Miss Myanmar International 2017 ပြိုင်ပွဲကိုသြဂုတ်လ ၁ ရက်နေ့တွင်ကျင်းပမည်

0
229

Stellar Seven Entertainment မှ ကြီးမှူးကျင်းပ ပြီး Myanmar Tourism Federation ရဲ့ ပံ့ပိုးကူညီမှုဖြင့် ကျင်းပမယ့် Miss Myanmar International ၂ဝ၁၇ ဆန်ခါတင် အလှမယ်များအား စာနယ်ဇင်း မီဒီယာများထံ မိတ်ဆက် အပ်နှံခြင်း အခမ်းအနားကို ဇွန်လ ၂၆ ရက် မနက် ၁ဝနာရီက Novotel Hotel မှာ ပြုလုပ်ခဲ့ပါ တယ်။ ဒီအခမ်းအနားမှာ Stellar Seven Entertainment မှ Operation Director ဒေါ်လင်းဝတ်မှုံ၊ Creative Director မလိခစိုးထိုက် အောင်၊ Myanmar Tourism Fedration မှ ဒေါ်တင်မာမြင့်၊ အမျိုးသမီး အားကစားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါ်ရီရီဝင်းတို့နဲ့ Miss Myanmar International ၂ဝ၁၆ ဆုရှင်အလှမယ်အင်ကြင်းထူး တို့ကမီဒီယာ များကိုပွဲနဲ့ပတ်သက် တဲ့ အကြောင်းအရာများ ရှင်းလင်း ပြောကြားပေးခဲ့ပြီး ပြိုင်ပွဲဝင်ဆန်ခါတင် အလှမယ်၂၈ဦးတို့ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဆန်ခါတင် အလှမယ်များကို ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ထိ Golden City Luxury Condo မှာ စခန်းသွင်း လေ့ကျင့်မှု များပြုလုပ်မှာဖြစ်ပြီး အလှမယ်များကို ပထမအကြိမ်တွင် ၂၈ဦးမှ ၂၅ဦးကို လည်းကောင်း၊ ၂၅ဦးမှ ၂ဝဦးကို လည်းကောင်း SMS Voting အရေ အတွက်နဲ့ အကဲဖြတ်ဒိုင်လူကြီးတို့ရဲ့ စခန်း သွင်းလေ့ကျင့်ချိန်အတွင်း ပေးသော အမှတ်တို့ဖြင့် ဆန်ခါတင် အလှမယ် ၂ဝဦးကို ထပ်မံရွေးချယ် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ဆန်ခါ တင် အလှမယ် ၂ဝဦးတို့က Novotel Hotel တွင် သြဂုတ်လ ၁ ရက်နေ့မှာ ကျင်းပမယ့် Grand Final ပြိုင်ပွဲ ကြီးကို ဝင်ရောက်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး Stellar Seven Entertainment မှ Operation Director ဒေါ်လင်းဝတ်မှုံက . . .
”ရုပ်ရည်တစ်ခုတည်း ချောမောတာမဟုတ်ဘူး။ ထက်မြက်တဲ့ မိန်းကလေး၊ ပြီးတော့ မြန်မာနိုင်ငံ ကို ဂုဏ်ဆောင်နိုင်မယ့် မိန်းကလေး ကို ရွေးမယ့်အတွက် Miss International Pageant က လိုအပ်တဲ့ အရည်အချင်းတွေ၊ Ambassador ကောင်းတစ် ယောက်ဖြစ်ရမယ်။ ပြီးတော့ English ကို ကောင်းကောင်းမွန်မွန် ပြောနိုင်ရ မယ်။ Culture ကို နား လည်ရမယ်။ ဒီအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့သူ ဖြစ်ရပါ့မယ်”လို့ ပြောပြ ခဲ့ပါတယ်။ ပြိုင်ပွဲတွင် ရွေးချယ်ခံရတဲ့ Miss Myanmar International ၂ဝ၁၇ ဆုရှင်က မြန်မာ့ကျောက်မျက် ရတနာတွေနဲ့ ပြုလုပ်ထားတဲ့ Crown ကို ဝတ်ဆင်ခွင့်ရမှာဖြစ်သလို၊ ဆုငွေ ကျပ်သိန်း ၁ဝဝ၊ Stellar Seven နဲ့အတူ အနုပညာလုပ်ငန်းများ၊ လူမှု အကျိုးပြုလုပ်ငန်းများ လက်တွဲ လုပ်ကိုင်ခွင့်ရမှာဖြစ်ပြီး Sponsor အသီးသီးမှ ချီးမြှင့်တဲ့ဆုများကို လည်းရရှိမှာဖြစ်ကြောင်းသိရပါ တယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here