ဂန္ထဝင် တေးသံရှင် ဦးအံ့ကြီး အတွက် လွမ်းမောတသ စကားသံများ

0
205

UAuntGyiဇွန်လ၂၃ရက်နေ့က ကွယ်လွန် သွားခဲ့ပြီဖြစ်တဲ့ ဂန္ထဝင်တေးသံရှင် ဦးအံ့ကြီးရဲ့ ကြွင်းကျန်ရစ်ခဲ့တဲ့ ရုပ်ကလာပ်ကို ဇွန်လ ၂၅ ရက်နေ့က ရေဝေး သုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။ ဂန္ထဝင်တေးသံရှင် ဦးအံ့ကြီးက ကွယ်လွန်ချိန်မှာတော့ အသက် ၉၅ နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။ ဂန္ထဝင် တေးသံရှင် ဦးအံ့ကြီးဟာ အောင်မြင် ကျော်ကြားတဲ့ တေးသီချင်းပေါင်း များစွာကို သီဆို ခဲ့ပြီး မြနန္ဒာ၊ သူကလေး၊ ပြုံးတုံ့လှည့်၊ တူရိယာလုလင်၊ ပန်းပုသူဇာစတဲ့ သီချင်းတွေကတော့ သူ့ရဲ့ ထင်ရှားတဲ့ တေးသီချင်းတွေပဲ ဖြစ်ပါတယ်။

ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပေမယ့်လည်း သူ့သီချင်းသံတွေ ကတော့ ပြည်သူ တွေကြားမှာ အခုထက်တိုင် ပျံ့လွင့်နေဆဲဖြစ်တာမို့ ဂန္ထဝင်တေးသံရှင် ဦး အံ့ကြီးရဲ့ ဂီတအနုပညာအပေါ် လွမ်းမောတသရှိကြ သူတို့ရဲ့ စကားသံများကို စုစည်းဖော်ပြ ပေးလိုက်ရပါတယ်။

ချမ်းသာ

ဆရာဦးအံ့ကြီးရဲ့ သီချင်းတွေကို လူတွေအားလုံးက ရူးသွပ် စွဲလမ်းခဲ့ကြရ တယ်။ အင်မတိ၊ အင်မတန်မြတ်နိုး တန်ဖိုးထားခဲ့ရပါတယ်။ ဆရာ့သီချင်း တွေကို စုဆောင်းခဲ့ရတယ်။ ပြီးတော့ လိုက်ဆိုတယ်။ ဆရာ့ ဖွားဖက်တော် (မြို့မ)တူရိယာအဖွဲ့ ကြီးရဲ့ ရင်ခုန်သံစဉ် များနဲ့လည်း ကွေးနေအောင် ကခဲ့ဖူး တယ်။ ကျွန်တော်ဘဝ အတွက် ဆရာကြီးအံ့ကြီး (မသေပါဘူး)။

နီနီဝင်းရွှေ

ထူးခြားသော အသံသြဇာ ပါရမီ နဲ့ပြည့်စုံပြီး သူ့ရဲ့သီချင်းတွေက ဒီနေ့ အထိ ခေတ်မီနေတုန်းပဲဖြစ်တဲ့ နိုင်ငံကျော် တေးသံရှင်ကြီး ဘဘ ဦးအံ့ကြီး ကွယ်လွန်တာ ကြားသိရတဲ့ အတွက် မိသားစု များနှင့်အတူ အထူး ဝမ်းနည်းမိပါတယ်။ ကောင်းမြတ်တဲ့ ဘုံဘဝသို့ ရောက်ရှိမယ်လို့ ယုံကြည်ပါတယ်။ ၂ဝဝ၇ ခုနှစ်က နီနီ့အိမ်မှာ မိသားစုလေး တွေ့ဆုံကြပြီး ဘဘ နဲ့သီချင်းအတူတူ သီချင်း ဆိုခဲ့တာလေး သတိရမိပါတယ်။

သျှီ

မိဘတွေ နားထောင်သမျှ နားထောင်ခဲ့ဖူးသော အသံငြိမ်းမြမြကြီး အား သတိရနေမည်မှာ အသေအချာပါပဲ။ ထိုထက်ပို၍ ကွယ်လွန်သက် ၉၄ နှစ်မှာလည်း သီလဂုဏ်ကို ပြသသွားပေရာ လေးစားမှု ပိုမိပါတော့  တယ်။ သီလလုံခဲ့သူ အနုပညာရှင်ကြီး ကူးမြောက်ရာဘဝမှာလည်း ငြိမ်း အေးမှာအသေအချာပါပဲ။


LEAVE A REPLY

Please enter your comment!
Please enter your name here