ဇူလိုင်လဆန်းမှာ ခရီးသွားပရိုဂရမ်တစ်ခုရိုက်ကူးမယ့် အေးမြတ်သူ

0
231

AyeMyatThu

သရုပ်ဆောင် အေးမြတ်သူက တော့ ပရဟိတ လုပ်ငန်းတွေမှာ အချိန်ပေးနိုင်သလောက် ပါဝင်ဖြစ် နေပြီး ဇွန်လ ၂၉ ရက်နေ့နဲ့ ၃ဝ ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပမယ့် မြန်မာနိုင်ငံ အမျိုးသမီး များနေ့ပွဲမှာ ကပြဖျော်ဖြေမှာ ဖြစ် ကြောင်း သိရပါတယ်။ အမျိုးသမီး များနေ့ အထိမ်းအမှတ်ပွဲမှာ ပါဝင် ဖျော်ဖြေ ဖြစ်ပုံနှင့် ပတ်သက်ပြီး …

““ မြန်မာနိုင်ငံ အမျိုးသမီးများ နေ့ ပွဲတော်အတွက် ပြဇာတ်တိုက်နေ ပါတယ်။ အခုတော့ အဲဒီပွဲအတွက် အချိန်ပေးပြီး လုပ်ဖြစ်နေပါတယ်။ သီချင်းဆိုပြိုင်ကြတဲ့ ပုံစံလေးပါ။ အတိအကျတော့ မပြောတော့ပါဘူး။ ကြည့်မှသိရတော့ ပိုကောင်းတာပေါ့““ လို့ ပြောခဲ့ပါတယ်။သူ့ဆီရောက်လာတဲ့ ဇာတ် ကားတွေအပေါ် ရွေးချယ်ရိုက်ကူးဖြစ် ပုံနဲ့ ပတ်သက်ပြီးလည်း အေးမြတ်သူက အခုလို ပြောပြခဲ့တာက““ ဇာတ်ကားတွေ ရွေးချယ်တဲ့ အခါမှာတော့ ဘယ်လိုကာရိုက်တာ ဖြစ်မှ ရိုက်မယ်လို့ ကန့်သက်ထားတာ မရှိပါဘူး။ အဲဒီဇာတ်ကားမှာ လုပ် ကွက်ရတဲ့ ဇာတ်လမ်းကောင်း ဆိုရင် လက်ခံဖြစ်ပါတယ်။ ပရိသတ်အ တွက်ရော ကိုယ့်အတွက်ပါ ကောင်း အောင် အမြဲကြိုးစားပါတယ်““ လို့ ပြောခဲ့ပါတယ်။ဇူလိုင်လဆန်းမှာ ခရီးသွား ပရိုဂရမ် တစ်ခု ရိုက်ကူးသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here