မြတ်ကေသီအောင် လိုချင်တဲ့ ချစ်သူပုံစံ

0
494

Myat-K-Thi-Agမြတ်ကေသီအောင်က ဖေစ့်ဘုတ် လူမှု့ကွန်ရက် စာမျက်နှာမှာ အချစ် အကြောင်းနဲ့ ပတ်သက်တဲ့ အကြောင်း အရာများကို ရေးသား   တင်လေ့ရှိပါတယ်။ အခုလို ရေးသား ရခြင်းကလည်း အချစ်နဲ့ ပတ်သက်ပြီး သူ့မှာ ကုန်ကြမ်းတွေ အများကြီး ရှိတဲ့အတွက်   အခု လိုရေးသားနိုင်ခြင်း ဖြစ်တယ်လို့ မြတ်ကေသီအောင်က ပြောပြပါတယ်။

ဒီအချိန်မှာ သူလိုချင်တဲ့ ချစ်သူပုံစံမျိုး ကိုလည်း    မြတ်ကေသီအောင်က “အခုအချိန်မှာတော့ အစ်မ အေးအေးချမ်းချမ်း လေး ပဲနေချင် ပါတယ်။ ပူလောင်တဲ့ အချစ်တွေ ထက် စာရင် ပေါ့နော်။ မောင်နှမအချစ်   အဲဒီလိုမျိုးပေါ့နော်။ ချစ်သူထား ခဲ့မယ်ဆိုရင်တောင်မှ ကိုယ့် အပေါ်မှာ ချစ်သူထက် ပိုပြီး တော့ မောင်နှမလို ချစ်နိုင်တဲ့ချစ်သူမျိုးကိုပဲ   လိုချင်တယ်” လို့ ပြောပါတယ်။

အခု လတ်တလော မှာတော့ မြတ်ကေသီအောင် ရဲ့ ကျန်းမာရေး အခြေအနေ ကလည်း သိပ်မကောင်း သေးဘူး လို့ သိရပါတယ်။   ကျန်းမာရေး အနေနဲ့က အမောမခံ နိုင်တဲ့ ရောဂါတစ်ခုကို ခံစားနေရတာ ဖြစ်ပြီး ဒီရောဂါကို ခံစား နေရတာ နှစ်နဲ့ချီ ကြာမြင့်နေပြီ လို့   မြတ်ကေသီအောင်က ပြောပါတယ်။

ဒီကျန်းမာရေး နဲ့ပတ်သက်ပြီး မြတ်ကေသီအောင် က…”ကျန်းမာရေး ကတော့ အစ်မပြဖြစ်နေတဲ့ ဆရာဝန် ရှိတာပေါ့နော်။ ဆရာဝန်ပေး တဲ့ ဆေးတွေသောက် တယ်။ ဗမာ ဆရာဝန်နဲ့လည်း   ပြနေတယ်။ အင်္ဂလိပ် ဆရာဝန် နဲ့လည်း ပြတယ်။ အစုံပါပဲ။ ကျန်းမာရေး အတွက် ပိုပြီး သတိ ထားရမှာတွေက အစ်မက စိတ်ထိခိုက်   ခံလို့မရဘူးပေါ့နော်။ အစ်မ စိတ်ထိခိုက် ရမယ့် အရာမျိုးကြုံခဲ့တယ် ဆိုရင် အိပ်ရာထဲ ဗုန်းဗုန်းလဲ သွားတဲ့အထိ ဖြစ်သွားတယ်။   ဖြစ်သွားတတ်တယ် ပေါ့နော်။ ဒီတော့ ကိုယ့်ကိုယ် ကိုယ်စိတ်နဲ့ ပတ်သက်ရင် ထိ ခိုက်ခံ လို့မရဘူး ဆိုတာ သိထား တဲ့အတွက် စိတ်ညစ်စရာမျိုး   ကြုံရမယ်ဆိုရင်  အဲဒါမျိုးကို ဝေး ဝေးက ရှောင်တယ်။ တစ်ခါတလေ စိတ်ညစ် လာရင် အရင်တုန်းက ပျော်ခဲ့ တာတွေကို ပြန်တွေးရတယ်။   သိပ်စိတ် ညစ်ရင်တော့ တရားနာတယ်။ ပျော် တဲ့ဘက်ကို အတွေးများများ ပိုပြန် တွေးပြီး အဲဒီလိုနဲ့ပဲ ကိုယ့်ကိုယ်ကိုယ်   ပျော်အောင်နေရတယ်”လို့ ပြောပြခဲ့ ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here