အင်ဒိုနီးရှားနိုင်ငံမှာ ကြော်ငြာ သွားရိုက်ကူး ရင်း သမီးလေးတွေကို လွမ်းလို့ ငိုခဲ့ရတဲ့ ချစ်သုဝေ

0
187

ChitThuWaiချစ်သုဝေက အင်ဒိုနီးရှားနိုင်ငံ၊  ဂျကာတာမြို့မှာ ဇွန်လ ၁၉ရက်နေ့ က ကြော်ငြာ သွားရောက် ရိုက်ကူး ခဲ့ပါတယ်။ ဒီခရီးစဉ်က ၄ရက် ကြာ   မြင့်ခဲ့ပြီး ပထမဦးဆုံး သမီးလေးတွေ  နဲ့ ခွဲခွာရတဲ့ အတွက် လွမ်းလွန်းလို့ ငိုခဲ့ရတယ်လို့ ချစ်သုဝေက ဆိုပါ တယ်။

ချစ်သုဝေက   ဒီခရီး မသွားခင် ကတည်းက ကလေးတွေကို မိခင်နို့ပဲ တိုက်ကျွေးနိုင်အောင် ကြိုတင်ပြင် ဆင်ပြီး အပင်ပန်းခံ စုဆောင်းထား ခဲ့သလို   သမီးလေးတွေနဲ့ ၄ရက် ခွဲရ မှာဖြစ်တဲ့အတွက် စိတ်ကိုလည်း ကြို တင်ပြင်ဆင် ထားပါတယ်။ မြန်မာ နိုင်ငံ ကို ပြန် လည် ရောက်ရှိတဲ့အခါ   မှာတော့ သမီးလေးတွေ နားမှာပဲ အချိန်ပေးနေ ဖြစ်နေပါတယ်။ သမီး လေးတွေရဲ့ ကျန်းမာရေးကို အမြဲ ဂရု တစိုက် စောင့်ရှောက်နေပြီး သမီး   လေးတွေကို မိခင်နို့တစ်မျိုးပဲ တိုက် ကျွေးဖြစ်တယ်လို့ဆိုတဲ့ ချစ်သုဝေက      “သမီးလေးတွေ ကျန်းမာရေး အတွက် ထရီဇာက မိခင် နို့ပဲတိုက် တော့ သမီးလေးတွေက ကိုယ်ခံအား ကောင်းတယ် ပြောရမယ်။ ဒီနေ့ဒီ   အချိန်ထိ ဖျားတာ နာတာ မရှိဘူး။ ကာကွယ်ဆေး တိုက်တဲ့နေ့တောင် သူတို့အဖျားမတက်ဘူး။ သူတို့ရဲ့ တစ်ကိုယ်ရေ ကျန်းမာရေးကို တအား   ဂရုစိုက်တဲ့အတွက် တစ်ကိုယ် ရေကျန်းမာရေးတင် မဟုတ်ဘဲ ကလေးတွေနားမှာ ကိုင်တွယ်နေရတဲ့ သူဆိုရင် ထရီဇာကို ဇီဇာကြောင်   တယ် ပဲပြောပြော၊ ခြေလက်ဆေး တာက အစ ဆပ်ပြာနဲ့သေချာဆေး ခိုင်းတယ်။ သူတို့တွေရဲ့ ပတ်ဝန်း ကျင်ကို သန့်ရှင်းအောင် ထားတယ်။   အဝတ် အစားလျှော် ဝတ်တာကအစ သူတို့ ရဲ့နို့ဘူးလေးတွေ လျှော်ဖွတ် တာကအစ သေချာဆေးတယ်။ သမီး လေးတွေ အတွက်   အရှေ့အရှေ့က ဖြတ်သန်းခဲ့သော မိခင်တွေရဲ့ နည်း နာကောင်းတွေကို ယူတယ်။ ထရီဇာ   လက်လှမ်း မီသလောက် စာစောင် တွေ၊   စာအုပ်တွေကိုဖတ်ပြီး ပြင်ဆင် ရတယ်။ ကိုယ်ဝန်နဲ့ ကတည်းက အမြွှာဖြစ်တဲ့အတွက် နို့မလောက် တဲ့ပြသာနာမျိုး ရှိနိုင် တယ်။ ဘယ်လို   သုံးရမယ်။ နောက်ပြီး မိခင်ရဲ့ နို့သီး ခေါင်းနဲ့ နို့ဘူးရဲ့ နို့သီးခေါင်းလေး နဲ့ ကလေးတွေက စိတ်ထွေပြား ပြီးတော့ ငြင်း ဆန် တတ်တာမျိုး   ဖြစ်တယ်ဆို တော့ သူတို့ကိုမွေးကတည်းက အမေ နို့တစ်မျိုးတည်းကို တိုက်တယ်။ နှစ်ယောက် တစ်ပြိုင် နက် ဆာတဲ့ အခါတွေမှာ   အဆင်ပြေအောင် ငယ်ငယ် ကတည်းက ကျင့်ပေးထား တယ်။ ထရီဇာ့နို့ကို ပဲ ညှစ် တယ်။ ရေခဲသေတ္တာ ထဲ ထည့်ထား ပြီး ရေနွေး ပြန်စိမ်ပြီး   ဘူးထဲ ထည့်တိုက်တယ်။ အဲဒါကြောင့် မီးမီးလေးတွေ ကြီးလာ တဲ့အချိန်မှာ အဆင်ပြေပြေ လေးပါပဲ။ အခုဆိုရင် မီးမီးလေးတွေ ၅လထဲ   မှာပေါ့။ အမေနို့လည်း လောက်နေ တုန်းပဲ။ အမေနို့တစ်မျိုးတည်း တိုက် နေနိုင်တုန်းပဲ။ မိခင်နို့ထဲ မှာ ရေဓာတ် တွေလည်းပါတယ်။ သူတို့ရဲ့   ကိုယ်ခံ စွမ်းအားကို ကောင်းမွန်မြင့်တက် စေမယ့် အာဟာရတွေလည်း ပါတဲ့ အတွက် အမေနို့ သည်သာ အကောင်း ဆုံးပါပဲ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here