‘ပြောသားပဲ’ Mini Album အတွက် အမှတ်တရပွဲ နှစ်ပွဲ ပြုလုပ်မယ့် ရတနာမိုင်

0
369

yadanar-maiအဆိုတော် ရတနာမိုင်က သူမရဲ့ စီးရီးသစ်ကို Mini Album အဖြစ်စီစဉ်ပြီး သီချင်း ၆ ပုဒ် ထည့် သွင်းကာ ဖြန့်ချိ လိုက်ပြီ ဖြစ်ပါတယ်။ သီချင်း ၆ ပုဒ်မှာတော့ ကိုအောင်၊ ကလုန်း၊ ထက်မွန်၊ ဝေကြီး စတဲ့ တေးရေးဆရာများရဲ့ သီချင်းတွေ ပါ ဝင်မှာ ဖြစ်ပြီး သီချင်းပုံစံ မျိုးစုံပါ ဝင်မှာ လည်း ဖြစ်ပါတယ်။

“ဒီစီးရီးခွေလေးက စီးရီး အယ်လ် ဘမ် တစ်ချပ်လုံးလည်း မထွက်ခင်မှာ ဒီအတောအတွင်း ပရိသတ်တွေလည်း နားထောင် ရအောင်ပါ။ ဒီအယ်လ် ဘမ်မှာတော့ ညီမနဲ့လိုက်ဖက်မယ့် သီချင်းပုံစံတွေကို ရွေးချယ်ပြီး ဆို ထားပါတယ်။ညီမက “သူသိစေ” စီးရီးကိုလည်း DVD ထွက်ဖို့ ရှိတော့ ဒီအခု “ပြောသားပဲ” အယ်လ်ဘမ်ထဲက သီချင်း တွေကိုပါ MTV ရိုက်ပြီး တော့နောက်တစ်ခေါက် မှာ ထွက်မှာဖြစ်ပါတယ်” လို့ ရတနာမိုင် က ပြောပါတယ်။

ရတနာမိုင် က ဒီတစ် ခေါက်ထွက်ရှိ လာတဲ့ Mini Album ကို တော့ “ပြော သားပဲ” လို့  အမည်ပေး ထားပြီး စီးရီး ခေါင်းစဉ် “ပြောသားပဲ” ကတော့ တေးရေး ဝေကြီးရဲ့ လက်ရာသီချင်းကောင်း တစ်ပုဒ်လည်း ဖြစ်ပါတယ်။

ရတနာမိုင်က စီးရီးထွက်ရှိခြင်း အမှတ်တရ အဖြစ် ဇူလိုင်လ ၂ ရက် နေ့ မှာ ပရိုမိုးရှင်း အစီအစဉ်များလည်း စီစဉ်ထားတယ် လို့ သိရပါတယ်။

“စီးရီးထွက်ရှိတဲ့ ၂၆ ရက်နေ့က လုပ်ဖို့မအားတာကြောင့် ဇူလိုင်လ ၂ ရက်နေ့မှာ အမှတ်တရအနေနဲ့  ပရို မိုးရှင်းပွဲ နှစ်ပွဲပြု လုပ်ပါ့မယ်။ အဲဒီနေ့ နေ့လယ် ၁ နာရီ မှာ ဦးဥတ္တမ ပန်းခြံ က ဟတ်ပီးဝေါမှာ လက်မှတ်ထိုး ဖျော်ဖြေပွဲလုပ်မယ်။ ပြီးရင် ညနေ ၄ နာရီ လှည်းတန်းစင်တာ မှာ နောက်တစ်ပွဲ ထပ် လုပ်ပါမယ်။ ပြီးတော့ အခွေဝယ်ယူ သူတွေ အတွက်လည်း အမှတ် တရ အစီအစဉ်တွေ အများကြီးစီစဉ်ထား ပါတယ်”လို့ ရတနာ မိုင်က ပြောပြခဲ့ ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here