အချစ်ရေးက ကံမကောင်းပါဘူး နေမင်း

0
245

Nay-Minသရုပ်ဆောင် နေမင်းက သူတို့ ရဲ့ “ရွှေစင်ဦး” ထုတ်လုပ်ရေးမိသားစု ရဟန်းခံ၊ ရှင်ပြုအလှူမှာ ပဉ္ဇင်းတက်ဖို့ ရည်ရွယ်ထားပေမယ့် ကချင်ပြည်နယ် မှာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရမှာ ဖြစ်တာကြောင့် ရိပ်သာပဲ ၇ရက် ဝင်တော့မှာ ဖြစ်ပါ တယ်။ ရဟန်းခံ၊ ရှင်ပြု အလှူကိုတော့ ဇွန်လ၂၅ ရက်နေ့က ပဲခူးမြို့မှာရှိတဲ့ ရွှေဘုန်း ပွင့်မင်္ဂလာပေါ်တော်မူ ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ဘာသာရေး လုပ်ဖို့ ပိုအာရုံရလာတယ် လို့ဆိုတဲ့ နေမင်းက…

“အလှူက ကျွန်တော့်တူ နှစ်ယောက်နဲ့ တူမလေးနဲ့ ၃ယောက်က အစောကြီးကတည်းက သူတို့ အင်္ဂလိပ်ကျောင်းပိတ်တဲ့ အချိန်ကျလို့ ရှိရင် မကြီးနဲ့၊ ကိုကြီးနဲ့ အလှူလုပ်မယ် ဆိုပြီး ရည်ရွယ်ခဲ့တယ်။ ကျွန်တော်က လည်း ဒီကြားထဲမှာ ဘုန်းကြီးဝတ်ချင်စိတ်ပေါက် လာတော့ ကျွန်တော် လည်း ဝတ်မယ်ဆိုတာနဲ့ အဲဒီတော့မှ ပေါင်းပြီးဝတ် လိုက်တော့ ဆိုပြီး အမေကပြောတော့ သင်္ကြန်တုန်း က မဝတ်ဖြစ် ဘဲနဲ့ အခု သူတို့နဲ့ပေါင်းပြီး ဝတ်ဖြစ်တာပေါ့။ တကယ်ဝတ်မယ် ဆိုတဲ့ အချိန်ကျတော့ “တိမ်ပြာသောနေ့” ဇာတ်ကား ရိုက်ကူးဖို့အတွက် ကချင် ပြည်နယ်ကို ၂ရက်နေ့မှာ သွားရမယ်ဆိုတော့ Sky Net  က အရီးတို့ ကရော၊ မမီးတို့ ကရော မဝတ်ဖို့ ပြောတယ်။ အဲဒါနဲ့ ရိပ်သာပဲ ဝင်တော့ မယ်ဆိုပြီးတော့ လုပ်လိုက်တာပါ။ “တိမ်ပြာသောနေ့” ကလည်း ရက်နောက်ဆုတ် နောက်ဆုတ်ရင်း နဲ့ ရက်က ကွက်တိ ဖြစ်သွားတယ်။ စစ်သား ဇာတ်ရုပ်ကျတော့ ကတုံးကြီးနဲ့ ဆိုအဆင်မပြေဘူးလေ။ တကယ်တော့ ရှိတဲ့ အကုသိုလ် အကြွင်းအကျန် အားလုံးကင်းချင်လို့ သာသနာ့ ဘောင်ဝင်ချင်တဲ့ သဘောပဲ။ နောက်တစ်ခု ကျတော့ ကျွန်တော် မင်းသားလုပ်မှ ဦးပဉ္ဇင်း တစ်ခါမှ မဝတ်ရသေးဘူး။ အဲဒါကြောင့် ဝတ်ချင်တယ်။ နောက်တစ်ခုက အခုနောက်ပိုင်းမှာ နည်းနည်းလေး အသက်ကြီးလာလို့လား မသိဘူး။ ဘာသာရေး ဘက်ကို ပိုပြီးအာရုံ ရလာတယ်။ မကောင်းဘူးလို့ သတ်မှတ်တဲ့ အရာ တွေ အားလုံးလည်း လုပ်ချင်စိတ် မရှိတော့ဘူး။ မကောင်းဘူးလို့ သတ်မှတ်တယ် ဆိုတာက ကိုယ့်စိတ်နဲ့ ကိုယ်သတ်မှတ်တဲ့ မကောင်း ခြင်းတရားတွေကို ဖယ်ချင်လာ တဲ့စိတ်ပေါ့” လို့ ပြောပါတယ်။ နေမင်းအနေနဲ့ အနုပညာ အလုပ်တွေပဲ ဆက်တိုက် လုပ်သွားဖို့ ရှိပြီး အချစ်ရေးနဲ့ ပတ်သက်ပြီး မစဉ်းစားဖြစ်သေးဘူးလို့ ဆိုပါတယ်။

“အချစ်ရေးက ပိုဆိုးတယ်ဗျ။ ကျွန်တော်အခု ဘုန်းကြီးဝတ်ဖို့ စိတ်ကူးတဲ့အထဲမှာ အဲဒါလည်းပါတယ်။ ကျွန်တော် အပြီးမဝတ် ဖြစ်တာ လည်း ပရိသတ်တွေကြောင့်။ တကယ်လို့ ပရိသတ်တွေသာ ကျွန်တော့်ကို အရင်လို မချစ်တော့ဘူးဆိုရင် ဘုန်းကြီး အပြီးဝတ် သွားဖြစ်လောက်ပြီ (ရယ်လျက်)”ပြော ခဲ့ပြီး အချစ်ရေးကတော့ ကံမကောင်းပါဘူးလို့ ဖြေသွားခဲ့ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here