ကလေးငယ်များ စာသင်ကြားနိုင်စေဖို့ ၃ထပ် ကျောင်းဆောင် ဆောက်လုပ် လှူဒါန်းမယ့် လူရွှင်တော် အောင်သော်နဲ့ Five Star လူရွှင်တော် အဖွဲ့

0
166

Five-Starလိုင်သာယာမြို့နယ်၊ အမှတ် ၂ဝ ရပ်ကွက်အတွင်းရှိ ဓမ္မဒါန သစ်ပင်ငယ် ကျောင်းတိုက်မှာ ပညာသင်ကြားနေတဲ့ နွမ်းပါး သော၊   မိဘမပြည့်စုံသော ကလေး ငယ်လေး များအတွက် လိုအပ်နေသော စာသင်ကျောင်းအဆောင် သုံးထပ် ကျောင်းဆောင်ကို လူရွှင်တော်   ကိုအောင်သော် မိသားစုနဲ့အတူ  ဟာသလူရွှင်တော် ၅ှအမေ ညီအစ် ကိုများ၊ ပရိသတ်များ၊ စေတနာ ရှင် ကုသိုလ်ရှင်များ ပရဟိတ အဖွဲ့များ၊   ၇ရက်သားသမီး မြန်မာ ပြည်သူ၊ ပြည်သားများ အားလုံးနဲ့ အတူ လှူဒါန်းသွားဖို့ စီစဉ်ထား ကြောင်း သိရပါတယ်။

“ဘယ်သူမဆို နည်းများမဆို စေတနာ သဒ္ဓါတရား ထက်သန်စွာ စုပေါင်း ဆောက်လုပ် လှူဒါန်းလိုက် ကြရအောင်ပါ။ အဆောက်အအုံ ဒီဇိုင်း   နှင့် အုတ်မြစ်ချ အခမ်းအနားကို ဇွန်လပိုင်းကုန်မှာ စတင်အကောင် အထည်ဖော်ကြမှာပါ။ သံ / ဘိလပ် မြေ / အုတ် အစရှိသည် များ အားလုံး   ပံ့ပိုး ကူညီနိုင်ပါတယ်။ ကျွန် တော်တို့ ဖိုက်စတားအဖွဲ့နဲ့အတူ ပါဝင် ကူညီလှူဒါန်းကြပါဦး လို့ ခင်မင်စွာ ဖိတ်ခေါ် အပ်ပါတယ်” လို့    လူရွှင်တော် ကိုအောင်သော်က ပြောပါတယ်။  လှူဒါန်းလိုပါက- Ph -09965061838, 095061838, 0978100935, 09766420388 ကို ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း သိရပါတယ်။ P038


LEAVE A REPLY

Please enter your comment!
Please enter your name here