မိုးရွာတာကြောင့် ပရိသတ်(၈) ယောက်ပဲ ရှိပေမယ့် ဇာတ်ပွဲကို ပြီးဆုံးတဲ့ အထိ ကပြခဲ့တဲ့ ဝင်းနောင်

0
185

Win-Naungသဘင်မင်းသား ဝင်းနောင်က ဇွန်လ ၂၆ ရက်နေ့က မှိုင်းပန် စံပြ ကျေးရွာမှာ ကပြဖြစ်ခဲ့ပါတယ်။

ဒီလိုကပြနေစဉ် အတွင်း ည ၁ နာရီလောက်မှာတော့ မိုးရွာလာခဲ့ပြီး ပွဲကိုကြည့်ရှုနေကြတဲ့ ပရိသတ်တွေ အားလုံး ပြန်သွားခဲ့ကြတယ် လို့ သိရပါတယ်။ အဲဒီ့အခါမှာတော့ ပွဲခင်း အတွင်း ကျန်ရှိနေသေးတဲ့ ပရိသတ် ၈ယောက်လောက် ကပွဲကိုပြန်လည် ကပြဖို့ ပြောကြတဲ့ အတွက် ပရိသတ် ၈ယောက်နဲ့ ပွဲကခဲ့ရတယ်လို့ ဝင်းနောင်က ပြောပြပါတယ်။

အဲဒီညက အဖြစ်အပျက်ကိုတော့ ကိုဝင်းနောင်က အခုလို ပြန်လည်ပြောပြတာက “ပွဲပြန်ကတဲ့ အသံကြားတော့ ပရိသတ်တွေ ပြန်လာပြီး ပွဲကိုကြည့်ပါတယ်။ နောက်ထပ်ထပ်တိုး ၃ယောက်နဲ့ ဆိုရင် ၁၁ယောက်ပေါ့။ ပျော် စရာကြီးပါ။ ဆုချတာ ၈ထောင်ရပါ တယ်။ အဖွဲ့သား တွေကို ပေးခဲ့ပါတယ်။ ဆုလာချတဲ့ ပရိသတ် မျက်ဝန်းတစ်စုံက ပိုက်ဆံထက် အများကြီးသာတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အကြည့်ပါပဲ။ အဲဒီ့အကြည့် က ဖြူစင်တယ်။ သန့်ရှင်းတယ်။ အားဖြစ်စေတယ်။ သူကြည့်တဲ့အကြည့်က လုံးဝတန်ဖိုး မဖြတ်နိုင်သော အကြည့်ပါပဲ။ ပရိသတ် ထောင်ပေါင်း များလာပြီး အားပေးနေတယ် ဆိုတဲ့ အကြည့်ပါပဲ။ တို့အားလုံးမင်းတို့ ဇာတ်အဖွဲ့ကြီးကို အားပေး နေ တယ်၊ ကြိုးစားကပြပါ ဆိုတဲ့ အကြည့်မျိုးပါ။ ပထမတော့ သူတို့ငွေပေး ထားတိုင်း တန်အောင် ကခိုင်းတယ်ဆိုတဲ့ အတွေး ကျွန်တော် ဝင်မိပါတယ်။ ဒါပေမဲ့ အဲဒီ့အကြည့်ရဲ့ အဓိပ္ပာယ်သိလိုက် တဲ့ကျွန်တော် မိုးလင်းတဲ့ အထိ ပျော်ပျော်ရွှင်ရွှင် နဲ့ကျွန်တော်တို့ ဇာတ်အဖွဲ့က ပြခဲ့ပါတယ်။ ဇာတ်ပွဲတွေကတိုင်း ဆိုင်းပွဲတွေတီးတိုင်း၊ အငြိမ့်ပွဲတွေ ကတိုင်း ကျေးဇူးရှင် ပရိသတ်ကြီးက အေးအေး ချမ်းချမ်း မဆူမပူဘဲနဲ့ ဒါတို့မြန်မာ တွေရဲ့ ရိုးရာပါလား ဆိုပြီး လေးလေးစားစား အားပေးတာမျိုး ၊ ခေတ်ပေါ်တွေ ဆို ပြကပြနေ တာလည်း ခေတ် အကြိုက်ခေတ် အလိုက်ဆိုတာ နားလည်စွာနဲ့ အားပေးရင် သိပ်ကောင်းမှာပါပဲ။ ပရိသတ် အပေါ် မလေးမစား ကပြနေရင်တော့ ကံကမနေပါဘူး။ ကျွန်တော့် အတွက် အဲဒီ့ညကတော့ တန်ဖိုးမဖြတ်နိုင် သော အကြည့် တစ်ချက်ကြောင့် ပျော်ရွှင်စွာ ကပြခဲ့သော ညတစ်ည ပါပဲ” လို့ ပြောပြပါတယ်။ သဘင်မင်းသား ဝင်းနောင်က အခု လက်ရှိအချိန် မှာတော့ ဇူလိုင် ၁ရက်၊ ၂ရက်နေ့တွေမှာ မန္တလေး အမျိုးသား ဇာတ်ရုံမှာပြုလုပ်မယ့် သဘင်ရုပ်ရှင် အနုပညာပွဲတော်ကြီး အတွက် ဇာတ်တိုက်နေပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here