အမှုန်အမွှားတွေကို မချစ်ဘူး မေမေ

0
285

Untitled-1မဂ္ဂါဝပ် ၁၂ဝဝ ကျော် ထွက်ရှိမယ့် ကျောက် မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ ကြီးကိုအရပ်ဘက် အဖွဲ့အစည်းတွေ က ကန့်ကွက်ကြတယ်ဆိုပဲ။ ကရင် ပြည်နယ်ဘက်မှာ တည်ဆောက် မှာတဲ့။ လျာထားပြီတဲ့။ Daily Eleven ဂျာနယ်ထဲမှာ ဖတ်လိုက်ရ တယ်။ ဒီလိုတွေ ကြားရ၊ ဖတ်ရရင် ကျွန်မတော့ အတော်လေးစိတ်လက် မချမ်းမသာ ဖြစ်မိတယ်။ ဘာကြောင့် လဲဆိုတော့ ကျောက်မီးသွေးဆိုတာ လူသားတွေအတွက်အန္တရာယ် ကောင်ကြီးဆိုတာသိနေလို့ပါရှင်။ ကျောက်မီး သွေးလေး တစ်ခဲနှစ်ခဲ လောက်လောင်တာကနေ ထွက်ရှိလာ တဲ့ကျောက်မီးသွေးငွေ့လေး နည်း နည်းတောင်မှပဲဘယ်လောက် မွှန်ထူနေပါသလဲရှင်။
မီးရမှ တိုးတက်မယ်လို့ ကရင် ပြည်နယ် ဝန်ကြီးချုပ်က ထင်မြင်ယူ ဆချက် ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ အရပ်ဘက် အဖွဲ့အစည်း ၁၄၇ ဖွဲ့ ကလည်း ကန့်ကွက်ပါသတဲ့။ ပြည်သူ တွေရဲ့ ဆန္ဒကို အရမ်းတော့ လျစ်လျူ ရှုမယ် မထင်မိပါဘူး။ ဒါပေမဲ့ မီးရမှ တိုးတက်မယ်လို့ ထင်လို့ ဆက်လုပ် မယ်လို့ လူကြီးက ပြောပါသတဲ့။ အားလုံးလည်း မီးရမှတိုးတက်မယ် ဆိုတာ သိကြမယ်ထင်ပါတယ်တဲ့။ ကျွန်မလည်း စဉ်းစားကြည့်မိတယ်။ ဒီကျောက်မီးသွေး မီးခိုးခေါင်းတိုင် တွေက ထွက်တဲ့ မီးခိုးမည်းညစ်ညစ် တွေ ကမ္ဘာကို လွှမ်းခြုံခဲ့တာ ကြာပါ ပြီ။ ကျောက်မီးသွေးကို မြေအောက် ဆင်းပြီး သက်စွန့်ဆံဖျား တူးဖော်ခဲ့ တဲ့ လုပ်သားတွေတောင် ခေတ်ပြိုင် လူတွေထက် စောစောသေကျေခဲ့ကြ တာ မနည်းတော့ပါဘူး။ ကျောက်မီး သွေးမှုန်တွေကို ရှူပြီး ပင်ပန်းတကြီး လုပ်ကိုင်ခဲ့ကြတဲ့ သူတွေရဲ့ အဆုတ် ထဲမှာ ကျောက်မီးသွေးမှုန်တွေနဲ့ ပြည့်နေမှာပါပဲ။ ဂျပ်ခဲကြီးတွေ ဖြစ် နေမှာပါပဲရှင်။ ရောဂါဝေဒနာဆိုးတွေ ခံစားကြရပြီးမှ သေကြမှာပါ။
နောက်တစ်ခု ကျောက်မီးသွေး မီးခိုးခေါင်းတိုင်တွေက ထုတ်လွှတ်တဲ့ မီးခိုးငွေ့တွေ အမှုန်အမွှားတွေဟာ ဘေးပတ်ဝန်းကျင် မြို့ပြအိမ်ရာလူထု အပေါ်ကို တစိမ့်စိမ့်တအိအိ ကျနေခဲ့မှာလည်း အသေအချာပါပဲ ရှင်။ ကာလကြာရှည်စွာပဲ ကမ္ဘာမြေ ပြင်အနှံ့မှာ ခေတ်မီတိုင်းပြည်တိုင်း ဟာ စွမ်းအင်လောင်စာအတွက် မီး ခိုးခေါင်းတိုင်ထဲက မီးခိုးမည်းကြီးတွေ ကို ထုတ်လွှတ်ခဲ့တာပါ။ အဲဒီအတွက် ရတဲ့ အကျိုးအမြတ်က စည်းစိမ်ချမ်း သာ တစ်ခုတည်းပေပဲလား။ ကျောက် မီးသွေးတွင်းတူး အလုပ်သမားတွေက အစ ကျောက်မီးသွေး စက်ရုံရှိတဲ့ ဒေ သတွင်း နေထိုင်သူများ အားလုံးရဲ့ ကျန်းမာရေးအခြေအေန။ မီးတွေ ထိန်ထိန်လင်းနေရုံနဲ့ အသက်တွေ ရှင်သန်ရေးနဲ့ ဘယ်ဟာ အရေးကြီး မလဲ စဉ်းစားမိတယ်။ ဒါကြောင့်လည်း ဆန္ဒပြသူတွေက မီးမလင်းချင်နေပါ စေ၊ ကျောက်မီးသွေးစက်ရုံတွေ မတည်ဆောက်ဖို့ ကန့်ကွက်ဆန္ဒပြနေ ကြတာ ဖြစ်မှာပါ။ ကျွန်မနိုင်ငံရေး ကို ဆွေးနွေးတာထက် နိုင်ငံ့အရေးကို စိတ်ပိုပြီး ဝင်စားမိတယ်။ ကျောက် မီးသွေးစက်ရုံ ဖွင့်ခြင်းခံကြရမယ့် ဒေသတွင်းက လူတွေကိုလည်း ကိုယ် ချင်းစာမိတယ်။ နဂိုကတည်းက မြန်မာ ပြည်မှာ တစ်နေ့တခြား ရောဂါမျိုးစုံ ဖြစ်နေတာပါ။ တိုးတိုးပြီးကို ရောဂါ တွေ စုံနေတာပါ စာဖတ်သူ။ ကင် ဆာရောဂါသည်တွေတောင် တစ်နေ့ တခြား ပိုများလာပြီလို့လည်း ကြားသိ ဖတ်ရပါတယ်ရှင်။ ဒီတော့ ဒီအမှုန် တွေ၊ ဒီကျောက်မီးသွေးမှုန်တွေ၊ မီး ခိုးမှိုင်းတွေကို ရှူရှိုက်ဒဏ်ခံရမယ့်သူ တွေကို သနားမိတယ်။ ကိုယ်တိုင် အပါအဝင်ပေါ့လေ။
တစ်ခုရှိတယ်။ ကျောက်မီးသွေး ကို သန့်စင်ပြီး စက်ရုံမှာ လည်ပတ် စေလို့တော့ ရပါတယ်တဲ့။ ဒါဆိုရင် တော့ အန္တရာယ် မရှိဘူးဆိုရင် ဘယ်သူကမှလည်း မကန့်ကွက်တော့ ဘူး ထင်ပါတယ်။ လူထုအားလုံးလည်း မီးတွေ ထိန်ထိန်လင်းပြီး စည်းစိမ်တွေ ခံစားလို့ ရတာပေါ့ရှင်။
ဒါပေမဲ့ အဲဒီ ကျောက်မီးသွေး ရိုင်းတွေကို လူတွေအတွက် အန္တ ရာယ်ကင်းအောင် သန့်စင်တဲ့နေရာ မှာ စကားပြောလာပါပြီ။ သန့်စင်ခ က အဆမတန် စရိတ်ကြီးတော့ ဘယ်လိုမှ ရေရှည်ကျောက်မီးသွေး စက်ရုံ လည်ပတ်နိုင်မှာ မဟုတ်ပါ ဘူး။ ဒီတော့လည်း ကုန်ကြမ်းကို ကုန်ကြမ်းအတိုင်း လည်ပတ်ဖို့ပဲ ရှိပါ တော့တယ်ရှင်။
အစက ကွမ်းခြံကုန်းဘက်မှာ ကျောက်မီးသွေးစက်ရုံ ဆောက်မယ် ဆိုပြီး ကြားလိုက်သေးတယ်။ ဟုတ် မဟုတ် ဆောက် မဆောက် မသိပေ မယ့် ရင်တုန်မိပါတယ်။ ကွမ်းခြံကုန်း ဆိုတာ ရန်ကုန်မြို့ကြီးနဲ့ မဝေးလှဘူး လေ။ အဲဒီစက်ရုံတွေသာ လည်ပတ် ရင်တော့ ရန်ကုန်တစ်မြို့လုံး ဟက် ပီးဘတ်ဒေး ခဏခဏ ဆိုစရာမလို လောက်တော့ဘူး ထင်တာပဲ စာဖတ် သူ။ ခုထိတော့ ထပ်မကြားသေးပါ ဘူးလေ။

X    X    X    X

တစ်ခါလည်း ကြားမိဖတ်မိပါ သေးတယ်။ ထိုင်းဘက်က မသုံး တော့တဲ့ ကျောက်မီးသွေးစက်ရုံ ပစ္စည်းတွေနဲ့ နယ်စပ်မှာ ကိုယ့်ပြည် တွင်းမှာ ကျောက်မီးသွေးစက်ရုံတွေ ဆောက်တော့မယ် ဆိုလားပဲရှင်။ ကြားရသိရတိုင်းလည်း စိတ်မသက် မသာ ရှိလှပါတယ်။ ကျွန်မတို့ သက် ကြီးရွယ်အိုတွေထက် တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေကို ရောဂါ မထူစေချင်ဘူးရှင်။ စိမ်းလန်းစိုပြည် တဲ့ သစ်တောတွေ၊ ယာခင်းတွေကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြည် လေညင်းကိုပဲ ရှူရှိုက်စေချင်ပါတယ်။ မှောင်မည်းနေတဲ့ ကောင်းကင်ပေါ် က ကျလာမယ့် အဆိပ်သင့် လေမှုန် လေမွှားတွေကို ပေးမရှူစေချင်ပါဘူး စာဖတ်သူ။
ကျွန်မတို့ တိုင်းပြည်မှာ Gas ကလည်း တော်တော်ကို ထွက်ပါ တယ်။ ဒါပေမဲ့ အစဉ်အဆက် ဖြစ် ပေါ် ဖန်တီးခဲ့တဲ့ ပြဿနာတွေကြောင့် Gas ကို ပြည်တွင်းလုံလောက်အောင် သုံးနိုင်စွမ်း မရှိသေးပါဘူး။ ဒါပေမဲ့ အခု ပျိုးထောင်စ ပြုနေတဲ့ လူငယ် တွေ ကြီးလာမယ့်၊ အရွယ်ရောက်လာ မယ့် နောင်ဆယ်နှစ်၊ နှစ်နှစ်ဆယ် လောက်ဆိုရင် ကျွန်မတို့ တိုင်းပြည် လည်း စွမ်းအင်မလုံလောက်တဲ့ ပြ ဿနာမရှိနိုင်တော့ဘူးလို့ ယူဆမိပါ တယ်။
ကျွန်မ ဘာသာပြန်စာအုပ် ဖတ် ဖူးပါတယ်။ (မောင်ထွန်းသူ ရေးတဲ့ ‘ရဲတိုက်’ ဆိုတဲ့ ဘာသာပြန်စာအုပ် ပါ။ မှားရင်ပြင်ပေးပါရှင်။) အစ အဆုံး စိတ်ဝင်တစား ဖတ်ရပါတယ်။ ကျောက်မီးသွေးတူး လုပ်သားတွေရဲ့ ဘဝကို ပုံဖော်ထားတာပါ။ ကျောက် မီးသွေးမှုန်တွေ နေ့စဉ်ရှူရှိုက်နေရတဲ့ တွင်းတူးလုပ်သားတွေရဲ့ လူမှုရေး၊ ကျန်းမာရေး ခံစားမှုတွေ ဖတ်ပြီး ဖတ်သူ ကျွန်မကိုယ်တိုင် အသက်ရှူ မဝခဲ့ပါဘူး။ အဲဒီအချိန်ကတည်းက တို့ပြည်မှာ စက်ရုံတွေ မရှိလို့တော် သေးရဲ့လို့ တွေးခဲ့မိပါသေးတယ်။ အခုတော့ အသံတွေ ကြားလာရပါပြီ။
တိုင်းပြည်ကို တည်ဆောက်သူ တွေကလည်း ကိုယ့်တိုင်းပြည်အတွက် ကောင်းနိုးရာရာ ရွေးချယ်ဖန်တီးကြ တာ လက်ခံပါတယ်။ အကောင်းဆုံး လည်း ဖြစ်စေချင်ကြမှာပါ။ အခုကိစ္စ မှာလည်း စွမ်းအင်မလုံလောက်လို့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေး စက်ရုံတွေ ဖွင့်ဖို့ ကြိုးစား ကြည့်တာလို့ မြင်မိပါတယ်။
ဒါပေမဲ့… အခုအချိန်မှာ တစ်ကမ္ဘာလုံး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို ဖျက်သိမ်းနေကြပါပြီ။ ဘယ်နိုင်ငံကမှ ကျောက်မီးသွေးစက်ရုံ ထပ်ထုတ်ဖို့ မကြိုးစားကြတော့ပါဘူး။ နိုင်ငံတိုင်း မှာရှိတဲ့ နိုင်ငံသားတိုင်းကလည်း ကန့်ကွက်နေကြတာပါပဲ။ ဒီအခါမှာ ဆင်းရဲနေသေးတဲ့ ကျွန်မတို့နိုင်ငံမှာ ကျောက်မီးသွေးစက်ရုံတွေ ဖွင့်ဖို့ လမ်းစတွေကို အိမ်နီးချင်းတချို့က မြင်လာကြတာပါပဲ။ Gas ကို ပေါ ပေါများများ သုံးနိုင်လာတော့ သူ တို့အတွက် မလိုအပ်တော့တဲ့၊ အမြဲ ကန့်ကွက်ခံနေရတဲ့ ဒီကျောက်မီးသွေး စက်ရုံတွေကို ကျွန်မတို့ နိုင်ငံထဲ ထိုး ထည့်ချင်တာပေါ့ရှင်။ မထိုးထည့် တောင် တို့နိုင်ငံထဲ လေထုညစ်ညမ်း မှု သက်သာသဟဲ့ ဆိုတဲ့ အမြင်နဲ့ လာထားချင်ကြပုံ ရပါတယ်။ တကယ်တော့ လေထုဆိုတာ ကမ္ဘာ့ တောင်ဘက်ခြမ်းက လူတစ်ယောက် အသက်ရှူထုတ်လိုက်တဲ့ အက်တမ် လေးကို ဟိုဘက် ကမ္ဘာ့မြောက်ဘက် ခြမ်းက လူက ရှူရှိုက်မိနိုင်တယ်ဆိုတဲ့ အချက်ကလေးပါပဲ။ ကျွန်မစာတွေထဲ မှာ ဖတ်ဖူးခဲ့ပါတယ်။
ကမ္ဘာကြီးမှာ တစ်ကိုယ်ကောင်း ဆန်ချင်လို့ မရပါဘူး။ သူ့နိုင်ငံ၊ ငါ့ နိုင်ငံလို့သာ ကွဲပြားနေခဲ့တာပါလေ။ ရှူရတဲ့ လေက ဒီကမ္ဘာပေါ်မှာ ရှိတဲ့ လေတစ်မျိုးတည်းပါပဲ စာဖတ်သူ။ နဂိုကတည်းက ကျွန်မတို့ နိုင်ငံမှာ သစ်ပင် သစ်တောတွေ ဝိသမသမား တွေကြောင့် ဆိုးဆိုးရွားရွား ပျက်စီးခဲ့ ရတဲ့ အတွက် ဥတုရာသီတောကို မမှီ နိုင်သလောက်ပါပဲ။ ဒီအချိန်မှာ ကျောက်မီးသွေး စက်ရုံတွေကို လျှပ် စစ်မီးအတွက် တစ်ခုတည်းနဲ့ တည် ဆောက်ကြရင်တော့ ကမ္ဘာ့ဖန်လုံအိမ် ကြီးထဲက ဖန်လုံအိမ်အသေးတစ်ခု ထပ်ဖန်တီးနိုင်ပြီ ထင်တာပါပဲ စာ ဖတ်သူ။
တစ်ခါတစ်ခါ ကျွန်မလေ ကယောင်ချောက်ချား အတွေးမျိုး တွေးမိပါသေးတယ်။ ဘာကိုလဲ ဆို တော့ ဒီလိုပါစာဖတ်သူ။ ”သြော်..ငါတို့ကမ္ဘာမြေကြီးမှာ ကျောက်မီး သွေးဆိုတဲ့ ပစ္စည်းအစားစိန်တွေချည်း ပဲ ဖြစ်လိုက်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိပါတယ်။ ဒါဆိုရင် ကျွန်မတို့ နိုင်ငံလည်း ချမ်းသာမယ်။ ဒီကျောက် မီးသွေး ပြဿနာလည်း မတက်တော့ ဘူးပေါ့နော် စာဖတ်သူ။
အခုတော့ တာဝန်ရှိသူများက လည်း ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံစီမံကိန်းကို အကောင်အထည်ဖော်မှာပဲလို့ မိန့် ကြားတယ်။ အရပ်ဘက် လူ့အဖွဲ့ အစည်းတွေကလည်း ကန့်ကွက် ကြောင်း သဘောထားတွေ ထုတ်ပြန် ကြပါပြီ။ ဘာတွေ ဆက်ဖြစ်မလဲ မတွေးတတ်နိုင်တော့ပါ။
ကျွန်မ စိတ်ကူးယဉ်ကြည့်မိပါ တယ်။ မိမိနေတဲ့ အင်ပါယာတစ်ခုမှာ ကျောက်မီးသွေးစက်ရုံကြောင့် မီး တွေ ထိန်ထိန်ညီးပြီဆိုပါစို့။ စီးပွား ရေးတွေလည်း စက်ရုံတွေအဆက် မပြတ် လည်ပတ်ရလွန်းလို့ တိုးတက် လာပြီဆိုကြပါစို့။ တစ်ခုပါပဲရှင်၊ တစ် ခုပါပဲ။ ကိုယ့်နယ်မြေထဲက လူတွေ မိန်းမ၊ ယောက်ျား၊ လူကြီး၊ ကလေး တွေရဲ့ ဆိုးရွားလာမယ့် ကျန်းမာရေး အခြေအနေ။ မျိုးဆက်သစ်လေးတွေ ရဲ့ အနာဂတ်ခြေလှမ်းတွေ။ အများ ကြီး ကျော်ကြည့်မှ ဖြစ်တော့မှာ။ အနက်ရောင် မီးခိုးတွေ၊ ကျောက်မီး သွေးအမှုန်အမွှားတွေ ရောပြွမ်းနေ တဲ့ လေထုတွေ၊ ဖြစ်လာနိုင်တဲ့ အက် စစ်မိုးတွေ၊ ရင်ထဲမှာ နောက်ကျိကျိ အတွေးတွေ။

X    X    X    X

ဒါဆိုရင် နင်တို့ အမှောင်ထဲ မှာနေကြ၊ ငါတို့ လျှပ်စစ်ဓာတ်အား အတွက် မစွမ်းဆောင်နိုင်သေးဘူးလို့ အမိအဖတို့က သားသမီးတို့ကို ဆူ ပြောပြောမယ်ဆိုပါစို့။ ဟုတ်ကဲ့ ကျွန် မတို့ သားသမီးတွေကလညာ်း မိဘ တွေ စိတ်မညစ်ရအောင်၊ ကိုယ်မလို ချင်တာတွေလည်း မရအောင် တစ် ခါတည်းပဲ ဖြေပါမယ်။ အိမ်တစ်အိမ် ရဲ့ ဥပမာပေါ့ရှင်။
”ဟုတ်ကဲ့ပါ အမေနဲ့အဖေ။ ကျွန်မတို့ သားသမီးတွေ မှောင်ထဲမှာ ပဲ ရောင့်ရဲနေထိုင်ပါ့မယ်။ သဘာဝ ကပေးတဲ့ လမင်းကြီးရဲ့ အလင်း ရောင်နဲ့ ကြယ်လေးတွေကို ငေးမော ပြီး စောစောအိပ်ပါမယ်။ ဟိုတုန်းက လိုပဲ သားသမီးတွေ ကျင့်သားရနေပါ ပြီ အမေနဲ့ အဖေ။ သားတို့ သမီးတို့ အေးမြတဲ့ လေပြည်လေညင်းကို ခံယူ ရင်း သန့်ရှင်းတဲ့လေကိုပဲ ရှူပါရစေ” လို့ ပြောပါမယ်။

X    X    X    X

ဘယ်အရာမဆို အမြင့်ဆုံးကို ရောက်ပြီးရင် ပြန်ကျတာပါပဲ စာ ဖတ်သူ။ ကျွန်မတို့ နိုင်ငံလည်း အခု အချိန်မှာ အမြင့်ကို တက်စပြုနေပေ မယ့် ဖွံ့ဖြိုးပြီးနိုင်ငံတွေကတော့ ဘယ်အထိ ဆက်တက်နိုင်မှာတဲ့လဲ။ တိုးတက်ခြင်းနဲ့ ဆုတ်ယုတ်ခြင်းက ဒွန်တွဲနေတာ ဆိုတော့ကာ…။
တစ်နေ့ ကျွန်မတို့လည်း အမြင့် ဆုံးကို ရောက်မှာပါ။ အတွေးအခေါ် တွေ ဖလှယ်ရင်း၊ ငြင်းခုံကြရင်း၊ ရွေးချယ်ကြရင်းကပဲ အကောင်းဆုံး ကို မျှော်မှန်းရမှာပါ။ ရကြမှာပါ။ ဒီ တော့မှပဲ ကျွန်မတို့ နိုင်ငံကြီးလည်း ထိန်ထိန်ရယ်လင်း…လေပြည် ညင်းနဲ့အတူ။

စိုးကြည်ဖြူ


LEAVE A REPLY

Please enter your comment!
Please enter your name here