ယွန်းဝတီလွင်မိုး ရဲ့ အနာဂတ် ရည်မှန်းချက်

0
382

Yoon-Wadi-Lwin-Moe-(2)ယွန်းဝတီလွင်မိုး က သြစတေးလျနိုင်ငံမှာ  Business နဲ့ပတ်သက် တဲ့ ဘာသာရပ်ကို ပညာ သင်ယူနေပြီး ဇူလိုင်လမှာတော့ ကျောင်း၂ ပတ် ပိတ်တဲ့ အတွက် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ လာပါတယ်။ ကျောင်း တက်တဲ့အချိန်မှာ အတွေ့အကြုံတွေ အများကြီး ရကြောင်း ကို ယွန်းဝတီ လွင်မိုးက …

“ကျောင်းက ၄ နှစ် တက်ရပါမယ်။ အခုလောလောဆယ် Business  နဲ့ ပတ်သက်တာ ၁နှစ် အရင် တက်ရပါတယ်။ အတန်း မရှိပါဘူး။ University  မတက်ခင် ၁နှစ်အရင် တက်ရတယ်။ ပြီးရင် University  ကို ၃နှစ်တက်ရမယ်။ အခု သမီးတက် တာ ၆လလောက်ပဲ ရှိသေးတယ်။ ဒီမှာနဲ့ အရမ်းကွာခြားပါတယ်။ ဟိုမှာကကျတော့ နိုင်ငံပေါင်းစုံက လူနဲ့တွေ့ဆုံရတယ်။ သူတို့ရဲ့ culture ကိုလေ့လာ ရတယ်။ ဗဟုသု တလည်း အရမ်းရပါတယ်။ ဟိုမှာကျတော့ ကိုယ့်ဘာသာကိုယ် အစစအရာရာ ကိုယ့်မှာ တာဝန်ရှိတယ်။ ဒီမှာဆို အကုန် လုံး ကိုယ့်ဘာသာ လုပ်စရာ မလိုဘူး။ ဟိုမှာကျတော့ အရမ်း တာဝန်ကြီးပါတယ်။ အတွေ့အကြုံတွေ လည်း အများကြီး ရပါတယ်” လို့ ပြောပါတယ်။

အခုအချိန် မှာတော့ စာကိုပဲ အာရုံစိုက်ထားပြီး မိဘဖြစ် စေချင်တဲ့ ပညာတတ်ကြီး တစ်ယောက် ဖြစ်အောင် ကြိုးစား သွားမှာဖြစ်ကြောင်း ယွန်းဝတီ လွင်မိုးက ပြောပါတယ်။

“အခုစာကိုပဲ အာရုံစိုက်ထားတယ်။ သမီး ဒီအရွယ်မှာပဲ ဒီ ပညာကို သင်ကြားရမှာ အရေးကြီးပါတယ်။ အခု လောလော ဆယ်သမီးရဲ့ ပထမ ဦးဆုံး ရည်မှန်းချက် ကတော့ ပညာတော်ဖို့ပါပဲ။ အဲဒါကြောင့် မေမေတို့၊ ဖေဖေတို့ စကားကိုလိုက် နာတယ်။ နားထောင် တယ်။ ပညာ ရ အောင်ယူမယ်” လို့ ပြောပါတယ်။

ကျောင်းပြီးရင်တော့ အနုပညာ အလုပ်ကို လုပ်ဖြစ်မလား ဆို တာတော့ လောလောဆယ် မသေချာသေးကြောင်း၊ ဖခင်ဖြစ်သူ လွင်မိုး နဲ့အတူ စီးပွားရေးတော့ လုပ်သွားမှာဖြစ် ကြောင်း ယွန်းဝတီလွင်မိုးက ပြောပါတယ်။

“အနုပညာအလုပ် ကိုတော့ အခုခဏတာ ၂ ပတ်ပြန်လာတာ တောင် အချိန် မရှိဘူး။ မိသားစုနဲ့ပဲ အချိန်ကုန်ဖြစ်နေတာ။ အနုပညာကို ဒီလိုမျိုး အချိန်မှာတောင် လုပ်ခွင့် မရှိဘူး။ ကျောင်းပိတ်တော့ ပြန်လာလည်း လုပ်ဖို့ အချိန်က မပေးနိုင်သေး ဘူး။ နောက် ၄နှစ်လောက် မှ သေချာ လုပ်ရင်လည်း လုပ်မယ်။ မလုပ်ရင်လည်း စီးပွားရေး လုပ်မယ်။ စီးပွားရေးက ဖေဖေ လုပ်နေတဲ့ လုပ်ငန်း အောက်မှာ အရင်စလုပ်မယ်။ နောက်ကျရင် သမီးဦးဆောင်စရာရှိ တဲ့ လုပ်ငန်း ဦးဆောင်သွား မယ်”လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here