ပရိသတ်တွေ ပေးတဲ့ နာမည်ပါ ထည့်ပြီး Kate Amazing လို့ ပေးလိုက်တဲ့ မေပန်းချီ ရဲ့ ဂျင်းဆိုင်

0
365

May-Pa-Chi-(2)သရုပ်ဆောင် မေပန်းချီဖွင့်လှစ် လိုက်တဲ့ Kate Amazing ဂျင်းအထည်ဆိုင်ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၃ဝ ရက်နေ့ နေ့ လယ် ၁ နာရီက   ဆိုင်တည်ရှိရာ မေတ္တာလမ်း၊ တောင်ဥက္ကလာပ မြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဆိုင်မှာတော့ ဂျင်းနဲ့ ပတ်သက် တဲ့ အဝတ် အထည်တွေ အပြင်   Accessories ပစ္စည်းတွေ ပါရရှိနိုင်မှာ ဖြစ်ပါတယ်။

ပရိသတ်တွေ မေပန်းချီကို ခေါ်ကြ တဲ့နာမည်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ Kate   Amazing လို့ ပေးဖြစ်ပုံနဲ့ ပတ်သက်ပြီး “ပန်းချီက ၂၆နှစ်လောက်မှာ စီးပွားရေး စလုပ်မယ် လို့ ဆုံးဖြတ်ထားတယ်။ အနုပညာသမား ဆိုတော့ ဖက်ရှင်နဲ့လည်း ဆက်စပ်မှု ရှိတယ်လို့   ပန်းချီထင် တယ်။ နောက်ပြီး ဂျင်းကို ပန်းချီ တအားကြိုက် တယ်။ ရန်ကုန်မှာလည်း ဂျင်းသီးသန့်ဆိုင် ဆို တာ သိပ်မမြင်ဖူးဘူး။ ဒါကြောင့်   ပန်းချီ ဂျင်းသီးသန့်ဆိုင်လေး ကို ဖွင့်ဖြစ်တာပါ။ Kate Amazing လို့ ပေးဖြစ်တာ ကတော့ အမေက တနင်္လာနံလေး ပါစေချင်တယ်။   ပရိသတ်တွေ ပန်းချီကိုခေါ်တဲ့ နာမည်လေးကို လည်း အသိအမှတ်ပြုတဲ့ အနေနဲ့ Kate  (ကိတ်) ဆိုတာလေး စဉ်းစားမိပြီး အမေ့ကို မေးတော့အဆင်ပြေတာနဲ့ပဲ ဒီစာလုံးလေး ဖြစ်သွားတယ်။ နောက်ပြီး ခေတ်လူငယ်တွေပြော ပြောနေကျ ကိုထွန်းထွန်း လည်း ပြောတဲ့ Amazing ကို   လည်းပေါင်း ပြီး  Kate Amazing  ဖြစ်သွားတာပါ” လို့ မေပန်းချီက ပြောပြပါတယ်။   နောက်ထပ်လည်း ဒီဆိုင်မှာ ရရှိနိုင်မယ့် ပစ္စည်း လေးတွေရဲ့ ဈေးနှုန်းတွေ အကြောင်းကိုလည်း မေပန်း ချီက “အနုပညာရှင်ဖွင့်လို့ ဆိုပြီး   ဈေးကြီးမယ်လို့ မထင် ကြပါနဲ့။ ဈေးနှုန်းကလည်း ၅ဝဝဝ ကျပ်ကစပြီး သိန်း ကျော် အထိရှိတဲ့အတွက် ပရိသတ်တွေ ရွေးချယ်နိုင်ပါ တယ်” လို့   ပြောပြ ပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here