ဝိတ်ချဖို့ ၂ နှစ်ကျော် ကြိုးစားခဲ့ရတဲ့ ထက်ထက်မိုးဦး

0
230

Htet-Htet-Moe-Oo-(3)အကယ်ဒမီ ထက်ထက်မိုးဦးက အမျိုးသမီးရေးရာ ပွဲမှာ ရှိုးလျှောက် ရင်း အလုပ်ပင်ပန်းပြီး တုပ်ကွေးမိတဲ့ အတွက် ဝိတိုရိယ ဆေးရုံမှာ ၄ရက် ကြာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ဆေးရုံက ဆင်းပြီးနောက်နေ့ မှာပဲ ဖက်ရှင်ဆိုင် ဖွင့်ပွဲတစ်ခုကို တက်ရောက် ခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပူနေကြတဲ့ သူ့ရဲ့ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီး ထက်ထက် မိုးဦးက “အမျိုးသား ဇာတ်ရုံမှာ အမျိုး သမီးရေးရာ ကရင်းနဲ့ တုပ်ကွေးဖြစ်တာ။ အဖျား၁ဝ၄ ကမကျဘူး။ အဖျား ၁ဝ၄ကျော် လာတော့ လူကခေါင်းတွေ ကိုက်ပြီး မျက်လုံးတောင် မဖွင့် နိုင်ဘူး။ မနက်အစောကြီး ရေချိုးခေါင်း လျှော်လိုက်တာ။ ခါတိုင်းဆို ရေနွေးနဲ့ချိုးတယ်။ အဲဒီနေ့က ရေနွေး နဲ့ ခေါင်းလျှော် ချလိုက်တာ။ အပူတွေများပျောက်မလား ပေါ့။ စိတ်ထဲလည်း ခေါင်းထဲမှာ နည်းနည်း ရှုပ်နေ တယ်။ ရေအေးနဲ့ ချိုးလိုက်တာ ကြာသွား တာလည်း ပါတာပေါ့။ အအေးမိတာက တစ်မျိုး၊ မိုးမိတာ ကတစ်မျိုး၊ အလုပ် ပင်ပန်းသွားတာလည်း ပါတာ ပေါ့။ အဲဒါတွေစုပြီး တုပ်ကွေးဖြစ်သွားတာ၊ အခုတော့ ကောင်းသွားပါပြီ” လို့ပြောပါတယ်။

ထက်ထက်မိုးဦးက အရင်တုန်းကလို မျိုး သွယ်လျလှပတဲ့ ခန္ဓာကိုယ်ကို ပြန်လည် ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ ဒီလို ခန္ဓာ ကိုယ်မျိုး ဖြစ်အောင် လေ့ကျင့်ခန်းတွေ လည်း လုပ်သလို အစားလျှော့ပြီး ဝိတ်ချခဲ့တယ် လို့ ဆိုပါတယ်။

“ဝိတ်ချတာလည်း မလွယ်ဘူး ၂နှစ် လောက် ချရတယ်လေ။ ၂နှစ် တောင်မကဘူး ကြာတယ်။ တစ်လကို အရင်တုန်းက တစ် ပေါင်နှစ်ပေါင် ကျဖို့တောင် မလွယ်ဘူးလေ။ ၂နှစ် ကျော်ကိုမှ ဝိတ်တွေ နည်းနည်းချင်း ဆီကို ချရတာပေါ့။ စစချင်း ဝိတ်ချ တုန်းက တစ်လခွဲလောက်မှ ၄၊ ၅ ပေါင်လောက်ပဲ ကျတာ။ ၄၊ ၅ ပေါင်လောက်ကျတာကို ဆက်တိုက် ပဲ ရေများများသောက်၊ လေ့ကျင့်ခန်း လုပ်၊ အစားလျှော့၊ ညစာကို ဖြတ် ထားတယ်။ ညဆို ဗိုက်တအား ဆာ ပေမယ့် အောင့်ထားရတယ်။ ငါညစာ စားလို့မဖြစ်ဘူး။ မဖြစ်ဘူး ဆိုပြီး ကိုယ့် ကိုယ်ကိုယ် သတိပေးနေ ရတယ်။ စား ရင်လည်း ဖက်ထုပ်ပြုတ်တို့ ခေါက် ဆွဲပြုတ် နည်းနည်းလေးပေါ့။ အရည် လေးကို ကြက်ဥလေးနဲ့ အားလေးရှိ သွားရင် ပြီးရောဆိုပြီး အဲဒီလိုလေး ရွေးပြီး အဆင်ပြေအောင် စားရ တယ်။ အရင်တုန်းကဆို ထမင်းကို အဝစားတာ စိတ်ကြိုက်စားတာပဲ” လို့ပြောပါတယ်။

ထက်ထက်မိုးဦးက အနု ပညာ အလုပ်တွေ ဆက်လုပ်သွား ဖို့ရှိပြီး သမီးဖြစ်သူ စစ်လွန်း ဝတီထက် နဲ့အတူ ကြော်ငြာတွေ ရိုက်ကူး ထားသလို တီဗီဇာတ် လမ်းတွဲ တစ်ခုကိုလည်း ရိုက် ကူးသွားဖို့ ရှိတယ်လို့ သိရပါ တယ်။ အခုအချိန်ထိ ပရိသတ်တွေ ရဲ့ ချစ်ခင် အားပေးမှုတွေကို ရရှိနေဆဲ ဖြစ်တဲ့ ထက်ထက်မိုးဦးက ပရိသတ်တွေကို လည်း ငယ်စဉ်ကတည်းက အခုအချိန် အထိတိုင် အမြဲ တမ်း မေတ္တာ ပို့သပေးနေတာကြောင့် မေတ္တာ ရောင်ပြန်ဟပ်တဲ့ အနေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ပြန်လည် ရရှိ တာဖြစ်ကြောင်း ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here