ဘယ်လို အတိုက်အခိုက်တွေ ရှိနေပါစေ အနုပညာကိုပဲ တစိုက်မတ်မတ် လုပ်သွားမယ် ဝိုင်းစုခိုင်သိန်း

0
374

Wine-Su-Khing-Theinဝိုင်းစုခိုင်သိန်းက  သူမရဲ့ခြောက်ခွေမြောက် စီးရီးသစ်ကို “မယ်သီတာ” လို့ အမည်ပေးပြီး ဇူလိုင်လ ၁၆ ရက်နေ့မှာ ဖြန့်ချိ တော့ မှာ ဖြစ်ပါတယ်။ ဒီစီးရီးကတော့ Mini Album  ဖြစ်ပြီး သီချင်း ၆ ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။ ဒီစီးရီး မှာတော့ ရွှေဂျော်ဂျော် ၊ အောင်လ၊ ဝေကြီး၊ ဝေယမင်းသူ တို့ ရေးတဲ့ သီချင်းတွေ ပါဝင်မှာဖြစ်ပြီး အောင်လကလည်း သီချင်း၂ ပုဒ် ရေးပေးထားတဲ့ အပြင် အသံသွင်းယူမှု ကိစ္စတွေမှာလည်း ပါဝင်ပံ့ပိုး ပေးထားတယ်လို့ သိရပါတယ်။ ဝိုင်းစုက ၁၂ လပိုင်းမှာလည်း  One Lady Show ပြုလုပ်ဖို့ ရှိတာကြောင့် သီချင်းသစ်တွေလည်း ထပ်မံဆိုချင်တဲ့ဆန္ဒနဲ့ ဒီ Mini Album ကို ထွက် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဝိုင်းစုခိုင်သိန်း အနေနဲ့ ဒီ စီးရီးခွေ စီစဉ်နေစဉ်မှာပဲ သူမရဲ့ လူမှုရေး ကိစ္စများ အပေါ် ပရိသတ်တွေရဲ့ဝေဖန် မှုတွေ၊ ကောလာ ဟလ တွေလည်း ထွက်ခဲ့တာ ကြောင့် ဒီအခွေစီစဉ်တဲ့အခါ အရင် စီးရီးတွေနဲ့ ကွာခြားမှု ရှိခဲ့လား ဆိုတော့

“ဝိုင်းစုဘယ်တော့မှ ကိုယ်ရေး ကိုယ်တာနဲ့ ပတ်သက်ပြီး အနုပညာ ကို အနှောင့်အယှက် မဖြစ်ခဲ့ဘူး။ အခု အသက်အရွယ်မှ မဟုတ်ဘူး။ ဟိုးအရင် ကတည်းကလည်း ဝိုင်းစုဘဝမှာ ခက်ခဲကြမ်းတမ်းမှုတွေ ကြုံတွေ့ခဲ့တယ်။ ဝိုင်းစုဘဝမှာ ခဏခဏ အခက်အခဲတွေ ကြုံခဲ့ဖူးတယ်။ အဲဒီအတွက် လည်း ဝိုင်းစုက ဘယ်တော့မှ ပြိုလဲ သွားတဲ့သူလည်း မဟုတ်ပါဘူး။ အဲဒီအရာ ကိုလည်း ခေါင်းထဲမှာ မရှိဘူး။ ဝိုင်းစုလုပ်တဲ့  အနုပညာအလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်မှာပါ။ ဝိုင်းစုကို ဘယ်လိုပဲ အတိုက်အခိုက်တွေ ရှိနေပါစေ၊ လုပ်နေပါစေ။ ဘယ်လိုပဲ ခြိမ်းခြောက်မှုတွေ ရှိနေပါစေ၊ ဝိုင်းစု လုပ်သင့်တဲ့ အလုပ်ကို လုပ်နေမှာပါပဲ” လို့  ဝိုင်းစုခိုင်သိန်းကပြောပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here