အလှမယ် ဂုဏ်ရည် အေးကျော် သရုပ်ဆောင်ဘက်ကို သွားဖြစ်မလား

0
139

Gone-Yi-Aye-KyawMiss Myanmar   International 2013 ဆုရှင် အလှမယ် ဂုဏ်ရည်အေးကျော်က လက်ရှိမှာ Miss တစ်ယောက်အနေနဲ့ ပရဟိတတွေ လုပ်ဆောင်နေပြီး အစီအစဉ် တင်ဆက်သူတစ်ဦး အဖြစ် လည်း ရပ်တည်နေပါတယ်။ ပရိသတ် အသိအမှတ်ပြု ထားတဲ့ အလှ မယ် တစ်ယောက်ဖြစ်တဲ့ အတွက် ပရိသတ်အတွက် အနုပညာ ချပြ နိုင်ဖို့ သရုပ်ဆောင် ဘက်ကို သွားဖြစ်မလားလို့ မေးမြန်းခဲ့ရာ…

“TV Show တစ်ခုရိုက်ကူးဖို့ရှိတယ်။ အဲဒီ TV Show ကလည်း ကုန်ပစ္စည်းတွေ ကြော်ငြာတဲ့ ပုံစံ မျိုးနဲ့ သရုပ်ဆောင် ပြမှာပါ။ အဲဒါလည်း သရုပ် ဆောင်နေတာပါပဲ။ တစ်ခါတလေ အနုပညာရှင် တွေနဲ့ ပြဇာတ်တွေ ဝင်ကတယ်။ သရုပ်ဆောင် တစ်ယောက် အဖြစ် လုပ်နေ တယ် လည်း ပြောလို့ရ တာပေါ့။ TV Series ရိုက်ကူးဖို့ ကမ်းလှမ်းတာ တော့ရှိတယ်။ ဂုဏ်ရည်က အချိန်မပေးနိုင်တဲ့ အခါ ကျတော့ No ပဲ ပြောလိုက်ရတာပေါ့။ တခြား ရုပ်ရှင်တို့ ဗီဒီယိုတို့ ရိုက်ကူးဖို့ ကမ်းလှမ်းလာရင် တော့ စဉ်းစားဖြစ်မှာပါ”လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် တစ် ယောက် ဖြစ်တဲ့သူမဟာ  Miss ပြိုင်ပွဲ ဝင်ပြိုင် မယ့် ညီမငယ်လေးများ အတွက် ကြိုတင်ပြင် ဆင် လေ့လာထားရမှာနဲ့ ပတ်သက်ပြီးလည်း …

“Miss တစ်ယောက်ဖြစ်ဖို့က သာမန် စင်ပေါ်တက်ပြီး လမ်းလျှောက်တတ်ရုံနဲ့ မရဘူး။ Body နဲ့ Beauty ရှိရုံနဲ့ မရတော့ဘူး။ Brain ပါပါလာတယ်။ ပြောဆို ဆင်ခြင်နိုင်စွမ်း၊ စကားလုံး ကြွယ်ဝစွာနဲ့ ဖြန်ဖြေနိုင်စွမ်းတွေ လိုပါတယ်။ မေးလိုက်တဲ့ အကြောင်းအရာ တစ်ခုကို Presentation လုပ်ဖို့ပိုပြီး လိုအပ်တယ်။ မေးလိုက်တဲ့ အကြောင်းအရာ ပတ်သက်တဲ့ Background Knowledge တွေ ရှိနေရမယ်။

အဲဒါကြောင့် Miss ပြိုင်ပွဲဝင်ပြိုင်တော့ မယ်ဆိုရင် ပြင်ဆင်ထားမှာတွေ၊ လေ့လာထားရမှာ တွေ အများကြီးပါပဲ” လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here