုပ်နိုင်မှာပါ။ ဒီခရီးစဉ်ကတော့ ညီ အတွက် စိန်ခေါ်မှု တစ်ခုလို့ ခံယူပါတယ်။ တစ် ယောက်တည်း ဆိုတော့ ဖြစ်ပါ့မလားလို့တွေး ပေမယ့် ကိုကျော်ကျော်ဗို တို့လည်းပါတော့ ခရီးစဉ် အဆင်ပြေပြေချောချောမွေ့ မွေ့ဖြစ်သွားမယ် လို့ယုံကြည်ပါတယ်”  လို့ ပြောပြပါတယ်။ မာရီကိုးက ရိုက် ကူးရေး ခရီးစဉ်ပြီးတဲ့အခါ နာဂဒေသ မှာ ကျောင်းသားများ အတွက် စာသင် ကျောင်းဆောက်လုပ် လှူဒါန်းသွားမယ်  လို့ သိရပါတယ်။

နာဂဒေသ ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေဖျော် ဖြေပွဲကို ဖေဖော်ဝါရီလမှာ ပြုလုပ်ခဲ့ပေမယ့် လူမှုရေး အခက်အခဲတွေ အနည်းငယ် ရှိခဲ့တာကြောင့်လှူဒါန်းဖို့ အနည်းငယ် နောက်ကျသွားခဲ့ကြောင်း မာရီကိုးက ပြောပါတယ်။ “ရန်ပုံငွေပွဲ လုပ်ပြီးတော့ သင်္ကြန်ခံ သွားတာရယ်၊ အဖေဆုံးသွား တာတွေကြောင့် လှူဖို့နည်းနည်း နောက်ကျသွားတယ်။ ဥရောပ ခရီးစဉ်ပြီးရင်တော့ ညီမ သေချာလေး သွားလှူဖြစ်မှာပါ။ သူတို့ဆီ မှာဘာလိုအပ်လဲ မေးကြည့်တော့ စာသင်ကျောင်းရယ်၊ ဆေးရုံ ဆေး ခန်းတွေ လိုအပ်နေတယ် လို့ပြောတယ်။ ဆေးရုံကျတော့ လူတွေ၊ ဘာတွေ တစ်ခါ ထပ်ထားရမယ်။ ဒါကြောင့် စာသင်ကျောင်းလေး ဆောက်ပေးဖို့ စီစဉ်ထားတယ်။ ပြီးရင်လည်း လိုအပ်တဲ့ ဆေးဝါးတွေ၊ အသုံးအဆောင်တွေ၊ စားစရာတွေလည်း လှူဒါန်းသွားဖို့ရှိပါတယ်”လို့ မာရီကိုးက ပြောပြခဲ့ပါတယ်။

မြတ်မိုးပွင့်၊ ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here