‘တစ်ခါက ရန်ကုန်မြို့ ပြ’ဇာတ်ကားက Scorpion ကို အမည်ပြောင်း ရိုက်ကူးတာ မဟုတ်ဘူး ဒါရိုက်တာ ညိုမင်းလွင်

0
176

Nyo-Min-Lwinဒါရိုက်တာ ညိုမင်းလွင်က “တစ်ခါက ရန်ကုန်မြို့ပြ” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို လူမင်း၊ မင်းရာဇာ၊ စွမ်း၊ ထူးခြားနဲ့ မိုးဟေကို စတဲ့ သရုပ်ဆောင်တွေနဲ့ ပုံဖော်ရိုက်ကူးလျက်ရှိပါတယ်။ ဒီဇာတ်ကားက ရန်ကုန်မြို့ပြရဲ့ အတိတ်ကာလ ပုံရိပ်တွေနဲ့အတူ l Rock  ဂီတကို နှစ်သက်ကြတဲ့ လူငယ်တွေ အကြောင်းကို စိတ်ကူးယဉ် ဆန်ဆန် ရိုက်ကူးထားတယ် လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇာတ်ကား က ဆက်လက် ရိုက်ကူးမှု မလုပ်ဖြစ်တော့တှဲ့ခသမစငသည ဇာတ်ကားနဲ့ လည်း သက်ဆိုင်မှုမရှိဘူးလို့ ဒါရိုက်တာ ညိုမင်းလွင်က ပြောပါတယ်။

“တစ်ခါက ရန်ကုန်မြို့ပြက လူတွေထင်နေသလို  Scorpion  ကို နာမည်ပြောင်းပြီး ရိုက်တာမျိုးမဟုတ်ပါဘူး။ ဘယ်သူ့ အကြောင်းမှလည်း ရိုက်ကူး  တာမျိုးမဟုတ်တဲ့ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒရာမာပုံစံလေးပေါ့။ သရုပ်ဆောင်တွေကတော့ Scorpion  ဇာတ်ကား ရိုက်ကူးဖို့ ချိတ်ခဲ့တယ်။ ဒါပေမဲ့ Scorpion  မရိုက်ကူးဖြစ်တော့တဲ့ အချိန်မှာ ထုတ်လုပ်သူ တွေ နဲ့သရုပ်ဆောင်တွေ ပြောဆိုထားပြီးသား ဖြစ်တယ်။ စရန်ချေ ပြီးသားတွေ ဖြစ်တဲ့အတွက် ဒီသရုပ်ဆောင်တွေ အားလုံးပြန်ပါ ဝင်လို့ရတဲ့ ဇာတ်လမ်းအသစ် တစ်ပုဒ်ကို ဆင်ယူလိုက်တာပါ။ လုံးဝှခသမစငသည မဟုတ်ပါဘူး”လို့ ဒါရိုက်တာ ညိုမင်းလွင် က ရှင်းပြပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်က သူရိုက်ကူးတဲ့ဇာတ် ကားတော်တော် များများကို ပဟေဠိဆန်ဆန် ရိုက်ကူးလေ့ ရှိပါတယ်။ ကိုယ်တိုင်ကလည်း ပဟေဠိတွေ ဖြေရတာ ဝါသနာပါတာကြောင့် ဇာတ်ကား ရိုက်ကူးတဲ့အခါ ပဟေဠိ ဆန်ဆန်တွေ ရိုက်ကူးဖြစ်တာပါလို့ သူက ဆက်လက်ပြော ပြပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်က Myanmar Youth Micro Film 2017 ပြိုင်ပွဲမှာလည်း အကဲဖြတ် ဒိုင်တစ်ဦးအနေနဲ့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ၃နှစ် ဆက်တိုက် အကဲဖြတ်ဒိုင် ပြုလုပ်လာတဲ့ အတွေ့အကြုံတွေ နဲ့ဘက်လိုက်မှု ကင်းစွာ ဆုံးဖြတ်မယ့် အကြောင်းကို “အမှတ်ပေး စည်းမျဉ်းစည်းကမ်းတွေ ကတော့ တဖြည်းဖြည်း တစ်ကြိမ်ထက် တစ်ကြိမ် တိကျလာတယ်။ ဒိုင်အဖြစ် နဲ့ ဆောင်ရွက်ရတဲ့ အလျောက်လည်း ဘယ်သူ့ကိုမှ သာစေနာစေ ဆိုတာမျိုးမရှိဘဲ ကျွန်တော် တိတိကျကျ ဖြစ်စေချင်တယ်။ ပြိုင်ပွဲအချိန် မှာလည်း Messenger  တို့ ဘာတို့ကလာပြီး စကားပြောရင်တောင် ဘာမှ ပြန်မပြောဘူး။ အတတ် နိုင်ဆုံး မသိသလိုဘဲ နေလိုက်တယ်။ ပြိုင်ပွဲမှာ ကျွန်တော်ပေးခဲ့တဲ့ အမှတ် အတွက်လည်း ၁ဝဝရာခိုင်နှုန်း တာဝန်ယူနိုင် တယ်။ နှစ်တိုင်းလည်း ကျွန်တော် ဒီအတိုင်းပဲ ဆောင်ရွက်ခဲ့ပါတယ်” လို့ ဒါရိုက်တာ ညိုမင်းလွင်က  ပြောပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here