အသက်ရှင်သရွေ့ အနုပညာ အလုပ်ပဲ လုပ်သွားချင်တဲ့ ဇွဲနိုင်ဝင်း

0
166

Zwe-Naing-Winလတ်တလော မှာတော့ ဇွဲနိုင်ဝင်းက ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ “ရန်ကုန်မြို့ပြ” ရုပ်ရှင်ဇာတ်ကား မှာ လူမင်း၊ မင်းရာဇာ၊ စွမ်း၊   ညီထွဋ်ခေါင်၊ မင်းခ၊ ထူးခြား၊ ဘုဏ်းသိုက်၊ Tyron၊ မိုးဟေကို၊ ဘေဘီမောင် တို့နဲ့အတူ ပါဝင် ရိုက်ကူးခဲ့ပါတယ်။ ဒါရိုက်တာ ညိုမင်းလွင် နဲ့   ဇာတ်ကား မရိုက်ဖြစ်တာ ၂နှစ် အကြာမှာ ပြန်လည် လက်တွဲဖြစ်တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ကြောင်းကို ဇွဲနိုင်ဝင်းက ..      “ဒီဇာတ်ကားမှာ ကိုလူမင်း တို့လည်း ပါတယ်ဆိုတော့ ကိုယ့် ထက်စီနီယာတွေ နဲ့ ရိုက်ကူးရတော့ ကိုယ်ယူတတ်ရင် အတွေ့ အကြုံ ရပါတယ်။   ကျွန်တော်လည်း အဲဒီ ဇာတ်ကားမှာ ကိုညိုမင်းလွင် ရဲ့ မော်နီတာ screen ပေါ်မှာ ၂နှစ်ကြာမှ ပြန်ရောက်လာတာ ဆိုတော့ ကိုညို နဲ့ နောက်ထပ်   အလုပ်လုပ် ဖို့လည်း အများကြီး ထပ်ပြောထားပါတယ်။ ကျွန်တော့် ဘက်ကလည်း ကိုညိုခိုင်းသမျှ အကောင်းဆုံး ကြိုးစားပြီး သရုပ်ဆောင်   ထားပါတယ်။ သူ့လုပ်ကွက်တွေ နဲ့ သူအကုန် လုံးမျှမျှတတနဲ့ အကောင်းဆုံး ဖြစ်အောင် တက်ညီလက် ညီနဲ့ ကြိုးစားထားကြပါတယ်”   လို့ပြောပါတယ်။

အသက် ရှင်နေသရွေ့ အနုပညာအလုပ်ကို လုပ်သွားချင်တယ် လို့ ဆိုတဲ့ ဇွဲနိုင်ဝင်းက “ကျွန်တော် ဒီအလုပ်ပဲလုပ် တတ်တယ်။ အဲဒါ ကြောင့် ကျွန်တော် အသက်ရှင် နေသရွေ့ အနုပညာ အလုပ်တွေကို ကြိုးစားပြီး   လုပ်သွားချင်တယ်။ ဒီလော ကထဲမှာရတဲ့ နေရာ မှာ ရသလိုရှေ့ကိုရောက်အောင် ကြိုးစားနေပါတယ်” လို့ပြောပါတယ်။ နောက်ထပ် ဇာတ်   ကားတွေ ရိုက်ကူးဖို့အတွက် စီစဉ်နေသလို ဇာတ်လမ်း တွဲတစ်ခုလည်း ရိုက်ကူးဖို့ ပြင်ဆင်နေပြီး အောက်တိုဘာ လထဲမှာတော့ ဒါရိုက်တာ   စတီးလ် ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကား မှာ နေတိုး၊ ထွန်းထွန်း တို့နဲ့အတူ သရုပ်ဆောင် သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here